
Zawgyi ျဖင့္ဖတ္၇န္
ယေန႔ေခတ္ ကေလးအမ်ားစုက အျပင္ထြက္ၿပီး ေဆာ့ကစားတာေတြထက္စာရင္ စမတ္ဖုန္း၊ ကြန္ပ်ဴတာ ႏွင့္ တက္ဘလပ္ တို႔ကိုသာ အသံုးျပဳၿပီး ေဆာ့ကစားလာၾကတာကို ျမင္ေတြ႕ရပါတယ္။ ဒီလိုမ်ိဳး ဖုန္းေတြနဲ႔ အခ်ိန္ၾကာၾကာ ေဆာ့ကစားျခင္းေၾကာင့္ ကေလးေတြရဲ႕ အျမင္အာရံုေတြကို ထိခိုက္ေစပါတယ္။ ဒီလိုမ်ိဳးဖုန္းေတြကို ၾကည့္ၿပီး စြဲစြဲျမဲျမဲ ေဆာ့ေနျခင္းေၾကာင့္ ကေလးေတြဟာ အရြယ္မတိုင္မီမွာပဲ မ်က္စိအနီးမႈန္ျခင္းကို ျဖစ္ေစပါတယ္။
ကေလးေတြအတြက္ အနီးမႈန္လာတဲ့ ျပႆနာကို ေျဖရွင္းႏိုင္ဖို႔ဆိုရင္ ကေလးေတြကို အျပင္ထြက္ၿပီး ေနေရာင္ျခည္ေအာက္မွာ ကိုယ္လက္လႈပ္ရွားၿပီး ေဆာ့ကစားေစျခင္းက အဆင္ေျပေစႏိုင္လိမ့္မည္ဟု ကၽြမ္းက်င္သူမ်ားက အၾကံေပးခဲ့ၾကပါတယ္။
ဒါ့အျပင္ ကေလးေတြကို ဘီတာမင္ A, C, E ပါတဲ့ သဘာဝသစ္သီးနဲ႔ ဟင္းသီးဟင္းရြက္တို႔ကိုလည္း ေကၽြးဖို႔လိုအပ္ပါတယ္။ အိုမီဂါ ၃ လို႔ေခၚတဲ့ အဟာရအက္ဆစ္ဓါတ္ဟာ မ်က္လံုးနဲ႔ ေက်ာ႐ိုးတို႔အတြက္ မ်ားစြာအေထာက္အကူ ျဖစ္ေစပါတယ္။ ျဖစ္ႏိုင္ရင္ ပံုမွန္မ်က္စိ အျမင္အာရံုစစ္ေဆးမႈလည္း ခံယူသင့္ပါတယ္။
ပေရာ္ဖက္ဆာ Chris Hammond က အနီးမႈန္သူေတြဟာ ယခင္ကထက္၊ ယခုဆယ္စုႏွစ္အတြင္းမွာ သိသိသာသာ မ်ားျပားလာခဲ့တယ္ လို႔ဆိုပါတယ္။ အေရွ႕အာရွ၊ စင္ကာပူ၊ ထိုင္၀မ္ ႏွင့္ ေတာင္ကိုးရီးယားတို႔မွာ ဆိုလွ်င္ ၁၈ ႏွစ္ေအာက္လူငယ္ေတြ ရဲ ႔ ၉၀ ရာခိုင္ႏႈန္းဟာ အနီးမႈန္ျခင္းကိုခံစားေနရပါတယ္။ Europe မွာဆို လွ်င္ အသက္၂၀ ေအာက္လူလတ္ပိုင္း ၄၀ မွ ၅၀ ရာခုိင္နႈန္းခန္႔ဟာ အနီးမႈန္ကို ခံစားေနရပါတယ္။ ဒီလို အနီး မႈန္ျခင္းခံစားရသူ ဦးေရဟာ ၂၀ ရာစုေနာက္ပိုင္းမွစ၍ ၂၀ မွ ၃၀ ရာခိုင္ႏႈန္းထိ တိုးပြားလာခဲ့ပါတယ္။
popolay
Unicodeဖြင့်ဖတ်ရန်
ယနေ့ခေတ် ကလေးအများစုက အပြင်ထွက်ပြီး ဆော့ကစားတာတွေထက်စာရင် စမတ်ဖုန်း၊ ကွန်ပျူတာ နှင့် တက်ဘလပ် တို့ကိုသာ အသုံးပြုပြီး ဆော့ကစားလာကြတာကို မြင်တွေ့ရပါတယ်။ ဒီလိုမျိုး ဖုန်းတွေနဲ့ အချိန်ကြာကြာ ဆော့ကစားခြင်းကြောင့် ကလေးတွေရဲ့ အမြင်အာရုံတွေကို ထိခိုက်စေပါတယ်။ ဒီလိုမျိုးဖုန်းတွေကို ကြည့်ပြီး စွဲစွဲမြဲမြဲ ဆော့နေခြင်းကြောင့် ကလေးတွေဟာ အရွယ်မတိုင်မီမှာပဲ မျက်စိအနီးမှုန်ခြင်းကို ဖြစ်စေပါတယ်။
ကလေးတွေအတွက် အနီးမှုန်လာတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင် ကလေးတွေကို အပြင်ထွက်ပြီး နေရောင်ခြည်အောက်မှာ ကိုယ်လက်လှုပ်ရှားပြီး ဆော့ကစားစေခြင်းက အဆင်ပြေစေနိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများက အကြံပေးခဲ့ကြပါတယ်။
ဒါ့အပြင် ကလေးတွေကို ဘီတာမင် A, C, E ပါတဲ့ သဘာဝသစ်သီးနဲ့ ဟင်းသီးဟင်းရွက်တို့ကိုလည်း ကျွေးဖို့လိုအပ်ပါတယ်။ အိုမီဂါ ၃ လို့ခေါ်တဲ့ အဟာရအက်ဆစ်ဓါတ်ဟာ မျက်လုံးနဲ့ ကျောရိုးတို့အတွက် များစွာအထောက်အကူ ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် ပုံမှန်မျက်စိ အမြင်အာရုံစစ်ဆေးမှုလည်း ခံယူသင့်ပါတယ်။
ပရော်ဖက်ဆာ Chris Hammond က အနီးမှုန်သူတွေဟာ ယခင်ကထက်၊ ယခုဆယ်စုနှစ်အတွင်းမှာ သိသိသာသာ များပြားလာခဲ့တယ် လို့ဆိုပါတယ်။ အရှေ့အာရှ၊ စင်ကာပူ၊ ထိုင်ဝမ် နှင့် တောင်ကိုးရီးယားတို့မှာ ဆိုလျှင် ၁၈ နှစ်အောက်လူငယ်တွေ ရဲ့ ၉၀ ရာခိုင်နှုန်းဟာ အနီးမှုန်ခြင်းကိုခံစားနေရပါတယ်။
Europe မှာဆို လျှင် အသက်၂၀ အောက်လူလတ်ပိုင်း ၄၀ မှ ၅၀ ရာခိုင်နှုန်းခန့်ဟာ အနီးမှုန်ကို ခံစားနေရပါတယ်။ ဒီလို အနီး မှုန်ခြင်းခံစားရသူ ဦးရေဟာ ၂၀ ရာစုနောက်ပိုင်းမှစ၍ ၂၀ မှ ၃၀ ရာခိုင်နှုန်းထိ တိုးပွားလာခဲ့ပါတယ်။