
နိုင်ငံကျော်သရုပ်ဆောင်နှင့်အဆိုတော် ချစ်သုဝေက အားပေးသူပရိသတ်အခိုင်အမာနဲ့ အချိန်ကြာကြာရပ်တည်နေနိုင်သူတစ်ဦးဖြစ်ပါတယ်။ ချစ်သုဝေက သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုလေးကို သာယာလှပအောင် တည်ဆောက်နေသူတစ်ဦးဖြစ်ပါတယ်။ ချစ်သုဝေက အဆိုတော်လင်းလင်းနဲ့ လက်ထပ်ခဲ့ပြီးနောက် အရုပ်လေးတွေလို ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ဦးကို မွေးဖွားထားတာပဲ ဖြစ်ပါတယ်။
ချစ်သုဝေဟာ လက်ရှိမှာတော့ သူမရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့ သစ်တို့နဲ့အတူတူ တောင်ကိုရီးယားနိုင်ငံကို အလည်အပတ် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ကိုရီးယားရောက်ခိုက် ကိုရီးယားက နာမည်ကြီး အထင်ကရ နေရာတွေကို သားအမိတွေ ပျော်ပျော်ပါးပါးနဲ့ သွားရောက်လည်ပတ်ခဲ့ပြီး ချစ်စရာကောင်းတဲ့ ဓာတ်ပုံလှလှလေးတွေကို အများကြီး ရိုက်ကူးခဲ့ပါတယ်။
လတ်တလောမှာတော့ ချစ်သုဝေက ကလေးတွေအရမ်းကြိုက်တဲ့ Everland မှာ သမီးလေးတွေထက်ပိုပျော်နေတဲ့အကြောင်းကို “Everland မသွားခင်,,, me… သမီးလေးတွေကိုပို့ပေးချင်တာလေ.. မမကြီး… Everland မှာ လည်နေစဉ်,,, me…
မမကြီး…မင်းကိုပဲ ထိန်းမရဖြစ်နေတာ ကလေးတွေထက် မင်းကပိုဆိုးနေတာ,,,
” ဆိုပြီး ချစ်စရာကောင်းအောင် ရေးသားထားတာပါ။
သမီးလေးတစ်ယောက်စီချီပြီး လျှောက်လည်နေတဲ့ ချစ်သုဝေတို့ ညီအမနှစ်ယောက်
မေမေချစ်သုဝေကတော့ လျှောက်လည်ရင်း ကလေးလည်းထိန်းနေရတာပေါ့နော်…
ခေတ်နဲ့သစ်ကတော့ မေမေ တီတီတို့နဲ့ လျှောက်လည်ရင်း ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ခေတ်နဲ့သစ်တို့ရဲ့ ချစ်စရာအမူအယာလေးတွေကို ကြည့်ပြီး သဘောကျနေလောက်ပြီ ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Myint Myat
Source: Chit Thu Wai’s Facebook
Share From Lovely Myanmar