အစိမ္းေသကြမ္းေတာင္ကုိင္မေလး ႏွင့္ ေအာက္လမ္း ဆရာတပည့္ ႏွစ္ေယာက္ရဲ႕ အေၾကာင္း

Zawgyi

အစိမ္းေသကြမ္းေတာင္ကုိင္မေလး ႏွင့္ ေအာက္လမ္း ဆရာတပည့္ ႏွစ္ေယာက္ရဲ႕ အေၾကာင္း

တြံေတးေတာႀကီးတန္း တေနရာမွ ႐ြာေလး အမ်ားစု ကေတာ့ ထုံးဘိုဟု ေခၚၿပီး အဓိက ကေတာ့ အိုးဖုတ္သည့္ လုပ္ငန္းကို လုပ္ကိုင္ၾကသည္။

ထို ႐ြာေလး သို႔ ေခါင္းေပါင္းေပါင္းထားေသာ ကရင္လူမ်ိဳးဟု ထင္ရသည့္ ဆရာတစ္ေယာက္ႏွင့္ အရပ္ပုပု မ်က္ႏွာတြင္ ေက်ာက္ေပါက္ရာမ်ားႏွင့္ သူ၏ တပည့္ တစ္ေယာက္ တို႔သည္ ညေနေစာင္းေလးတြင္ထို႐ြာသို႔ေရာက္လာၾကေလသည္။

သူတို႔က ႐ြာစဥ္ လွည့္လည္ၿပီး ေဆးကုၾကသည့္ ေဆးဆရာမ်ား ျဖစ္ေလသည္။ ထိုေန႔ညတြင္ ညေနေနဝင္ရီ သေရာအ ခ်ိန္ေလးအတြင္း “ အမေလး ေအးၾကည္ျမ ရဲ႕အျဖစ္ဆိုး လွခ်ည္လား အေမကိုထားခဲ့ၿပီလားဟူေသာ “ ငိုသံမ်ားႏွင့္ ႐ြာ ကေလးကို လႈပ္ႏိုးလိုက္ေလသည္ ။

႐ြာ၏ ကြမ္းေထာင္ကိုင္ ေလး ေအးၾကည္ျမ တစ္ေယာက္ ညေနဖက္ေလး ေတာဖက္ထဲသို႔ တို႔စရာသြားခူးရင္း ေႁမြကိုက္ေ သေလၿပီ။ ထိုဆရာတပည့္ ေရာက္ေသာအခါ ကေလးမေလးလည္း အသက္ေပ်ာက္ေနႏွင့္ ၿပီျဖစ္ၿပီ ။

“ မင္းေမာင္ ျပန္မယ္ “ ဆရာႀကီးက ျပန္မည္ေျပာေသာ အခါ ထျပန္လာေလသည္။ လမ္းတြင္ ဆရာႀကီးက ေဟ့ေကာင္ ဒီေန႔ လကြယ္ေန႔မလား ဟုတ္ဆရာႀကီး ေအး ညက်ရင္ ငါတို႔ ပီယေဆး ေဖာ္လို႔ရၿပီ ဗ်ာ ဆရာႀကီး “ မင္းေမာင္ တစ္ေယာက္ နည္းနည္း ထူးဆန္း သြားေလသည္။

ဒီလိုေလ လကြယ္ည ေသသူက တနဂၤေႏြသမီး မလား ၿပီးေတာ့ အစိမ္းေသ ေလ ပီယေဆး ေဖာ္ဖို႔အခ်ိန္းေကာင္းပဲ တန ဂၤေႏြသမီးေတြ ဆီကပဲ ပီယေဆး ရမွာေလ ။ ထိုေၾကာင့္ သူတို႔ ဆရာ တပည့္လည္း တိတ္ဆိတ္စြာ ျပန္လာၾကေလသည္ ။ ညေန ႐ြာထုံးစံအတိုင္း အေလာင္းကိုျမန္ျမန္ျပင္ကာ အားခ်င္း ခ်လိုက္ ေလသည္။

