You are here
Home > KNOWLEDGE > ေရစက္ခ်ၿပီး လွဴျခင္းနဲ႔ ေရစက္ မခ်ဘဲ လွဴျခင္း ဘာေတြ ကြာျခားသလဲ

ေရစက္ခ်ၿပီး လွဴျခင္းနဲ႔ ေရစက္ မခ်ဘဲ လွဴျခင္း ဘာေတြ ကြာျခားသလဲ

ေရစက္မခ်ဘဲ လွဴတာကို “ဒါန”လို႔ ေခၚတယ္။

ေရစက္ခ်ျခင္းကို “ပတိၱဒါန”လို႔ ေခၚတယ္။

ေရစက္မခ်ဘဲလွဴလ်ွင္ ဒါနအက်ိဳးသက္သက္မ်ွကိုသာ ရတယ္။

ေရစက္ခ်တဲ့အတြက္ ဒါနအက်ိဳးမွ် မကဘူး ၊

ပတိၱဒါနအက်ိဳးကိုလည္း ရတယ္။

ပတိၱဒါနအေၾကာင္းကို အနည္းငယ္ ေျပာျပဦးမယ္။

ပတိၱ+ဒါန ဆိုတဲ့ ပုဒ္ႏွစ္ပုဒ္မွာ

ပတိၱဆိုတာ မိမိထံ ကုသိုလ္ေရာက္လာတာကို “ပတိၱ”လို႔ေခၚတယ္။

ဒါနဆိုတာကေတာ့ ေပးျခင္း။

ဒါေၾကာင့္ မိမိထံ ေရာက္လာတဲ့ ကုသိုလ္ကို

သူတစ္ပါးထံ အမ်ွေပးေဝျခင္းကို ပတိၱဒါန လို႔ေခၚတယ္။

ေရွးဦးစြာ တစ္စုံတစ္ခုေသာ ဝတၳဳကို လွဴတယ္။

ထိုသို႔ လွဴတဲ့အတြက္ ေရာက္လာတဲ့ ဒါနေစတနာကို“ပတိၱ”လို႔ ေခၚတယ္။

မိမိထံေရာက္လာတဲ့ ဒါနေစတနာကို

ၾကားၾကားသမ်ွ သာဓုေခၚေတာ္မူၾကပါလို႔

ေဝငွေပးတဲ့ ေစတနာကို “ပတိၱဒါန”လို႔ ေခၚတယ္။

ကိုယ္ရထားတဲ့ကုသိုလ္ကို သူတစ္ပါးတို႔အား ေပးလိုက္လ်ွင္

ကုိယ့္မွာကုသိုလ္ ကုန္သြားေရာ့လားလို႔ ေတြးမွားစရာ ရွိတယ္။

မီးတိုင္တစ္တိုင္ ထြန္းထားရာက

မီးတိုင္အမ်ား မီးလာကူးတဲ့အတြက္

မူလမီးရဲ႕ အေရာင္အလင္းဟာ ေလ်ာ့မသြားသည့္အျပင္

အလင္းေရာင္ ပိုလာသလို

မူလကုသိုလ္ရွင္မွာ ကုသိုလ္ မကုန္တဲ့အျပင္

ပတိၱဒါန ကုသိုလ္အက်ိဳးကိုပင္ ထပ္ၿပီးရေသးတဲ့အတြက္

ေရစက္မခ်ဘဲ လွဴလ်ွင္ ဒါနအက်ိဳး သက္သက္မ်ွသာ ရတယ္။

ေရစက္ခ် အလွဴေပးတဲ့အတြက္

ပတိၱဒါနအက်ိဳးကိုပါ ရတယ္လို႔ မွတ္သားသင့္တယ္။

ေရစက္ခ်စဥ္ ခံယူရမည့္စိတ္ထားက

႐ုပ္တရား နာမ္တရား မွန္သမ်ွ ျဖစ္ၿပီး ပ်က္တတ္တာခ်ည္းမို႔

