
ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သဘာဝဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်ကတော့ အကယ်ဒမီသရုပ်ဆောင် မင်းသားချောမြင့်မြတ်ပဲ ဖြစ်ပါတယ်နော်..။
ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ပကာသနမဖက်တဲ့ အနေအေးမှုတွေအပြင် ပရိသတ်တွေအပေါ် အမြဲချစ်ခင်လေးစားတတ်တဲ့ စိတ်ထားမှုတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပို အားပေးနေကြတာဆိုလည်း မမှားပါဘူး..။
အောင်မြင်ကျော်ကြားပြီး ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်ဇနီးချောလေးနဲ့အတူ အသည်းယားစရာကောင်းလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ သားချောလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုက်ဆိုင်ထားသူပဲ ဖြစ်ပါတယ်နော်..။
ပရိသတ်တွေရဲ့ အချစ်တော် မိသားစုလေးဖြစ်တဲ့ မြင့်မြတ်တို့မိသားစုလေးကတော့ လတ်တလောမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေကြပြီး သားအဖနှစ်ယောက်အတူ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေေးတွကိုလည်း ပရိသတ်တွေကို အလွမ်းပြေလေး မျှဝေထားတာလည်း တွေ့ရပါတယ်..။
မြင့်မြတ်နဲ့ သူ့ရဲ့ ချစ်စရာသားချောလေး ဂျူနီယာမြင့်မြတ်လေးကတော့ ပူလွန်းတဲ့ ရာသီဥတုကြောင့် သားအဖနှစ်ယောက်အတူ ရေကူးရေကစားနေကြတဲ့ ပျော်ရွှင်စရာအချိန်လေးမှာ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို တကယ်ပဲ အချစ်ပိုစေပါတယ်နော်..။
ဒီကနေ့လေးမှာတော့ ဂျင်းကောင်တို့ သားအဖနှစ်ယောက်ရဲ့ သာသာယာယာရေကစားနေကြတဲ့ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Photo – မြတ်ဝေထွန်း
Share From swelsonenews