ချစ်စရာကောင်းလွန်းတဲ့ ချစ်သမီးလေး ယုယလွန်းအကြောင်း ပြောပြလာခဲ့တဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေဟာဆိုရင် လူတိုင်းက လေးစားအားကျ ချစ်ခင်နေရတဲ့ သူလေး တစ်ယောက်ပဲဖြစ်ပါတယ်။ မွန်မြတ်လှတဲ့ စိတ်ရင်းစေတနာကို အရင်းခံပြီး ဘဝကြီးကို ကျေကျေနပ်နပ် ဖြတ်သန်းနေထိုင်ခဲ့တဲ့ သူမဟာဆိုရင် အလှူအတန်းတွေမှာလည်း လက်မနှေးလှတဲ့ သူတော်ကောင်းမလေး တစ်ယောက်ပဲဖြစ်ပါတယ်။ ထိုသို့ သဘောဖြူ မနောဖြူတဲ့ သူမကို ပရိသတ်တွေက လေးစားအားကျ ချစ်ခင်နေခဲ့ကြရတာပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးပြီး ပရိသတ်တွေကို ဖျော်ဖြေပေးနေတဲ့ သူမကတော့ လုပ်အားခတွေကို သူမရဲ့ ပရဟိတ အလုပ်တွေအတွက် အသုံးချပြီး ကုသိုလ်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရဟိတလုပ်နေတဲ့ သူမအပေါ် ဝေဖန်လာတဲ့ သူများကိုလည်း သူမက “ကျော်ကြားဖို့ထက် ကျမကို မှီခို အားကိုးနေတဲ့ ကလေးတွေနဲ့ အဘိုးအဘွား တွေရဲ့ရှေ့ရေးနဲ့ ကျန်းမာရေးကို အဆင်ပြေစွာနဲ့ စိတ်ချမ်းသာအောင် ပြုစုစောင့်ရှောက်နိုင်ဖို့ပဲ စိတ်ဝင်စားတယ်” ဆိုပြီး အင်တာဗျူးတစ်ခုကနေ ဖြေဆိုပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

တကယ့်စိတ်ရင်းအမှန်နဲ့ ပရဟိတအလုပ်တွေကို လုပ်ဆောင်ပေးနေတဲ့ သူမကတော့ ယခုဆိုရင် သူမထံရောက်ရှိလာခဲ့တဲ့ ခိုကိုးရာမယ့် ကလေးငယ်လေးတွေကို ခိုင်နှင်းဝေ ပရဟိတ လူငယ်များအသင်းမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ အပြီးတိုင်မွေးစားထားခဲ့တာပဲ ဖြစ်ပါတယ်။ ကလေးတွေကို ပရဟိတ လူငယ်များအသင်းမှာ မွေးစားထားတဲ့ ခိုင်နှင်းဝေကတော့ (၁၁) အရွယ် ယုယလွန်းဆိုတဲ့ သမီးလေးကိုတော့ နေအိမ်မှာခေါ်ပြီး အပြီးတိုင်မွေးစားထားခဲ့တာပဲ ဖြစ်ပါတယ်။

ပါးချိုင့်လေးကအစ တူလွန်းတဲ့ ချစ်သမီးလေးကို အိမ်ခေါ်ပြီး မွေးစားထားခဲ့တဲ့ ခိုင်နှင်းဝေကတော့ သမီးလေးကို ဂေဟာမှာထားတဲ့ ကလေးတွေနဲ့ သမီးလေးကို တွေ့ဆုံပေးခဲ့ပြီး သမီးလေးရဲ့ စိတ်ထားလေးကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ သမီးလေးအကြောင်း ပြောပြထားခဲ့တဲ့ ခိုင်နှင်းဝေကတော့ ” ဒီနေ့ရိပ်သာသွားတော့ သမီးလေးကိုခေါ်သွားတယ်လေ, သမီးလေးက မောင်လေး,ညီမလေးတွေ တွေ့တော့ ပျော်နေလေရဲ့, သူ့မောင်လေးနားနေပြီး သေချာကြည့်နေတော့ ရင်ထဲဘယ်လိုခံစားရမှန်းမသိဘူး… မေတ္တာတရားဆိုတာ သိပ်ဆန်းကြယ်ပါတယ် စေတနာ,မေတ္တာထားတယ် တဖွဖွပြောတိုင်းလည်း အစစ်အမှန်မဟုတ်, အရောင်တွေ စွန်းထင်းနေတတ်သလို, မျက်လုံးလေးတစ်ချက်ကြည့်ရုံနဲ့လည်း ရင်ထဲက စေတနာ မေတ္တာတွေကို အတိုင်းသားမြင်နေရတာမျိုး ဖြစ်တတ်ပါတယ်…”