မၿမဲတဲ့ အနိစၥဆိုတာလည္း ႐ုပ္နာမ္ပဲ ။

ဆင္းရဲတတ္တဲ့ ဒုကၡဆိုတာလည္း ႐ုပ္နာမ္ပဲ ။

ခိုင္မာမႈမရွိတဲ့ အနတၱဆိုတာလည္း ႐ုပ္နာမ္ပဲ ။

ဤကုသိုလ္ေၾကာင့္᠌᠌᠌ အနိစၥ ဒုကၡ အနတၱ ျဖစ္တဲ့

႐ုပ္နာမ္တို႔၏ ခ်ဳပ္ၿငိမ္းရာ နိဗၺာန္ကို မ်က္ေမွာက္ျပဳရပါလို၏’ လို႔္

မိမိစိတ္ကို နိဗၺာန္ဆီ ညႊတ္ထားရမွာ ျဖစ္တယ္။

ထီးခ်ိဳင့္ၿမိဳ႕ – တည္ေတာဆရာေတာ္ဘုရားႀကီး၏

ယေန႔ ဗုဒၶဝါဒဆိုင္ရာ အေမးအေျဖမ်ား (၆)စာအုပ္မွ-

( ေမး ) ( ေရစက္ခ် အမွ်ေ၀ )
အရွင္ဘုရား၊ ေရတြင္း၊ ေရကန္၊ ဘုရား၊ ေက်ာင္း၊ သိမ္၊ ဇရပ္မ်ား ေဆာက္လုပ္လွဴဒါန္းသည္မွအစ ဆြမ္းေကၽြး၊ ပရိတ္နာ၊ ရွင္ျပဳ၊ သီလခံယူ၊ တရားနာ စသည္၌ ေနာက္ပိတ္ဆံုး ေရစက္ခ်၊ အမွ်ေ၀၊ သာဓုေခၚ ျပဳလုပ္ၾကသည္မ်ားကို ေတြ႔ရပါသည္။

အကယ္၍မ်ား အထက္ေဖာ္ျပပါ အလွဴဒါနေကာင္းမႈမ်ား ျပဳလုပ္ျပီး ေရစက္ခ်၊ အမွ်ေ၀၊ သာဓုေခၚ မျပဳခဲ့ပါလွ်င္ ၄င္းျပဳလုပ္ခဲ့ေသာ အလွဴဒါနေကာင္းမႈအတြက္ ေကာင္းက်ိဳးခ်မ္းသာ၊ ကုသိုလ္မ်ား မရႏိုင္ဘူးလားဘုရား၊ အလွဴဒါန အထမေျမာက္ျခင္းေရာ ျဖစ္ႏိုင္ပါသလားဘုရား၊ ဘာပစၥည္းလွဴလွဴ ေရစက္ခ်၊ အမွ်ေ၀၊ သာဓုေခၚျပီးမွ ကုသိုလ္အက်ိဳး ခံစားရပါသလား ဘုရား၊ ေျဖၾကားေပးေတာ္မူပါ အရွင္ဘုရား။

( ဦး၀မ္း-၃-ရပ္ကြက္၊ ဥႆာျမိဳ႔သစ္၊ ပဲခူး )

( ေျဖ )

ေရစက္ခ်ျခင္းဟူသည္မွာ- အလွဴတခု လွဴဒါန္းရာ၌
၁။ လွဴဒါန္းျခင္း
၂။ ဆုေတာင္းျခင္းႏွင့္
၃။ အမွ်ေ၀ျခင္း ဟူ၍ အပိုင္း ၃-ပိုင္းရွိရာ ဤပစၥည္း ဤ၀တၳဳမ်ားကို လွဴဒါန္းပါ၏။

ဤသို႔လွဴဒါန္းရေသာေၾကာင့္ နိဗၺာန္မ်က္ေမွာက္ျပဳရပါလို၏။ ဤေကာင္းမႈ၏ အဖို႔ဘာဂကို သတၱ၀ါတို႔ ရရွိၾကပါေစ-ဟု စိတ္ေစတနာ ေလးေလးနက္နက္ျဖင့္ အမွ်ေ၀ရျခင္းမွာ ဘုရားအေလာင္း သူေတာ္ေကာင္းတို႔ ျပဳရိုးအစဥ္ပင္ ျဖစ္ပါသည္။

