ဧငြိမ်းဖြူရဲ့ မွေးနေ့အလှူမှာ ပျော်ရွှင်ကြည်နူးနေကြတဲ့ ရဲရင့်အောင်တို့စုံတွဲ

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူဟာ ချစ်သူသက်တမ်း နှစ်နှစ်ဝန်းကျင်ရှိပြီဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ကြသလိုလိုက်ဖက်လှတြဲ့လူငယ်အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ ဧငြိမ်းဖြူက ရဲရင့်အောင်ကို နားလည်မှုရှိရှိနဲ့ ချစ်ပေးသလို ရဲရင့်အောင်ကလည်း ဧကိုသစ္စာရှိရှိနဲ့ လက်တွဲလာခဲ့တာဖြစ်ပါတယ်။

ရဲရင့်အောင်ရဲ့ပရိသတ်တွေကလည်း နေရာတကာလိုက်ချုပ်ချယ်တာမျိုးမရှိပဲ နားလည်မှုရှိပြီးနာမည်နဲ့လိုက်အောင် အေးချမ်းတဲ့ ဧငြိမ်းဖြူကို တဖြည်းဖြည်းနဲ့ပိုချစ်လာကြပြီး ဝိုင်းသဘောတူနေကြတာလည်းဖြစ်ပါတယ်။ ဒီနေ့၂၄.၄.၂၀၁၉ မှာ ကျရောက်လာတဲ့ ဧငြိမ်းဖြူရဲ့မွေးနေ့အတွက် မွေးနေ့အလှူကို သူတို့ချစ်သူနှစ်ယောက်က ၂၁ ရက်နေ့ကတည်းကတွံတေးမြို့မှာရှိတဲ့ မင်္ဂလာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာလေးမှာ သွားရောက်ပြီး လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

ဧငြိမ်းဖြူက မွေးနေ့အလှူသွားရာမှာ အနီရဲရဲဝတ်စုံလေးနဲ့ နှင်းဆီနီလေးတစ်ပွင့်လို လန်းဆန်းလှပနေခဲ့ပြီး ရဲရင့်အောင်ကတော့ထုံးစံအတိုင်း အနက်ရောင်အင်္ကျီလေးနဲ့ အနီကွက်လုံချည်လေးနဲ့ ရိုးရှင်းစွာချောမောနေခဲ့ပါတယ်။ သူတို့ချစ်သူနှစ်ယောက်တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းဆုံ လက်ချင်းတွဲပြီး ရယ်မောပျော်ရွှင်နေပုံဟာ ကြည့်ရတဲ့ပရိသတ်တွေကိုပါ ပျော်ရွှင်မှုတွေကူးစက်စေသလိုပါပဲ။ကလေးစိတ်မပျောက်တတ်သေးတဲ့ ဧလေးက ပရဟိတဂေဟာမှာ ကလေးတွေနဲ့အတူ ဆော့ကစားနေခြဲ့ပီး လူကြီးအရမ်းဆန်တဲ့ ရဲရင့်အောင်ကတော့ချစ်သူလေးပျော်ရွှင်နေတာကိုငေးရင်း ရယ်မောနေတာတွေ့ရပါတယ်။ ဧငြိမ်းဖြူက သူ့ရဲ့မွေးနေ့မှာ မိဘနှစ်ပါးကို ရထားတဲ့ အနုပညာကြေးလေး ငွေ (၁၀)သိန်းနဲ့ကန်တော့ခဲ့တယ်လို့လည်း လူမှုကွန်ယက်မှာတင်ထားခဲ့ပါတယ်။

ဧငြိမ်းဖြူက သူမရဲ့လူမှုကွန်ယက်မှာ မွေးနေ့အလှူအကြောင်း “ဒီနေ့ မွေးနေ့အကြိုလေးလုပ်ဖြစ်ပါတယ်ချစ်ရတဲ့သူတွေရယ် ပြီးတော့QueenieA လေးတို့နဲ့ နှစ်တိုင်းမပျက်မကွက်အလှူဒါန်းလုပ်ရတဲ့ပီတိက ဘာနဲ့မှမတူပါဘူး …A သွားရောက်လှူဒါန်းခဲ့တာ တွံတေးမြို့မှာရှိတဲ့ “မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ” လေးပါမိဘမဲ့ကလေးပေါင်း ( ၈၀၀ ) ကျော်ရှိပါတယ်။ A ကိုမွေးထုတ်ပေးတဲ့ ချစ်ရတဲ့အမေနဲ့အဖေကိုလဲငွေကျပ် ( 10 ) သိန်းနဲ့လဲကန်တော့ဖြစ်ပါတယ်။

A အနုပညာကြေးငွေလေးတွေနဲ့လုပ်ရတဲ့ အလှူဒါန်းလေးမို့ပရိသတ်တွေရှိမှ ဒီလိုချစ်ရတဲ့အလုပ်လေးဆကိလုပ်ခွင့်ရလို့ အားလုံးကိုယ်စားလှူဒါနိးခဲ့တဲ့ အလှူဒါန်းလေးမို့လဲအားလုံး နတ်လူသာဓုခေါ်စေသော် “ဆိုတဲ့စာသားလေးနဲ့ ကြည်နူးဖွယ်ဓာတ်ပုံလေးတွေနဲ့ ရေးတင်ထားတာတွေ့ရပါတယ်။ 7th Sense creation page က လုပ်ပေးထားတဲ့ ဧငြိမ်းဖြူရဲ့ကြည်နူးစရာမွေးနေ့အလှူ video လေးကို ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

လိုက်ဖက်ညီလှတဲ့ ရဲရင့်အောင်နှင့်ဧငြိမ်းဖြူ တို့စုံတွဲလေး 🥰🥰Happy Birthday ပါ ဧငြိမ်းဖြူ 🎂🎂 …မနက်ဖြန် ( ၂၄.၄.၂၀၁၉) မှာကျရောက်လာမယ့် မွေးနေ့မှစလို့ နောင်နှစ်ပေါင်းများစွာတိုင် လိုရာဆုတောင်းတိုင်းပြည့်ပါစေလို့ 7th Sense Creation မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်… ❤❤#ANyeinPhyu#7thSenseCreation

 

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူအတွဲလေးကို ချစ်ကြလား။ သူတို့နှစ်ယောက်အတူတူတွဲပြီး အနုပညာလုပ်ငန်းတွေလုပ်စေချင်ကြလား။နှစ်ယောက်အတူတူလုပ်ထားတဲ့ အနုပညာလက်ရာတွေထွက်လာရင်ရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Share From nanmalgyi