
မႏၱေလးတိုင္းေဒသႀကီးအတြင္းေဆးေျခာက္စိုက္ေသာ အေမရိကန္ႏိုင္ငံသားမ်ားႏွင့္ျမန္မာႏိုင္ငံသားမ်ားကိုဖမ္းဆီးလိုက္ေၾကာင္း ျမန္မာႏိုင္ငံ မူးယစ္ဗဟိုက ထုတ္ျပန္လိုက္သည္။
မႏၱေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႔ဝင္မ်ား၊ ဓာတုေဗဒစစ္ေဆးေရးဌာနခြဲ (မႏၱေလး)၊ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈဦးစီးဌာန၊ မူးယစ္တပ္ဖြဲ႔ခြဲ(၁)မႏၱေလးမွ တပ္ဖြဲ႔ဝင္မ်ား၊ မူးယစ္တပ္ဖြဲ႔စု(၁၈)မႏၱေလး(ေတာင္)မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ဧၿပီလ ၂၂ ရက္က မႏၱေလးတိုင္း ေဒသႀကီး၊ ျမင္းျခံခရိုင္၊ ငါန္းဇြန္ၿမိဳ႕နယ္၊ မႏၱေလးၿမိဳ႕သာစက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္ဝင္း၊ အမွတ္(၂)လုပ္ကြက္အတြင္းရွိ III M Glabal Nutracetical Company စိုက္ခင္းသို႔ သည္ သတင္းအရသြားေရာက္စစ္ေဆးခဲ့ၾကၿပီးေနာက္ ယင္းသို႔ဖမ္းဆီးလိုက္ျခင္း ျဖစ္သည္။
စိုက္ခင္း ဧက ၂၀ တြင္ ေဆးေျခာက္ အပင္ေပါင္း ၃၄၉,၂၉၀ ခန္႔၊ပ်ိဳးပင္ ၅၂၀ဝ ခန္႔ရွိဆာလာအိတ္ ၁၉ အိတ္အတြင္းမွ ေဆးေျခာက္အေစ့ (မ်ိဳးေစ့) ၃၈၀ ကီလို၊ ဖန္ပုလင္းအတြင္းမွ ေဆးေျခာက္အဆီ ၁,၈၀၄ ဂရမ္၊ Formic Acid ၁ လီတာ၊ အက္သေနာ အရည္ ၄၅.၆ လီတာ၊ အယ္ကိုေဟာအရည္ ၂၂.၈ လီတာ၊ Bio Maxs အစိမ္းေရာင္အရည္ ၆ လီတာ၊ Acetone အရည္ ၅ လီတာ၊ Acetonitrile အရည္ ၅ လီတာ၊ Concort Water ၃ လီတာ၊ Methonal အရည္ ၁၂.၅ လီတာ၊ အမိုနီယမ္ေဖာ့စဖိတ္ ၅၀ဝ ဂရမ္ပါ ေမာ္ေတာ္ယာဥ္ ၂ စီး၊ ေဆးေျခာက္ ၂၇၀.၅ ကီလိုႏွင့္ ဆက္စပ္ပစၥည္းမ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္းယင္းထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
လတ္တေလာတြင္အေမရိကန္ႏိုင္ငံသား Mr. John Fredric Todoroki (၆၃)ႏွစ္ကိုသာ ဖမ္းမိၿပီး Mr. Alexander Skemp Todoroki (၄၉)ႏွစ္ကိုမူ ဖမ္းဆီးမရေသးေၾကာင္း၊ယင္းတို႔ႏွင့္အတူရွိန္းလတ္(၃၇)ႏွစ္၊ မရႊန္းလဲ့ျမတ္ႏိုး(၂၃)ႏွစ္တို႔ကိုလည္း မူးယစ္ ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။
Credit – ျပည္ျမန္မာ
Unicode
မန္တလေးတိုင်းဒေသကြီးအတွင်းဆေးခြောက်စိုက်သော အမေရိကန်နိုင်ငံသားများနှင့်မြန်မာနိုင်ငံသားများကိုဖမ်းဆီးလိုက်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဗဟိုက ထုတ်ပြန်လိုက်သည်။
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ဓာတုဗေဒစစ်ဆေးရေးဌာနခွဲ (မန္တလေး)၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ မူးယစ်တပ်ဖွဲ့ခွဲ(၁)မန္တလေးမှ တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေး(တောင်)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၂၂ ရက်က မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မန္တလေးမြို့သာစက်မှုဥယျာဉ်မြို့တော်ဝင်း၊ အမှတ်(၂)လုပ်ကွက်အတွင်းရှိ III M Glabal Nutracetical Company စိုက်ခင်းသို့ သည် သတင်းအရသွားရောက်စစ်ဆေးခဲ့ကြပြီးနောက် ယင်းသို့ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
စိုက်ခင်း ဧက ၂၀ တွင် ဆေးခြောက် အပင်ပေါင်း ၃၄၉,၂၉၀ ခန့်၊ပျိုးပင် ၅၂ဝဝ ခန့်ရှိဆာလာအိတ် ၁၉ အိတ်အတွင်းမှ ဆေးခြောက်အစေ့ (မျိုးစေ့) ၃၈၀ ကီလို၊ ဖန်ပုလင်းအတွင်းမှ ဆေးခြောက်အဆီ ၁,၈၀၄ ဂရမ်၊ Formic Acid ၁ လီတာ၊ အက်သနော အရည် ၄၅.၆ လီတာ၊ အယ်ကိုဟောအရည် ၂၂.၈ လီတာ၊ Bio Maxs အစိမ်းရောင်အရည် ၆ လီတာ၊ Acetone အရည် ၅ လီတာ၊ Acetonitrile အရည် ၅ လီတာ၊ Concort Water ၃ လီတာ၊ Methonal အရည် ၁၂.၅ လီတာ၊ အမိုနီယမ်ဖော့စဖိတ် ၅ဝဝ ဂရမ်ပါ မော်တော်ယာဉ် ၂ စီး၊ ဆေးခြောက် ၂၇၀.၅ ကီလိုနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်းယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
လတ်တလောတွင်အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki (၆၃)နှစ်ကိုသာ ဖမ်းမိပြီး Mr. Alexander Skemp Todoroki (၄၉)နှစ်ကိုမူ ဖမ်းဆီးမရသေးကြောင်း၊ယင်းတို့နှင့်အတူရှိန်းလတ်(၃၇)နှစ်၊ မရွှန်းလဲ့မြတ်နိုး(၂၃)နှစ်တို့ကိုလည်း မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Credit – ျပည္ျမန္မာ
Share From nalonetardiary