ပရိသတ်တွေကိုလန့်ဖျပ်သွားစေတဲ့သဉ္ဇာဝင့်ကျော်ရဲ့ချစ်သူ

မနေ့ကကျနော်တို့တင်ဆက်ပေးခဲ့တဲ့ သဉ္ဇာဝင့်ကျော်ဓာတ်ပုံထဲက တက်တူးအပြည့်နဲ့လက်ကြီးဟာဆိုရင် အခုပိုပြီး အရှိန်တက်လို့လာပါပြီ။ သဉ္ဇာဝင့်ကျော်ရဲ့တချို့ယောက်ျားလေးပရိသတ်တွေဆိုရင် ကြေကြေကွဲကွဲနဲ့ Comment တွေရေးနေရတဲ့အထိပါပဲ ။ အမြဲတမ်းအဆန်းထွင်လေရှိတဲ့သူတစ်ယောက်လည်းဖြစ်တာမို့ သဉ္ဇာဝင့်ကကျော်ဒီတစ်ခုကိုဘယ်လိုဖြေရှင်းသွားမလဲဆိုတာကလည်း အတော့်ကိုစိတ်ဝင်စားစရာအချက်တစ်ချက်ပါ ။ အခုကျနော်တို့ ပြောချင်လွန်းလို့မိတ်ဆွေတွေကိုတင်ဆက်ပေးမယ့်အရာကတော့ သဉ္ဇာဝင့်ကျော်ဓာတ်ပုံထဲက တက်တူးအပြည့်နဲ့ လက်ကြီးအကြောင်းပဲဖြစ်ပါတယ် ။

အဲ့ဒီလက်နဲ့ ဓာတ်ပုံတွေတက်လာပြီးတဲ့နောက်မှာတော့ ပရိသတ်တော်တော်များများဟာ လက်ပိုင်ရှင်ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်တစားလိုက်ရှာကြပါတယ် ။ Social Media တွေ အားကောင်းနေတဲ့ခေတ်ကြီးမှာ တော်ရုံကိစ္စတွေဟာ လွယ်လွယ်နဲ့ဖုံးဖိထားလို့မရပါဘူး ။ ဒီလိုပါပဲ အခုသဉ္ဇာဝင့်ကျော်ရဲ့တက်တူးအပြည့်လက်ပိုင်ရှင်ဟာလည်းပေါ်လာခဲ့ပါပြီ ။သူတို့ဟာဘယ်လိုအခြေအနေရှိလဲဆိုနာသေချာမသိကြပေမယ့်လည်း ။ ကျနော်တို့ရိုးရာအယူအဆတွေအရတော့ သူတို့ကို ချစ်သူတွေလို့သမုတ်နေကြပါပြီ ။ ဒစ်ဂျစ်တယ် ခေတ်ကြီးဟာ နာမည်ကြီးကျော်ကြားသူတွေရဲ့လွတ်လပ်မှုကိုပိုပြီးအနှောက်ယှက်ဖြစ်စေတာလား သူတို့ကိုပိုပြီး နာမည်ကျော်ကြားစေတာလားဆိုတာကတော့စဉ်းစားစရာတစ်ခုဖြစ်နေပါပြီ။

သူရဲ့ဓာတ်ပုံထဲတက်တူးပိုင်ရှင်က Instagram မှာ enjoytavie ဆိုတဲ့အကောင့်ပိုင်ရှင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတစ်ယောက်ဖြစ်တယ်ဆိုပြိးတော့လည်း Socia Media တွေပေါ်မှာဖော်ပြနေကြပါတယ် ။ဘာပဲဖြစ်ဖြစ်ပေါ့ သူတို့တကယ်ပဲချစ်သူတွေဖြစ်နေကြရင်တောင် ပရိသတ်တွေကအားပေးမပြတ်ဆက်လက်အားပေးနေမယ်ဆိုတာကြီးကိုသက်သေပြလိုက်ကြပါစို့ ။ မတ်မတ်သဉ္ဇာရဲ့ပုံအလန်းတွေလည်းဒီထက်အများကြီးထွက်လာနိုင်ပါစေ ။အချစ်ရေးမှာလည်းပျော်ရွှင်သာယာနိုင်ပါစေလို့ ယောက်ျားထူကြီးကိုယ်စားဆုတောင်းပေးလိုက်ရင်း သူတို့နှစ်ယောက်ဘာတွေဆိုတာ တွေးကြည့်လို့ရနိုင်တဲ့ဓာတ်ပုံတွေကို ကျနော်တို့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ ။ မိတ်ဆွေအမြင်လေးတွေကိုလည်းပြန်လည်မျှဝေခဲ့ကြပါဦး။

Share From nanmalgyi