အွန်လိုင်းပေါ်မှာ တွေ့တဲ့ နွမ်းပါးလွန်းတဲ့ အမေအိုကြီးကို အိမ်တိုင်ရာရောက် အလှူငွေတွေ သွားလှူခဲ့တဲ့ စူးရှထက်

အရမ်းကိုလန်းတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မလေး စူးရှထက်ကတော့ ပျော်ပျော်နေတတ်သူလေးမို့ လက်ရှိမှာ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားသူလေးပဲ ဖြစ်ပါတယ်။ အမြဲလိုလို သူမတတ်နိုင်တာလေးနဲ့ နွမ်းပါးသူတွေကို ကူညီလေ့ရှိတဲ့ စူးရှထက်ကတော့ လတ်တလောမှာလည်း အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ နွမ်းပါးတဲ့ ဖျာရောင်းတဲ့အမယ်အိုကြီးကို အိမ်တိုင်ရာအကောက် သွားပြီး အလှူငွေလှူဒါန်းခဲ့တာ တွေ့ရပါတယ်။ စူးရှထက်ကဲ့အလှူကြောင့် ဖျာရောင်းတဲ့အမယ်ကြီးခင်မျာ ပျော်ရွှင်ကြည်နူးနေတာလည်း တွေ့ရပါတယ်နော်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အွန်လိုင်းပေါ်မှာ တွေ့တဲ့ နွမ်းပါးလွန်းတဲ့ အမေအိုကြီးကို အိမ်တိုင်ရာရောက် အလှူငွေတွေ သွားလှူခဲ့တဲ့ စူးရှထက်ရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

စူးရှထက်ကတော့ “မေကြီး ဖျာရောင်းနေတာလိုင်းပေါ်တက်လာတာတွေ့တော့ စုံစမ်းကြည့်တော့ ဝက်ထီးကန်မှာနေတာတဲ့နောက်ဆုံးတော့လည်း ဝက်ထီးကန်ထိသွားပြီး တတ်နိုင်တာလေးနဲ့ အမေကြီးရဲ့ လောကဓံအပူကို အစိတ်တပိုင်းကူညီပေးခဲ့တယ်” ဆိုပြီး နွမ်းပါးသူကို ကူညီပြီး ကုသိုလ်ပြုခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ဖျာရောင်းတဲ့ အမေအိုကြီးရဲ့ အိမ်လေး

ဖော်ရွေလွန်းတဲ့ ရွာသူ ရွာသားတွေနဲ့ စူးရှထက်

စူးရှထက်ကတော့ ပြီးခဲ့တဲ့ သူမရဲ့ နာကျင်စရာအတိတ်တွေကိုမေ့ထားပြီး လတ်တလောမှာ အနုပညာအလုပ်တွေ အကောင်းဆုံးလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သီချင်း MVတွေမှာလည်း သရုပ်ဆောင်နေရပြီဖြစ်တဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးပါ။ မိဘကိုသိတတ်တဲ့ သမီးလိမ္မာလေး စူးရှထက်ကတော့ သူမရဲ့လုပ်အားခနဲ့ မိဘကိုလုပ်ကျွေးနေသူလေးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုကြည်နူးဖို့ကောင်းတဲ့ စူးရှထက်ရဲ့ အလှူကို သာဓုခေါ်သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source: Zar Chi’s Facebook

Share From Lovely Myanmar