ေ၀ႆႏၲရာမင္းႀကီးသည္ ဒါနျပဳတိုင္း ေရစက္ခ်၊ အမွ်ေ၀ေလ့ရွိပါသည္။ ထိုေရစက္ခ် အမွ်ေ၀မႈသည္ပင္ မာရ္နတ္ စစ္တိုက္လာရာ၌ ဤေဗာဓိပင္ႏွင့္ ေရႊပလႅင္ကို ရေရး (သဗၺညဳတဉာဏ္ကိုရေရး) အတြက္ ေ၀ႆႏၲရာဘ၀တြင္ လွဴဒါန္း၍ ေရစက္ခ်ခဲ့သည္ကို ဤမဟာပထ၀ီေျမႀကီး အသိသက္ေသျဖစ္သည္ဟု သက္ေသျပဳသျဖင့္ ပထ၀ီေျမႀကီးက သက္ေသခံခဲ့ပါသည္။

အလွဴရွင္မွာ အျခား အကုသိုလ္အက်ိဳးေပး၍ ငရဲသို႔ ေရာက္သြားသည့္တိုင္ေအာင္ ယမမင္းက အမွ်ေပးေ၀ ဖူးသည္မဟုတ္ေလာ-ဟု သတိေပး၍ ကုသိုလ္ကို သတိရကာ ငရဲမွ လြတ္ႏိုင္ပါသည္။ ထို႔ျပင္လည္း ပုညကိရိယ ၀တၳဳ (ကုသိုလ္ေကာင္းမႈ) ၁၀-ပါးတြင္ အမွ်ေ၀ျခင္း (ပတၱိဒါန) သည္လည္း ဒါနစေသာ ကုသုိလ္တို႔ကဲ့သို႔ ကုသိုလ္ တမ်ိဳးျဖစ္ရာ ေရစက္ခ်၊ အမွ်ေ၀သျဖင့္ ကုသုိလ္တမ်ိဳး တိုးႏိုင္ပါေသးသည္။ အလွဴလွဴရာ၌ ဆုေတာင္းျခင္းမျပဳဘဲ လွဴျခင္းမွာ ေပးကမ္းျခင္းသက္သက္သာျဖစ္၍ နိဗၺာန္ကို ဆုေတာင္းမွ ဒါနပါရမီ ျဖစ္ႏိုင္ပါသည္။ ထို႔ေၾကာင့္ ပါရမီဒါန ျပဳလုပ္ၾကသူတိုင္း ဆုေတာင္းျခင္း စသည့္ ေရစက္ခ်မႈကို မျပဳမေန ျပဳလုပ္ၾကရပါသည္။

အ႐ွင္​ ​ေကသရ

credit…. မူရင္း

Unicode >>>

“ရေစက်ချလှူခြင်းနှင့် ရေစက်မချဘဲလှူခြင်း အကျိုးကွာခြားချက်”

