သူမကို ဦးဧရာ ဦးမန်းဝင်းတို့နဲ့ တူတယ်လို့ ပြောတဲ့သူတွေကို တုန့်ပြန်လိုက်တဲ့ ညီညီမောင် (စမ်းချောင်း)

ပရိသတ်တွေက သုသုလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မိတ်ကပ် ညီညီမောင်စမ်းချောင်းကတော့ အလှအပနဲ့ပတ်သတ်ပြီး ထူးချွန်ရုံသာမကပဲ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေဖို့ ဟာသဗီဒီယိုလေးတွေကိုလည်း ဝေမျှပေးလေ့ရှိသူတစ်ဦးပါ။ လတ်တလောမှာတော့ ညီညီမောင်စမ်းချောင်းက ဦးဧရာ ဦးမန်းဝင်းတို့နဲ့ တူတယ်ဆိုတဲ့ ထင်မြင်ချက်တွေအပေါ် တုန့်ပြန်လိုက်တာ တွေ့ရပါတယ်။ အနုပညာသမားပီပီ ပညာသားပါပါ တုန့်ပြန်တတ်တဲ့ ညီညီမောင်စမ်းချောင်းကတော့ တကယ့်ကိုပဲ ချစ်စရာကောင်းလှပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ဦးဧရာ ဦးမန်းဝင်းတို့နဲ့ တူတယ်လို့ ပြောတဲ့သူတွေကို တုန့်ပြန်လိုက်တဲ့ ညီညီမောင် (စမ်းချောင်း) ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ညီညီမောင် (စမ်းချောင်း) ကတော့ “သု က ဦးဧရာ . ဦးမန်းဝင်း တူပါတယ် စလဲ စိတ်မစိုးပါဘူး အစထဲက မလှလို ခွဲစိတ်ပြုပြင်ထားရတာပါ အခုလဲမလှပါဘူး ပြည်သူချစ်တဲ့ အနုပညာရှင်တွေနဲ့တူတယ်ပြောတာ ဂုဏ်ယူပါတယ် သုက ❤👸” ဆိုပြီး ချစ်စရာကောင်းအောင် တုန့်ပြန်ပြောဆိုထားတာပါ။

မိန်းမသားဘဝကို ခံယူထားတဲ့ ညီညီမောင်စမ်းချောင်းကတော့ လက်ရှိမှာ ချစ်ရသူနဲ့ သာယာပျော်ရွှင်တဲ့ အချစ်ရေးကိုလည်း ပိုင်ဆိုင်ထားတာပါ။ အနုပညာကို ဝါသနာပါပြီး ထူးထူးချွန်ချွန် သရုပ်ဆောင်တတ်တဲ့ ညီညီမောင်ကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်နေပါပြီ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဘယ်လိုဝေဖန်မှုတွေကိုမဆို ပညာသားပါပါနဲ့ တုန့်ပြန်တတ်တဲ့ ညီညီမောင် စမ်းချောင်းကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Nyi Nyi Maung’s facebook