” ကျမကတော့လေ ကျမရဲ့ သား/သမီးတွေကို မေတ္တာတရားရဲ့ တန်ဖိုး အတိမ်အနက် ပြောင်းလဲတတ်တဲ့လူ့သဘောသဘာဝအကြောင်းတွေကို သိတတ်စအရွယ်ကတည်းက သဘောပေါက်အောင် ခံစားနားလည်အောင် ပြုစုပျိုးထောင်ပေးမယ်… လောကဓံတွေကို ခံနိုင်ရည်ရှိတဲ့စိတ်မျိုးပိုင်ဆိုင်အောင် လေ့ကျင့်ပေးမယ်လို့ စိတ်ကူးထားတယ်… ကျမရဲ့ ကလေးတွေကို စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ကြီးပြင်းစေမယ် 💖💖💖ကျမအပေါ် မေတ္တာစေတနာအပြည့်ဖြင့် ကူညီစောင့်ရှောက်သူအပေါင်းကိုလည်း အမြဲတမ်း ကျေးဇူးတင် မေတ္တာပို့သလျှက်ပါရှင်…ကလေးတို့ရဲ့မေမေ ခိုင်နှင်းဝေ ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြ ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

တစ်နေ့တစ်ခြား အရမ်းကို ချစ်စရာကောင်းလာတဲ့ သမီးလေးကြောင့် အရမ်းကို ပြောရွှင်ရကြောင်းကိုလည်း ” စကားကလဲများ… လက်ညှိုးထိုးပြီးလဲ ခိုင်းတတ်သေးတယ်..သူခိုင်းတာလိုက်လုပ်ရင်း ကိုယ်လဲ မောတယ်. ဝိတ်ကျတယ်.. ချစ်လိုက်တာ အသဲလေး ❤ ” ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့တကွ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့ပြန်တာပဲ ဖြစ်ပါတယ်။

အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ သမီးလေး ယုယလွန်းရဲ့ Video

အလှူအတန်းတွေနဲ့ ဘဝကို ပျော်ပျော်ကြီး စတင်ချီတက်ခဲ့တဲ့ ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေရဲ့ မြင့်မြတ်လှတဲ့ စိတ်ရင်းစေတနာ စိတ်ဓာတ်လေးအတွက် ပရိသတ်ကြီးလည်း အရမ်းကို ကြည်နူးပျော်ရွှင်ပြီး သာဓုခေါ်ဆိုနိုင်ကြမယ်လို့ ထင်ပါတယ်။ အပြီးတိုင်မွေးစားထားတဲ့ ချစ်သမီးလေးကြောင့် အရာရာတိုင်းမှာ အောင်အောင်မြင်မြင်ဖြစ်ပြီး အရမ်းကို ပျော်ရွှင်နေခဲ့ရတဲ့ ပရဟိတမင်းသမီးချောလေး ခိုင်နှင်းဝေရဲ့ မွန်မြတ်လှတဲ့အလှူကို လေးစားအားကျ ကြည်နူးမိတယ်ဆိုရင် ဒီပို့စ်လေးကို Share ပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် ပရိသတ်ကြီးရေ။ ဖတ်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Kay Kay
Ref : Khine Hnin Wai’s Facebook