အရမ္းလိုခ်င္ေနတဲ့ ဖိနပ္ေလးကို အႀကိဳက္ဆုံး အဆိုေတာ္ဆီက လက္ေဆာင္ရလို႔ ေပ်ာ္ေနတဲ့ မဗိုက္ေလး စႏၵီျမင့္လြင္

Zawgyi

အရမ္းလိုခ်င္ေနတဲ့ ဖိနပ္ေလးကို အႀကိဳက္ဆုံး အဆိုေတာ္ဆီက လက္ေဆာင္ရလို႔ ေပ်ာ္ေနတဲ့ မဗိုက္ေလး စႏၵီျမင့္လြင္

ပရိသတ္ႀကီးေရ ဒီဒီးလို႔ အားလုံးက ခ်စ္စႏိုး ေခၚၾကတဲ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ အဆိုေတာ္ သ႐ုပ္ေဆာင္မေလး စႏၵီျမင့္လြင္ ကေတာ့ ေအာင္ျမင္တဲ့ အႏုပညာရွင္ တဦး အျဖစ္ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ထား သူေလးပဲ ျဖစ္ပါတယ္ ။

အႏုပညာေလာကမွာ ေအာင္ျမင္မႈေတြ အခိုင္အမာ ရရွိထားသလို သာယာ ေပ်ာ္႐ႊင္တဲ့ မိသားစု ဘဝေလးကိုလည္း ပိုင္ဆိုင္ ထားၿပီး မၾကာခင္မွာပဲ သမီးဦးေလးကို ေမြးဖြားေတာ့မယ့္ မိခင္ေလာင္းေလးတစ္ေယာက္ ေတာင္ ျဖစ္ေနပါၿပီေနာ္ ။

မိခင္ေလာင္းေလး ဒီဒီး ကေတာ့ သူမ အရမ္း လိုခ်င္ေနတဲ့ ပစၥည္းေလး တစ္ခုကို အရမ္းႀကိဳက္ၿပီး အားေပး ခ်စ္ခင္ရတဲ့ အဆိုေတာ္ဆီ ကေန မေမွ်ာ္လင့္ပဲ လက္ေဆာင္ ရခဲ့လို႔ အရမ္းကို ေပ်ာ္႐ႊင္ေနတယ္လို႔ ဆိုပါတယ္ေနာ္ ။

သူမ အရမ္းကို လိုခ်င္ေနတဲ့ လက္ေဆာင္ေလး ကေတာ့ ဟန္ထူးလြင္ ကိုယ္တိုင္ ထုတ္တဲ့ Bipolarbear တံဆိပ္ ျဖစ္တဲ့ Shoe ဖိနပ္ျဖစ္ၿပီး ဟန္ထူးလြင္က လက္ေဆာင္ အေနနဲ႔ ေပးပို႔လိုက္တာေၾကာင့္ ေပ်ာ္႐ႊင္ေနတဲ့ အေၾကာင္းေလးကို ပရိသတ္ေတြကို မွ်ေဝလိုက္တာပဲ ျဖစ္ပါတယ္ ။

“အရမ္း လိုခ်င္ေနတဲ့ ဖိနပ္ေလး ရပါပီ ကိုယ္ အႀကိဳက္ဆုံး အဆိုေတာ္ ထုတ္တဲ့ ဖိနပ္မို႔ ပိုတန္ဖိုးထားပီးစီးပါ့မယ္ Thank you ko kyar and ma zone ” ဆိုၿပီး ဓာတ္ပုံေလး တင္ၿပီး ေက်းဇူးတင္ စကားေလးနဲ႔အတူ အေပ်ာ္ေလးေတြကို မွ်ေဝထားတာမို႔ ခ်စ္ရတဲ့ ပရိသတ္ေတြကလည္း မဗိုက္နဲ႔ အတူ ထပ္တူ ဝမ္းသာေနၾက မွာပါေနာ္ ။

Photo – စႏၵီျမင့္လြင္ credit-myanmarlaod

Unicode

အရမ်းလိုချင်နေတဲ့ ဖိနပ်လေးကို အကြိုက်ဆုံး အဆိုတော်ဆီက လက်ဆောင်ရလို့ ပျော်နေတဲ့ မဗိုက်လေး စန္ဒီမြင့်လွင်

ပရိသတ်ကြီးရေ ဒီဒီးလို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် သရုပ်ဆောင်မလေး စန္ဒီမြင့်လွင် ကတော့ အောင်မြင်တဲ့ အနုပညာရှင် တဦး အဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထား သူလေးပဲ ဖြစ်ပါတယ် ။

အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာ ရရှိထားသလို သာယာ ပျော်ရွှင်တဲ့ မိသားစု ဘဝလေးကိုလည်း ပိုင်ဆိုင် ထားပြီး မကြာခင်မှာပဲ သမီးဦးလေးကို မွေးဖွားတော့မယ့် မိခင်လောင်းလေးတစ်ယောက် တောင် ဖြစ်နေပါပြီနော် ။

မိခင်လောင်းလေး ဒီဒီး ကတော့ သူမ အရမ်း လိုချင်နေတဲ့ ပစ္စည်းလေး တစ်ခုကို အရမ်းကြိုက်ပြီး အားပေး ချစ်ခင်ရတဲ့ အဆိုတော်ဆီ ကနေ မမျှော်လင့်ပဲ လက်ဆောင် ရခဲ့လို့ အရမ်းကို ပျော်ရွှင်နေတယ်လို့ ဆိုပါတယ်နော် ။

သူမ အရမ်းကို လိုချင်နေတဲ့ လက်ဆောင်လေး ကတော့ ဟန်ထူးလွင် ကိုယ်တိုင် ထုတ်တဲ့ Bipolarbear တံဆိပ် ဖြစ်တဲ့ Shoe ဖိနပ်ဖြစ်ပြီး ဟန်ထူးလွင်က လက်ဆောင် အနေနဲ့ ပေးပို့လိုက်တာကြောင့် ပျော်ရွှင်နေတဲ့ အကြောင်းလေးကို ပရိသတ်တွေကို မျှဝေလိုက်တာပဲ ဖြစ်ပါတယ် ။

“အရမ်း လိုချင်နေတဲ့ ဖိနပ်လေး ရပါပီ ကိုယ် အကြိုက်ဆုံး အဆိုတော် ထုတ်တဲ့ ဖိနပ်မို့ ပိုတန်ဖိုးထားပီးစီးပါ့မယ် Thank you ko kyar and ma zone ” ဆိုပြီး ဓာတ်ပုံလေး တင်ပြီး ကျေးဇူးတင် စကားလေးနဲ့အတူ အပျော်လေးတွေကို မျှဝေထားတာမို့ ချစ်ရတဲ့ ပရိသတ်တွေကလည်း မဗိုက်နဲ့ အတူ ထပ်တူ ဝမ်းသာနေကြ မှာပါနော် ။

Photo – စန္ဒီမြင့်လွင် credit-myanmarlaod