You are here
Home > အနုပညာ > မဟေသီကားလေး ရိုက်ပြီးကတည်းက ပို၍ မိန်းမသားဆန်စွာလှပလာတယ်ဆိုတဲ့ စံမြန်း

မဟေသီကားလေး ရိုက်ပြီးကတည်းက ပို၍ မိန်းမသားဆန်စွာလှပလာတယ်ဆိုတဲ့ စံမြန်း

“ကျွန်မက မဟေသီ” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ သူနာပြုစံမြန်းအဖြစ် ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဆွတ်ခူးရရှိနိုင်ခဲ့တဲ့ သရုပ်ဆောင် ဝင့်ယမုံနိုင်ဟာဆိုရင် နောက်ထက်ဇာတ်လမ်းတွဲအသစ်တွေအတွက် ပြင်ဆင်ရိုက်ကူးနေတာလည်းဖြစ်ပါတယ်…။ သူမဟာဆိုရင် ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ ဆွဲဆောင်ညှို့ယူနိုင်သူဖြစ်ပါတယ်….။ ခန္ဓာကိုယ်သွယ်လျပြေပြစ်ပြီး လူတိုင်းအပေါ် ရိုးသားပွင့်လင်းစွာပေါင်းသင်းဆက်ဆံတက်တဲ့ အတွက်ကြောင့် အမျိုးသားပရိသတ်တွေသာမက၊ အမျိုးသမီးပရိသတ်တွေကပါ ချစ်ခင်အားပေးဝန်းရံလျက်ရှိတာဖြစ်ပါတယ်..။

ဝင့်ယမုံနိုင်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်ေးတွေကိုလည်း လက်ခံရိုက်ကူးလာတာဖြစ်ပါတယ်…။ အခမ်းအနားသဘင်၊ ဖွင့်ပွဲတွေကိုလည်း တက်ရောက်ခဲ့တာဖြစ်ပြီး လျှောက်လမ်းထက်က သူမရဲ့ နန်းဆန်လှပသော အလှပုံရိပ်တွေကို မြင်တွေ့ကြရမှာပါ..။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွားမှတ်တမ်းပုံရိပ်တွေကိုလည်း အမြဲလိုလိုတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်…။ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ ဘဝခရီးလမ်းကို ဖြတ်သန်းနေတာကိုမြင်တွေ့ကြရမှာပါ…။

ဝင့်ယမုံနိုင်က ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်…။ အခုတစ်ခါမှာဆိုရင်လည်း ဆန်းသစ်ရိုးရှင်းသော မြန်မာဝတ်စုံလေးနဲ့ ဓာတ်ဖမ်းခဲ့တဲ့ အလှပုံရိပ်လေးတွေကို “မိန်းမသားဆန်ရင် ပိုချစ်တယ်ဆို … ဟုတ်လား..” ဆိုတဲ့ status လေးနဲ့တကွ သူမရဲ့ official facebook acc တွင် ထုတ်ဖော်တင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

credit- myanmarload

Share From Lucky Myanmar

Top
//ookroush.com/4/3018672