လကြယ္ည ေမွာင္ရသည့္ အထဲ ေခြးကလည္း ေျခာက္ျခားဖြယ္အူေနေလသည္။ ထိုညတြင္ သင္းခ်ိဳင္းထဲတြင္ လႈပ္ရွားေနေ သာ လူႏွစ္ေယာက္ အေလာင္းအားတူးၿပီး မနက္က ခ်ထားေသာေၾကာင့္ အေလာင္းကား လွပေနေသးသည္ ။

႐ြာ၏ ကြမ္းေထာင္ကိုင္ ျဖစ္ေသာေၾကာင့္ လွပေက်ာ့ရွင္း ေနသည္။ ဆရာလည္း အေလာင္းကို ၾကည့္ၿပီးမန္းမႈတ္ေလရာ ခဏ အတြင္းအေလာင္းလည္း ထထိုင္၏ “ ကဲသမီး သမီးဆီက ပစၥည္းေလးနည္းနည္းယူမယ္ ပီယေဆး ေဖာ္မလို႔ဟုဆိုကာ အစိမ္းသရဲအား ခြင့္ေတာင္းၿပီး ဆံပင္မ်ား သြားမ်ား လိမ္းျခယ္ထားေသာ သနပ္ခါးမ်ားကို ယူေလသည္ ။

အစိမ္းသရဲလည္း မေက်နပ္သည့္ ပုံစံျဖင့္ ၾကည့္ေနေလသည္။ ထို႔ေနာက္ဆရာလည္း ေက်ာက္ျပင္တစ္ခုႏွင့္ ေရ တဗူး ယူ လာေလသည္။ ထို႔ေနာက္ အစိမ္းသရဲအား သနပ္ခါး ေသြးခိုင္ေလသည္။ ထိုအရာကား ပီယေဆး၏ လုပ္ထုံးလုပ္ နည္းမ်ား သာ ျဖစ္ေလသည္။

သို႔ေသာ္ အစိမ္းသရဲကားမေသြး ဆရာလည္း ထိုသရဲမအား ေဆးလုံးမ်ားႏွင့္ ပစ္ေပါက္ၿပီး ခိုင္းေ သာေၾကာင့္ ျဖည္းျဖည္း ေသြးေလသည္ ။ တစ္ခ်က္တစ္ခ်က္ မေက်မနပ္ႏွင့္ ၾကည့္ေနေလသည္။

ထို႔ေနာက္ မေသြးဘဲ ရပ္လိုက္ေသာ အခါ ေအာက္လမ္းဆရာလည္း ေနာက္တစ္ႀကိမ္ေဆးလုံး ႏွင့္ေပါက္ရန္ ေရွ႕သို႔အတိုး သရဲမကားအေခါင္းထဲမွ ဆရာအား ဆြဲယူကာ အေရွ႕မွေက်ာက္ျပင္ႏွင့္ မ်က္ႏွာအား ေဆာင့္ေလသည္။

“ ေသၿပီးတာေတာင္ သရဲေတြကို အလြတ္မေပးတဲ့ ေကာင္ ငါက ေအးၾကည္ျမမဟုတ္ဘူး သင္းခ်ိဳင္းေစာင့္တဲ့ မဖဲဝါဟဲ့ “

“နင္တို႔လို လူမ်ိဳးေတြကို အေသ လုပ္ခ်င္တာ ၾကာၿပီဟု အသံနက္ႀကီးျဖင့္ ေအာ္ကာ ေက်ာက္ျပင္ႏွင့္ ေဆာင့္ေလသည္။

မင္းေမာင္လည္း ဆရာျဖစ္သူ အေျခအေန မေကာာင္းေသာအခါ ဖေနာင့္ႏွင့္ တင္ပါး တသားတည္းက်ေအာင္ ထြက္ေျပးေလသည္။ ထို႔ေနာက္ အသံနက္ႀကီးသည္ တစ္႐ြာလုံးအား လႊမ္းၿခဳံသြားေလသည္ ။ မနက္မိုးလင္းလို႔ တစ္႐ြာလုံး သင္းခ်ိဳင္းကို ခ်ီတက္ၿပီး သြားၾကည့္ေသာ အခါ ေအးၾကည္ျမက အေခါင္းထဲ တြင္ ပုံစံမပ်က္ ေဆးဆရာကာ ေခါင္းတစ္ခုလုံး ေက်မြ ပ်က္စီး ေနေလသည္။