ရေစက်မချဘဲ လှူတာကို “ဒါန”လို့ ခေါ်တယ်။

ရေစက်ချခြင်းကို “ပတ္တိဒါန”လို့ ခေါ်တယ်။

ရေစက်မချဘဲလှူလျှင် ဒါနအကျိုးသက်သက်မျှကိုသာ ရတယ်။

ရေစက်ချတဲ့အတွက် ဒါနအကျိုးမျှ မကဘူး ၊

ပတ္တိဒါနအကျိုးကိုလည်း ရတယ်။

ပတ္တိဒါနအကြောင်းကို အနည်းငယ် ပြောပြဦးမယ်။

ပတ္တိ+ဒါန ဆိုတဲ့ ပုဒ်နှစ်ပုဒ်မှာ

ပတ္တိဆိုတာ မိမိထံ ကုသိုလ်ရောက်လာတာကို “ပတ္တိ”လို့ခေါ်တယ်။

ဒါနဆိုတာကတော့ ပေးခြင်း။

ဒါကြောင့် မိမိထံ ရောက်လာတဲ့ ကုသိုလ်ကို

သူတစ်ပါးထံ အမျှပေးဝေခြင်းကို ပတ္တိဒါန လို့ခေါ်တယ်။

ရှေးဦးစွာ တစ်စုံတစ်ခုသော ဝတ္ထုကို လှူတယ်။

ထိုသို့ လှူတဲ့အတွက် ရောက်လာတဲ့ ဒါနစေတနာကို“ပတ္တိ”လို့ ခေါ်တယ်။

မိမိထံရောက်လာတဲ့ ဒါနစေတနာကို

ကြားကြားသမျှ သာဓုခေါ်တော်မူကြပါလို့

ဝေငှပေးတဲ့ စေတနာကို “ပတ္တိဒါန”လို့ ခေါ်တယ်။

ကိုယ်ရထားတဲ့ကုသိုလ်ကို သူတစ်ပါးတို့အား ပေးလိုက်လျှင်

ကိုယ့်မှာကုသိုလ် ကုန်သွားရော့လားလို့ တွေးမှားစရာ ရှိတယ်။

မီးတိုင်တစ်တိုင် ထွန်းထားရာက

မီးတိုင်အများ မီးလာကူးတဲ့အတွက်

မူလမီးရဲ့ အရောင်အလင်းဟာ လျော့မသွားသည့်အပြင်

အလင်းရောင် ပိုလာသလို

မူလကုသိုလ်ရှင်မှာ ကုသိုလ် မကုန်တဲ့အပြင်

ပတ္တိဒါန ကုသိုလ်အကျိုးကိုပင် ထပ်ပြီးရသေးတဲ့အတွက်

ရေစက်မချဘဲ လှူလျှင် ဒါနအကျိုး သက်သက်မျှသာ ရတယ်။

ရေစက်ချ အလှူပေးတဲ့အတွက်

ပတ္တိဒါနအကျိုးကိုပါ ရတယ်လို့ မှတ်သားသင့်တယ်။

ရေစက်ချစဉ် ခံယူရမည့်စိတ်ထားက

ရုပ်တရား နာမ်တရား မှန်သမျှ ဖြစ်ပြီး ပျက်တတ်တာချည်းမို့

မမြဲတဲ့ အနိစ္စဆိုတာလည်း ရုပ်နာမ်ပဲ ။

ဆင်းရဲတတ်တဲ့ ဒုက္ခဆိုတာလည်း ရုပ်နာမ်ပဲ ။

ခိုင်မာမှုမရှိတဲ့ အနတ္တဆိုတာလည်း ရုပ်နာမ်ပဲ ။

ဤကုသိုလ်ကြောင့်᠌᠌᠌ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်တဲ့

ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏’ လို့်

မိမိစိတ်ကို နိဗ္ဗာန်ဆီ ညွှတ်ထားရမှာ ဖြစ်တယ်။

ထီးချိုင့်မြို့ – တည်တောဆရာတော်ဘုရားကြီး၏

ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ (၆)စာအုပ်မှ-

( မေး ) ( ရေစက်ချ အမျှေ၀ )
အရှင်ဘုရား၊ ရေတွင်း၊ ရေကန်၊ ဘုရား၊ ကျောင်း၊ သိမ်၊ ဇရပ်များ ဆောက်လုပ်လှူဒါန်းသည်မှအစ ဆွမ်းကျွေး၊ ပရိတ်နာ၊ ရှင်ပြု၊ သီလခံယူ၊ တရားနာ စသည်၌ နောက်ပိတ်ဆုံး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် ပြုလုပ်ကြသည်များကို တွေ့ရပါသည်။

