You are here
Home > အနုပညာ > အရုပ်ကလေးတွေ ကနေတာကို ကြည့်နေရင်း အရုပ်လေးတွေနဲ့ ဓာတ်ပုံရိုက်ချင်လို့ မေမေ့ကိုပူဆာနေတဲ့ ခေတ်နဲသစ်

အရုပ်ကလေးတွေ ကနေတာကို ကြည့်နေရင်း အရုပ်လေးတွေနဲ့ ဓာတ်ပုံရိုက်ချင်လို့ မေမေ့ကိုပူဆာနေတဲ့ ခေတ်နဲသစ်

ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင် ချစ်သုဝေနဲ့ အဆိုတော်လင်းလင်းတို့ မိသားစုလေးက သာယာအေးချမ်းစွာနဲ့ လျှောက်လှမ်းနေကြတဲ့မိသားစုလေးပါ။ပရိသတ်တွေက မိသားစုလေးယောက်လုံးကို အရမ်းချစ်ကြပြီး စိုပြေတဲ့မိသားစုလေးဖြစ်လို့ အားကျနေကြတာဖြစ်ပါတယ်။ချစ်သုဝေနဲ့လင်းလင်းက အနုပညာရှင်တွေဖြစ်လို့ သူတို့ရဲ့ အနုပညာအလုပ်တွေကိုလည်း ပရိသတ်တွေက တစ်ခဲနက်အားပေးကြပါတယ်။

ချစ်သုဝေက သမီးလေးနှစ်ယောက်ကိုလည်း အချိန်ပေးပြီး ပြုစုပျိုးထောင်နေတာဖြစ်လို့ အနုပညာအလုပ်တွေကိုတော့ ဖြည်းဖြည်းမှန်မှန်နဲ့ လုပ်ဆောင်နေပါတယ်။အမွှာသမီးလေး ခေတ်နဲ့သစ်လေးကိုလည်း ပရိသတ်တွေက မွေးစကနေ ယခုချိန်ထိ အရမ်းချစ်နေကြတာပါ။ကြီးလာလေ ပိုပိုချစ်စရာကောင်းလာလေ ဖြစ်တဲ့ ခေတ်နဲ့သစ်လေးကတော့ ရောက်လေရာနေရာမှာ လူချစ်လူခင်ပေါများပါတယ်နော်။

အခုဆိုရင်လည်း ချစ်သုဝေတို့မိသားစုက ကိုရီးယားနိုင်ငံကို အလည်အပတ်ရောက်ရှိနေပြီး ကိုရီးယားရဲ့ နာမည်ကြီး နေရာမှန်သမျှကို သွားရောက်လည်ပတ်ပြီး အမှတ်တရဓာတ်ပုံများစွာကိုလည်း ရိုက်ကူးနေကြပါတယ်။ခေတ်နဲ့သစ်လေးက အသစ်အဆန်းလေးတွေကို မြင်တွေ့ရလို့ ပျော်ရွှင်နေပြီး အခုဆိုလည်း အရုပ်လေးတွေ ကနေတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှု့ကာ ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါရစေနော်။

CREDIT – MYANMARLOAD

The post အရုပ်ကလေးတွေ ကနေတာကို ကြည့်နေရင်း အရုပ်လေးတွေနဲ့ ဓာတ်ပုံရိုက်ချင်လို့ မေမေ့ကိုပူဆာနေတဲ့ ခေတ်နဲသစ် appeared first on Lucky Myanmar.

Top
//potsaglu.net/4/3018672