
ဂီတလောကမှာ အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ဂရေဟမ်ရဲ့ သမီးချောလေး ပန်းရောင်ခြယ်ကတော့ အဖေတစ်ဦးသမီးလေးပီပီ ချိုမြတဲ့ အသံသာသာလေးနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ သူလေးဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက အနုပညာပါရမီရှိခဲ့တဲ့ ပန်းရောင်ကယခုဆိုရင် ဂီတလောကမှာ အောင်မြင်တဲ့ အဆိုတော်မလေးတစ်ဦအဖြစ် ရပ်တည်နေတာကို မြင်တွေ့ရမှာပါ။
တစ်နေ့တစ်ခြားအောင်မြင်မှုတွေ ပိုပြီး ရရှိလာတဲ့ ပန်းရောင်လေးက အဆိုကောင်းရုံသာမက အရုပ်မလေးတစ်ယောက်လို ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေရဲ့ အသည်းတွေကို ကလိကလိဖြစ်အောင် ဖမ်းစားထားတဲ့ သူလေးပါ။
သူမရဲ့ နတ်သမီးလေးလိုချစ်စရာကောင်းတဲ့ အသံလေးနဲ့ အမူအယာလေးတွေကြောင့် နားထောင်သူတိုင်းရဲ့ ရင်တွေကို တလှပ်လှပ်ခုန်သွားအောင် ဆွဲဆောင်နိုင်တဲ့ သူလေးဖြစ်ပါတယ်။
ယခုလည်း ပရိသတ်တွေနဲ့ စကားပြောဖို့ live လွှင့်ရင်း သူမအရမ်းကိုကြိုက်တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ Mariah Carey ရဲ့ ပညာသာပါတဲ့သီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ My All သီချင်းလေးကို ဆွဲဆောင်မှုရှိတဲ့ သူမရဲ့ အသံလေးနဲ့ coverပြန်ဆိုပြခဲ့တာဖြစ်ပါတယ်။ နားထောင်ရင်း ကြက်သီးတွေထလောက်အောင် အရမ်းကို ဆွဲဆောင်မှုရှိတဲ့ ပန်းရောင်လေးရဲ့ သီချင်းဆိုပြနေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်။credit-myanarlaod
Share From Lucky Myanmar