အကယ်၍များ အထက်ဖော်ပြပါ အလှူဒါနကောင်းမှုများ ပြုလုပ်ပြီး ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ် မပြုခဲ့ပါလျှင် ၎င်းပြုလုပ်ခဲ့သော အလှူဒါနကောင်းမှုအတွက် ကောင်းကျိုးချမ်းသာ၊ ကုသိုလ်များ မရနိုင်ဘူးလားဘုရား၊ အလှူဒါန အထမမြောက်ခြင်းရော ဖြစ်နိုင်ပါသလားဘုရား၊ ဘာပစ္စည်းလှူလှူ ရေစက်ချ၊ အမျှဝေ၊ သာဓုခေါ်ပြီးမှ ကုသိုလ်အကျိုး ခံစားရပါသလား ဘုရား၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။

( ဦးဝမ်း-၃-ရပ်ကွက်၊ ဥဿာမြို့သစ်၊ ပဲခူး )

( ဖြေ )

ရေစက်ချခြင်းဟူသည်မှာ- အလှူတခု လှူဒါန်းရာ၌
၁။ လှူဒါန်းခြင်း
၂။ ဆုတောင်းခြင်းနှင့်
၃။ အမျှဝေခြင်း ဟူ၍ အပိုင်း ၃-ပိုင်းရှိရာ ဤပစ္စည်း ဤဝတ္ထုများကို လှူဒါန်းပါ၏။

ဤသို့လှူဒါန်းရသောကြောင့် နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏။ ဤကောင်းမှု၏ အဖို့ဘာဂကို သတ္တဝါတို့ ရရှိကြပါစေ-ဟု စိတ်စေတနာ လေးလေးနက်နက်ဖြင့် အမျှဝေရခြင်းမှာ ဘုရားအလောင်း သူတော်ကောင်းတို့ ပြုရိုးအစဉ်ပင် ဖြစ်ပါသည်။

ဝေဿန္တရာမင်းကြီးသည် ဒါနပြုတိုင်း ရေစက်ချ၊ အမျှဝေလေ့ရှိပါသည်။ ထိုရေစက်ချ အမျှဝေမှုသည်ပင် မာရ်နတ် စစ်တိုက်လာရာ၌ ဤဗောဓိပင်နှင့် ရွှေပလ္လင်ကို ရရေး (သဗ္ဗညုတဉာဏ်ကိုရရေး) အတွက် ဝေဿန္တရာဘဝတွင် လှူဒါန်း၍ ရေစက်ချခဲ့သည်ကို ဤမဟာပထဝီမြေကြီး အသိသက်သေဖြစ်သည်ဟု သက်သေပြုသဖြင့် ပထဝီမြေကြီးက သက်သေခံခဲ့ပါသည်။

အလှူရှင်မှာ အခြား အကုသိုလ်အကျိုးပေး၍ ငရဲသို့ ရောက်သွားသည့်တိုင်အောင် ယမမင်းက အမျှပေးေ၀ ဖူးသည်မဟုတ်လော-ဟု သတိပေး၍ ကုသိုလ်ကို သတိရကာ ငရဲမှ လွတ်နိုင်ပါသည်။ ထို့ပြင်လည်း ပုညကိရိယ ဝတ္ထု (ကုသိုလ်ကောင်းမှု) ၁၀-ပါးတွင် အမျှဝေခြင်း (ပတ္တိဒါန) သည်လည်း ဒါနစသော ကုသိုလ်တို့ကဲ့သို့ ကုသိုလ် တမျိုးဖြစ်ရာ ရေစက်ချ၊ အမျှဝေသဖြင့် ကုသိုလ်တမျိုး တိုးနိုင်ပါသေးသည်။ အလှူလှူရာ၌ ဆုတောင်းခြင်းမပြုဘဲ လှူခြင်းမှာ ပေးကမ်းခြင်းသက်သက်သာဖြစ်၍ နိဗ္ဗာန်ကို ဆုတောင်းမှ ဒါနပါရမီ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပါရမီဒါန ပြုလုပ်ကြသူတိုင်း ဆုတောင်းခြင်း စသည့် ရေစက်ချမှုကို မပြုမနေ ပြုလုပ်ကြရပါသည်။

အရှင် ကေသရ

credit…. မူရင်း

Top
//thefacux.com/4/3018672