
ခရက်ဒစ် ဆောင်းခိုဌက်
Unicode Version
ကောလင်းမြို့နယ် နဲ့ ထီးချိုင့်မြို့နယ် အစပ်က မင်းဝံတောင်ထိပ်မှာ ရွှေတွေပေါ်နေလို့ တူးယူနေကြသူများ
မင်းဝံတောင် ၂၃.၄.၂၀၁၉ နေ့ သတင်းဖြစ်ပါတယ်။ ရွှေပေါ်နေတဲ့ နေရာ အတိအကျအားဖြင့်ကတော့
ကောလင်းမြို့နယ် ကညို့အင်း ကျေးရွာ အရှေ့ ထီးချိုင့် မြို့နယ် အစပ်မှာ ဖြစ်ပြီး မင်းဝံတောင် ထိပ်ပေါ်တွင် ရွှေပေါ်နေပြန်ပြီလို့ ရေးသားဖော်ပြထားပါတယ်။
မူရင်း ဗီဒီယိုဖိုင်ကို ဆောင်းခိုငှက် အကောင့်မှ တင်ထားတာဖြစ်ပြီး တူးယူနေကြသူတွေဟာ အလွန်တရာများပြားလှတာတွေ့ရပါတယ်။
အချို့နယ်ကသူတွေမှလည်း သူတို့လည်း တူးချင်လို့ လာလို့ရလား မေးကြရာမှာတော့ အုံးအုံးကြွက်ကြွက်ဖြစ်နေလျှက်ရှိပြီး ပြည်သူ့ရဲများလည်း ရောက်ရှိနေကာ သက်ဆိုင်ရာဌာနတွေကလည်း သိနေပါပြီလို့ ဆိုပါတယ်။
မြန်မာပြည် အနှံ အခုလို ကျောက်သံ ပတ္တမြားတွေ ထွက်ရှိနေတာ ကြည့်ပြီး ကြက်သီးများတောင် ထမိတယ်။ အရင်နှစ်တွေများလည်း ရွှေကျောကြီးတွေ တွေ့လို့ဆိုပြီး အွန်လိုင်မှာ ပြန့်နှံခဲ့တာတွေရှိပါတယ်။
ဒါ့အပြင် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေလည်း အမြောက်အများထွက်ရှိတဲ့ ရွှေမြန်မာနိုင်ငံကြီးပါပဲ။
ခရက်ဒစ် ဆောင်းခိုဌက်