နောက်တစ်ယောက်ကို ထပ်ပြီးဝင်ပူးရတဲ့ အကြောင်းအရင်း..။

မဇာခြည်က မြမြဆိုတဲ့ ကောင်မလေးကိုပြောလိုက်လို့ နောက်တစ်ယောက်ဝင်ပူးသွားခဲ့ခြင်းဖြစ်

ခု ကျွန်တော်ပြောတဲ့ စကားကို ယုံချင်မှ ယုံပါလိမ့်မယ်။ ယုံပါ မယုံပါ မပြောချင်ပါ။ တိုက်ဆိုင်မှု ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။

ဒီနေ့ နေ့လည် ၁၂နာရီက မဇာခြည်နဲ့ ကျွန်တော် ဖုန်းပြောတယ်။ သူကလည်း စိတ်မကောင်း ငိုလျှက်။ အကို သမီး ဘယ်လိုလုပ်ရမလဲ။ အားလုံးက သမီးကို စိတ္တဇလို့ ပြောနေကြတယ်။ သမီးကို ရူးနေတယ်ဆိုပြီး ပုံချနေကြတယ်။ သမီးလည်း အရမ်းရှက်တယ်လို့ ပြောလာတယ်။

သူမ အနေနဲ့လည်း ရှက်ချင်စရာပါ။ ဘာလို့လဲဆိုတော့ ဘုမသိ ဘမသိဘဲ ဒီဖြစ်စဉ်တရားခံလို သူဖြစ်နေတော့ သူလည်း ကြောက်ရှာမှာပေါ့။

မြမြဆိုတဲ့ မိန်းခလေး အပြင်မှာ ပျောက်နေတာ မသိရ။ အလောင်းလည်း မတွေ့ဆိုတော့ အားလုံးက တရားခံ သူမဖြစ်နေရှာတာကိုး။

ဒါနဲ့ ကျွန်တော် အကြံတခုပေးလိုက်တယ်။ မြမြနဲ့ ညီမ အဆက်သွယ် တကယ်ရှိတယ်ဆိုရင် မြမြရေ.. နင့်ဖြစ်စဉ်တွေကို ငါ့တယောက်တည်း ၀င်ပူးပြောမနေနဲ့။

စက်ရုံမှာ ရှိတဲ့ နင်ပူးပြီး ပြောလို့ရမဲ့ သူတစ်ယောက်ကို နင်ဝင်ပူးပြီး ပြောပေးပါလို့ ပြောလိုက်လို့။ နင့်တုန်းကလည်း ငါကူညီ ခဲ့ရတာ ငါ့လည်း ပြန်ကူညီဟာ လို့ပြောလိုက် အကြံပေးခဲ့လိုက်တယ်။

သိပ်မကြာဘူး နေ့လည် ၃နာရီကျော်မှာ စက်ရုံက နောက်တစ်ယောက်ကို ထပ်ဝင်ပူးတယ်ဖြစ်လာတယ်။ဒါနဲ့ မဇာခြည်ကို ဖုန်းဆက်ပြောလိုက်တော့ သူတို့တအိမ်လုံး အော်ပြီး ၀မ်းသာနေကြတယ်။ မဇာခြည်က မြမြဆိုတဲ့ ကောင်မလေးကို အဲလိုပြောလိုက်တာကို တအိမ်လုံးက သိတယ်။ ကြားတယ်။ တကယ်ဖြစ်လာလို့ ၀မ်းသာနေကြတယ်။

တိုက်ဆိုင်မှု ဖြစ်ပါစေ…မြမြေ ညီမလေးရေ…ဓာတ်ပုံမှာ သတင်းဌာနက တင်ထားသောပုံဖြစ်ပါသည်။ Credit : Aung Ko Ko



ရုပ်သံဖိုင်ကြည့်ရန်


သင်္ကြန်တွင်းမှာ အသတ်ခံခဲ့ရပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ၀င်ပူးပြောခဲ့တဲ့ ဗီဒီယိုဖိုင်တွေကြောင့် အုပ်ချုပ်ရေးမှူးရဲတွေနဲ့ စက်ရုံက တာဝန်ရှိသူတွေက အပူတပြင်းစုံစမ်းပြီး မဟုတ်မှန်ဘူးလို့ ငြင်းဆိုထားကြပါတယ်။


Unicode Version

မြမြ၏ဝိညာဉ် ကျောက်စိမ်းဖိနပ်စက်ရုံမှ အမျိုးသမီးဝန်ထမ်းနောက်ထပ်တဦးအား ထပ်မံပူးကပ်ပြန်

မနေ့ နေ့လယ်ပိုင်းက ကျောက်စိမ်းဖိနပ်စက်ရုံဝင်းအတွင်းမှာ မြမြရဲ့ ဝိညဉ်က အမျိုးသမီးတစ်ဦးကို ထပ်မံ ပူးခဲ့တယ်လို့သိရပါတယ်။ ပူးကပ်ခံရသူကို ဘုန်းကြီးကျောင်းကို ခေါ်သွားခဲ့ပြီး ဆရာတော်ကိုယ်တိုင် မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရုပ်သံဖိုင်ကြည့်ရန်

လူမှုကွန်ရက်မှာခုရက်ပိုင်း နာမည်ကြီးပြီး လူအများစိတ်ဝင်စားနေတဲ့ မြမြ အမှုက ပိုပြီးရှုပ်ထွေးလာခဲ့ပါပြီ။

သြင်္ကန်တွင်းမှာ အသတ်ခံခဲ့ရပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ဝင်ပူးပြောခဲ့တဲ့ ဗီဒီယိုဖိုင်တွေကြောင့် အုပ်ချုပ်ရေးမှူးရဲတွေနဲ့ စက်ရုံက တာဝန်ရှိသူတွေက အပူတပြင်းစုံစမ်းပြီး မဟုတ်မှန်ဘူးလို့ ငြင်းဆိုထားကြပါတယ်။

ဒါပေမယ့် ယုံရခက်ခက် ဖြစ်နေတဲ့ ဝိညာဉ်ဇာတ်လမ်းက နောက်ထပ်ပေါ်ထွက်လာခဲ့ပြန်ပါပြီ။