ထို႔ေနာက္ တစ္႐ြာလုံးက ေနာက္လူမ်ား ထိုကဲ့သို႔ ထပ္လုပ္မည္ စိုးရိမ္ေသာေၾကာင့္ မိန္းကေလးအား မီးရႈိ႕ၿပီး သၿဂိဳလ္လိုက္ေလသည္။

Source – ကမာၻအရပ္ရပ္မွ ေမွာ္ပညာႏွင့္ ထူးဆန္းေထြလာျဖစ္ရပ္ဆန္းမ်ား

Credit – Sunthit

Unicode

အစိမ်းသေကွမ်းတောင်ကိုင်မလေး နှင့် အောက်လမ်း ဆရာတပည့် နှစ်ယောက်ရဲ့ အကြောင်း

တွံတေးတောကြီးတန်း တနေရာမှ ရွာလေး အများစု ကတော့ ထုံးဘိုဟု ခေါ်ပြီး အဓိက ကတော့ အိုးဖုတ်သည့် လုပ်ငန်းကို လုပ်ကိုင်ကြသည်။

ထို ရွာလေး သို့ ခေါင်းပေါင်းပေါင်းထားသော ကရင်လူမျိုးဟု ထင်ရသည့် ဆရာတစ်ယောက်နှင့် အရပ်ပုပု မျက်နှာတွင် ကျောက်ပေါက်ရာများနှင့် သူ၏ တပည့် တစ်ယောက် တို့သည် ညနေစောင်းလေးတွင်ထိုရွာသို့ရောက်လာကြလေသည်။

သူတို့က ရွာစဉ် လှည့်လည်ပြီး ဆေးကုကြသည့် ဆေးဆရာများ ဖြစ်လေသည်။ ထိုနေ့ညတွင် ညနေနေဝင်ရီ သရောအ ချိန်လေးအတွင်း “ အမလေး အေးကြည်မြ ရဲ့အဖြစ်ဆိုး လှချည်လား အမေကိုထားခဲ့ပြီလားဟူသော “ ငိုသံများနှင့် ရွာ ကလေးကို လှုပ်နိုးလိုက်လေသည် ။

ရွာ၏ ကွမ်းထောင်ကိုင် လေး အေးကြည်မြ တစ်ယောက် ညနေဖက်လေး တောဖက်ထဲသို့ တို့စရာသွားခူးရင်း မြွေကိုက်ေ သလေပြီ။ ထိုဆရာတပည့် ရောက်သောအခါ ကလေးမလေးလည်း အသက်ပျောက်နေနှင့် ပြီဖြစ်ပြီ ။

“ မင်းမောင် ပြန်မယ် “ ဆရာကြီးက ပြန်မည်ပြောသော အခါ ထပြန်လာလေသည်။ လမ်းတွင် ဆရာကြီးက ဟေ့ကောင် ဒီနေ့ လကွယ်နေ့မလား ဟုတ်ဆရာကြီး အေး ညကျရင် ငါတို့ ပီယဆေး ဖော်လို့ရပြီ ဗျာ ဆရာကြီး “ မင်းမောင် တစ်ယောက် နည်းနည်း ထူးဆန်း သွားလေသည်။

ဒီလိုလေ လကွယ်ည သေသူက တနင်္ဂနွေသမီး မလား ပြီးတော့ အစိမ်းသေ လေ ပီယဆေး ဖော်ဖို့အချိန်းကောင်းပဲ တန င်္ဂနွေသမီးတွေ ဆီကပဲ ပီယဆေး ရမှာလေ ။ ထိုကြောင့် သူတို့ ဆရာ တပည့်လည်း တိတ်ဆိတ်စွာ ပြန်လာကြလေသည် ။ ညနေ ရွာထုံးစံအတိုင်း အလောင်းကိုမြန်မြန်ပြင်ကာ အားချင်း ချလိုက် လေသည်။

လကွယ်ည မှောင်ရသည့် အထဲ ခွေးကလည်း ခြောက်ခြားဖွယ်အူနေလေသည်။ ထိုညတွင် သင်းချိုင်းထဲတွင် လှုပ်ရှားနေေ သာ လူနှစ်ယောက် အလောင်းအားတူးပြီး မနက်က ချထားသောကြောင့် အလောင်းကား လှပနေသေးသည် ။

