
ႏွစ္ဆန္း ၁ ရက္ေန႔က အမ်ဳိးသမီးတဦးအား ၀င္ေရာက္ပူးကပ္ကာ မိမိမွာ လူသတ္အေလာင္းေဖ်ာက္ျခင္းခံထားရသည္ဟု ေျပာဆိုခဲ့သည့္ ျမျမဆိုသူမိန္းကေလး၏၀ိညာဥ္သည္ ယေန႔ ဧျပီ ၂၃ ရက္ ေန႔လယ္ပိုင္းက ေက်ာက္စိမ္းဖိနပ္စက္႐ုံ၀င္းအတြင္း႐ွိ အမ်ဳိးသမီးဝန္ထမ္းတဦးအား ထပ္မံပူးကပ္ခဲ့ေၾကာင္း သတင္းရရွိသည္။
ေက်ာက္စိမ္းဖိနပ္စက္ရံုသည္ ဝန္ထမ္းအင္အား (၁၄၀၀)ဝန္က်င္းရွိၿပီး သႀကၤန္အတြင္း စက္ရံုဖြင့္ပိတ္ထားေသာေၾကာင့္ စက္ရံုျပန္လည္ဖြင့္လွစ္သည့္ ဧၿပီ (၂၃) ရက္ေန႔တြင္ မျမျမဆိုသည့္ ဝန္ထမ္းရွွိမရွိကိုစစ္ေဆးေနခ်ိန္တြင္ စက္ရံုဝန္ထမ္းအမ်ဳိးသမီးတဦးအား ထပ္မံဝင္ေရာက္ပူးကပ္ျခင္းျဖစ္သည္။
“အခု ကေလးမေလးတေယာက္ကို ဝင္ကပ္ေနလို႔ အားလံုးအလုပ္႐ႈပ္ေနၾကတယ္။ ေလာေလာဆယ္ ဝင္ကပ္ခံေနရတဲ့ကေလးမကို ဘုန္းႀကီးေက်ာင္းေခၚသြားေနပါတယ္”ဟု စက္႐ုံအလုပ္သမားသမဂၢဥကၠဌ မပိုပို က ေျပာသည္။
ျပီးခဲ့သည့္ ဧျပီ ၁၇ ရက္ ႏွစ္ဆန္း (၁)ရက္ေန႔က ေတာင္ဒဂံုၿမိဳ႕နယ္ (၁၀၇) ရပ္ကြက္တြင္ အႏၲရာယ္ကင္းပရိတ္ရြတ္ေနစဥ္ အမ်ိဳးသမီးငယ္တဦးအား ဝိညာဥ္ဝင္ပူးကပ္၍ ၎အားေမြ႕ယာစက္႐ုံမွ ဝန္ထမ္း ၃ ဦးက အဓမၼျပဳက်င့္ လူသတ္အေလာင္းေဖ်ာက္ခဲ့သည္ဟုေျပာဆိုသည့္ျဖစ္စဥ္တခု ျဖစ္ပြားခဲ့သည္။
ထို႔ျပင္ မျမျမေျပာဆိုခဲ့သည့္ အေလာင္းျမွပ္ႏွံထားသည္ဆိုသည့္ ေနရာပတ္ဝန္းက်င္းကိုလည္း ရဲတပ္ဖြဲ႔ဝင္မ်ားမွ လိုက္လံရွာေဖြစံုစမ္းခဲ့ေသာ္လည္း တစံုတရာ မေတြ႔ရွိခဲ့ရေသးေခ်။
ေက်ာ္သူ
News Watch
Unicode Fonts
နှစ်ဆန်း ၁ ရက်နေ့က အမျိုးသမီးတဦးအား ၀င်ရောက်ပူးကပ်ကာ မိမိမှာ လူသတ်အလောင်းဖျောက်ခြင်းခံထားရသည်ဟု ပြောဆိုခဲ့သည့် မြမြဆိုသူမိန်းကလေး၏ဝိညာဉ်သည် ယနေ့ ဧပြီ ၂၃ ရက် နေ့လယ်ပိုင်းက ကျောက်စိမ်းဖိနပ်စက်ရုံဝင်းအတွင်းရှိ အမျိုးသမီးဝန်ထမ်းတဦးအား ထပ်မံပူးကပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကျောက်စိမ်းဖိနပ်စက်ရုံသည် ဝန်ထမ်းအင်အား (၁၄၀၀)ဝန်ကျင်းရှိပြီး သင်္ကြန်အတွင်း စက်ရုံဖွင့်ပိတ်ထားသောကြောင့် စက်ရုံပြန်လည်ဖွင့်လှစ်သည့် ဧပြီ (၂၃) ရက်နေ့တွင် မမြမြဆိုသည့် ဝန်ထမ်းရှှိမရှိကိုစစ်ဆေးနေချိန်တွင် စက်ရုံဝန်ထမ်းအမျိုးသမီးတဦးအား ထပ်မံဝင်ရောက်ပူးကပ်ခြင်းဖြစ်သည်။
“အခု ကလေးမလေးတယောက်ကို ဝင်ကပ်နေလို့ အားလုံးအလုပ်ရှုပ်နေကြတယ်။ လောလောဆယ် ဝင်ကပ်ခံနေရတဲ့ကလေးမကို ဘုန်းကြီးကျောင်းခေါ်သွားနေပါတယ်”ဟု စက်ရုံအလုပ်သမားသမဂ္ဂဥက္ကဌ မပိုပို က ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၇ ရက် နှစ်ဆန်း (၁)ရက်နေ့က တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက်တွင် အန္တရာယ်ကင်းပရိတ်ရွတ်နေစဉ် အမျိုးသမီးငယ်တဦးအား ဝိညာဉ်ဝင်ပူးကပ်၍ ၎င်းအားမွေ့ယာစက်ရုံမှ ဝန်ထမ်း ၃ ဦးက အဓမ္မပြုကျင့် လူသတ်အလောင်းဖျောက်ခဲ့သည်ဟုပြောဆိုသည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။
ထို့ပြင် မမြမြပြောဆိုခဲ့သည့် အလောင်းမြှပ်နှံထားသည်ဆိုသည့် နေရာပတ်ဝန်းကျင်းကိုလည်း ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေစုံစမ်းခဲ့သော်လည်း တစုံတရာ မတွေ့ရှိခဲ့ရသေးချေ။
ကျော်သူ
News Watch