
ပြည်သူပရိသတ်တွေရဲ့ အချစ်တွေကို “ကျွန်မက မဟေသီ” ဇာတ်ကားနဲ့ အခိုင်အမာသိမ်းပိုက်ထားတဲ့ အချစ်ောတ် သရုပ်ဆောင်အနုပညာရှင်တွေကတော့ မင်းသားချောလေးအောင်ရေချမ်းနဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်တို့ ပဲ ဖြစ်ပါတယ်နော်..။
မင်းမျိုးနွယ်နဲ့ စံမြန်းဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ ဇာတ်လမ်းပြီးစီးသွားပေမယ့်လည်း ပရိသတ်တွေရဲ့ ရင်ထဲ အခုအချိန်ထိ စွဲကျန်နေခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတာလည်း တွေ့ရပါတယ်နော်..။
ဆွဲဆောင်မှုရှိပြီး ယောင်္ကျားပီသတဲ့ မင်းမျိုးနွယ်နဲ့ မဟာဆန်ပြီး ကျက်သရေရှိလွန်းတဲ့ အိနြေ္ဒရှင်မလေး စံမြန်းတို့ကိုတော့ မချစ်တဲ့ ပရိသတ်တွေ မရှိသလောက်ကို အားလုံးရဲ့ အသည်းတွေကို ဖမ်းယူသိမ်းပိုက်ထားကြတာဆိုလည်း မမှားပါဘူးနော်..။
အခုတစ်ခါမှာလည်း စံမြန်းလေးတစ်ေယာက် မင်းမျိုးနွယ်ရဲ့ Live လေးမှာ ဝင်ရောက်စကားပြော စနောက်ရင်း ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ဗီဒီယိုလေးခေါ်ပြီး မင်းမျိုးနွယ်ကို ဆေးထိုးစနောက်နေကြတာလည်း ပျော်စရာလေးပါပဲ..။
တစ်ယောက်နဲ့တစ်ယောက် ဆေးထိုးစနောက်နေကြတဲ့ မင်းမျိုးနွယ်နဲ့ စံမြန်းတို့ရဲ့ ချစ်စရာကောင်းတဲ့ Live ဗီဒီယိုလေးကိုတော့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြပြီး ရယ်မောပျော်ရွှင်နေကြပါတယ်နော်..။
ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးဝင့်ယမုံနိုင်နဲ့ အောင်ရေချမ်းတို့ရဲ့ ပျော်ရွှင်စရာ Live ဗီဒီယိုလေးကိုလည်း ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ ကျေနပ်နေကြမှာပါနော်..။
credit – myanmarload