ရွာ၏ ကွမ်းထောင်ကိုင် ဖြစ်သောကြောင့် လှပကျော့ရှင်း နေသည်။ ဆရာလည်း အလောင်းကို ကြည့်ပြီးမန်းမှုတ်လေရာ ခဏ အတွင်းအလောင်းလည်း ထထိုင်၏ “ ကဲသမီး သမီးဆီက ပစ္စည်းလေးနည်းနည်းယူမယ် ပီယဆေး ဖော်မလို့ဟုဆိုကာ အစိမ်းသရဲအား ခွင့်တောင်းပြီး ဆံပင်များ သွားများ လိမ်းခြယ်ထားသော သနပ်ခါးများကို ယူလေသည် ။

အစိမ်းသရဲလည်း မကျေနပ်သည့် ပုံစံဖြင့် ကြည့်နေလေသည်။ ထို့နောက်ဆရာလည်း ကျောက်ပြင်တစ်ခုနှင့် ရေ တဗူး ယူ လာလေသည်။ ထို့နောက် အစိမ်းသရဲအား သနပ်ခါး သွေးခိုင်လေသည်။ ထိုအရာကား ပီယဆေး၏ လုပ်ထုံးလုပ် နည်းများ သာ ဖြစ်လေသည်။

သို့သော် အစိမ်းသရဲကားမသွေး ဆရာလည်း ထိုသရဲမအား ဆေးလုံးများနှင့် ပစ်ပေါက်ပြီး ခိုင်းေ သာကြောင့် ဖြည်းဖြည်း သွေးလေသည် ။ တစ်ချက်တစ်ချက် မကျေမနပ်နှင့် ကြည့်နေလေသည်။

ထို့နောက် မသွေးဘဲ ရပ်လိုက်သော အခါ အောက်လမ်းဆရာလည်း နောက်တစ်ကြိမ်ဆေးလုံး နှင့်ပေါက်ရန် ရှေ့သို့အတိုး သရဲမကားအခေါင်းထဲမှ ဆရာအား ဆွဲယူကာ အရှေ့မှကျောက်ပြင်နှင့် မျက်နှာအား ဆောင့်လေသည်။

“ သေပြီးတာတောင် သရဲတွေကို အလွတ်မပေးတဲ့ ကောင် ငါက အေးကြည်မြမဟုတ်ဘူး သင်းချိုင်းစောင့်တဲ့ မဖဲဝါဟဲ့ “

“နင်တို့လို လူမျိုးတွေကို အသေ လုပ်ချင်တာ ကြာပြီဟု အသံနက်ကြီးဖြင့် အော်ကာ ကျောက်ပြင်နှင့် ဆောင့်လေသည်။

မင်းမောင်လည်း ဆရာဖြစ်သူ အခြေအနေ မကောာင်းသောအခါ ဖနောင့်နှင့် တင်ပါး တသားတည်းကျအောင် ထွက်ပြေးလေသည်။ ထို့နောက် အသံနက်ကြီးသည် တစ်ရွာလုံးအား လွှမ်းခြုံသွားလေသည် ။ မနက်မိုးလင်းလို့ တစ်ရွာလုံး သင်းချိုင်းကို ချီတက်ပြီး သွားကြည့်သော အခါ အေးကြည်မြက အခေါင်းထဲ တွင် ပုံစံမပျက် ဆေးဆရာကာ ခေါင်းတစ်ခုလုံး ကျေမွ ပျက်စီး နေလေသည်။

ထို့နောက် တစ်ရွာလုံးက နောက်လူများ ထိုကဲ့သို့ ထပ်လုပ်မည် စိုးရိမ်သောကြောင့် မိန်းကလေးအား မီးရှို့ပြီး သဂြိုလ်လိုက်လေသည်။

Source – ကမ္ဘာအရပ်ရပ်မှ မှော်ပညာနှင့် ထူးဆန်းထွေလာဖြစ်ရပ်ဆန်းများ

Credit – Sunthit