You are here
Home > Facebook သတင်းစုံ > မိန်းကလေးများကို ဆေးခတ် မုဒိန်းကျင့်ပြီး ဓါတ်ပုံရိုက်ကာ ဆက်လက် ခြိမ်းခြောက် ကာမ ရယူနေသော လူယုတ်မာ ပခုက္ကူ အချုပ်သို့ရောက်


Zawgyi








Unicode

မိန်းကလေးများကို ဆေးခတ် မုဒိန်းကျင့်ပြီး ဓါတ်ပုံရိုက်ကာ ဆက်လက် ခြိမ်းခြောက် ကာမ ရယူနေသော လူယုတ်မာ ပခုက္ကူ အချုပ်သို့ရောက်

ပခုက္ကူမြို့ ပရဟိတ္တလုပ်ငန်း၌ အလွန်အင်မတန်မှ နာမည်ကြီးနေသော အင်္ဂလိပ်စာပြ ကျောင်းဆရာ မျိုးဇော်ထွေးသည် ကလေးသူငယ်များကို ပရဟိတ္တ ကျောင်းဖွင့်ကာ စာသင်ပေးနေသူ ဖြစ်သည်။ မြို့နယ်၏ အလွန် အင်မတန် အားကိုး အားထားရပါသော မျိုးဇော်ထွေး ဆိုသည့် အိမ်ထောင်ကွဲ ကလေး တစ်ယောက် အဖေ လူယုတ်မာ တဏှာရူးသည် facebook မိမိပတ်ဝန်းကျင်နှင့် မိမိနှင့်နီးစပ်ရာ အပျိုအရွယ် မိန်းကလေးများ မလည်မဝယ် တောသူမလေးများကို တမင်ရွေးချယ် ရင်းနှီးအောင်ပြုပြီး မိတ်ဆွေအဖြစ် တွေ့ဆုံစဉ် အိပ်ဆေး သို့မဟုတ် စိတ်ကြွဆေး တစ်ချို့သုံးကာ ကာမကိုရယူသူ မုဒိန်းသမားတစ်ဦး ဖြစ်သည်။

ဆေးအရှိန်ကြောင့် အသိလွတ် မေ့မျောသူ မိန်းကလေးများနှင့် ကာမ ဆက်ဆံခဲ့ စဉ်က ရိုက်ယူထားသော ဓါတ်ပုံများဖြင့် ဆက်လက် ခြိမ်ခြောက်ကာ တဏှာနွံ အတွင်း ရုန်းထွက်ခွင့် မပေးဘဲ အကြိမ်ကြိမ် မုဒိန်းကျင့် ယုတ်မာ ရက်စက်ခဲ့သူ ဖြစ်သည်။

နောက်ဆုံး သူ့အကြောင်းဖေါ်မယ် လုပ်တဲ့ ကလေးမလေးတွေကို ပါးနား လှိမ့်ရိုက်ပြီး ဓါးကြိမ်း ကြိမ်းခဲ့တယ်။ နောက်ဆုံး ကောက်ရိုးတစ်စ အနေနဲ့ ညီမငယ် တယောက်က ကျွန်မကို ဆက်သွယ်လို့ ရခဲ့တယ်။

သူလက်ရှိ တွဲနေတဲ့ သူဖျက်ဆီး လက်စ ကလေးမလေးတွေ အမလက်ထဲမှာ သက်သေ အနေနဲ့ ၆ ဦး ရှိပါတယ်။ အရင်တုန်းက ဒီလူ ဘယ်ရွေ့ဘယ်မျှ မိန်းမပျိုလေးတွေကို ဖျက်ဆီးခဲ့မှန်း မသိခဲ့ဘူး။ အမကိုဆက်သွယ် ဖေါ်ကောင် လုပ်တဲ့ ညီမငယ်လေးကို တားဆေး ဝယ်တိုက်မယ် ဆိုပြီး ဧပြီ ၂၁ ရက် ဒီနေ့ အိမ်တစ်လုံးမှာ ချုပ်လို့ မုဒိန်းကျင့် ခဲ့တာကို သက်သေ အစုံအလင်နဲ့ ဖမ်းဆီး အမှု့ဖွင့်နိုင်ခဲ့ပါပြီ”

အစော်ကားခံ ညီမလေးကို အကာအကွယ် ပေးပါ့မယ် ဆိုတဲ့ ကျွန်မ ကတိ အတိုင်း အဲ့ကလေးမကို အမှောင်တောက ကယ်ထုတ်နိုင်ခဲ့ ပါပြီ ” ဟု ကူညီ ဆောင်ရွက်ပေးသူ ဒေါ်ခင်လင်းလင်းဖြူက ပြောကြားခဲ့သည်။

နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ

Top
//potsaglu.net/4/3018672