အိမ်ထောင်သက်(၁၇) နှစ်ပြည့်မှာ ဗိုလ်တစ်ထောင်ဘုရားမှာ ရွှေပြားသင်္ဃန်းကပ်လှူခဲ့ကြတဲ့ ခိုင်သင်းကြည်တို့မိသားစု

နိုင်ငံကျော်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသမီးခိုင်သင်းကြည်လို့ ပြောလိုက်တာနဲ့ မသိတဲ့သူမရှိလောက်အောင် ရှားပါးလွန်းလှပါတယ်။ သူမဟာဆိုရင် ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ ပြောစရာမလိုလောက်အောင် ဟာကွက်မရှိ သရုပ်ဆောင်ပြသပေးနိုင်ခဲ့တဲ့ သရုပ်ဆောင် အနုပညာရှင်ကောင်းတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့အချိန်အထိ လက်ခံရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။ အစစရာရာမှာ တော်လွန်းထက်မြက်လွန်းတဲ့ သူမကတော့ အိမ်ထောင်ရေးမှာလည်း အများက လေးစားအားကျရလောက်တဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားရှိခဲ့ရတာပဲဖြစ်ပါတယ်။

သူမဟာဆိုရင် ချစ်ရတဲ့ ခင်ပွန်းကိုခန့်နိုင်နဲ့ ရည်းစားသက် ၈နှစ် မှာ အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး ယခုဆိုရင် အိမ်ထောင်သက် ၁၇နှစ် ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ အိမ်ထောင်သက် ၁၇နှစ် တစ်လျှောက်မှာ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၆ရက်နေ့မှာ သမီးလေး စံထိပ်ထားက အသက် ၁၆နှစ်ပြည့်ခဲ့တာပဲဖြစ်ပါတယ်။ သာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ ခိုင်သင်းကြည်ရဲ့ ဘဝလေးကတော့ လေးစားအားကျ စရာပါပဲနော်။

ရည်းစားသက် ၈ နှစ်မှာ အိမ်ထောင်ပြုခဲ့ကြတဲ့ ခိုင်သင်းကြည်နဲ့ ကိုခန့်နိုင်တို့ရဲ့ အိမ်ထောင်သက်ကတော့ ဒီကနေ့မှာ ၁၇ နှစ်တိတိ ပြည့်လာခဲ့ပြီဖြစ်တာကြောင့် ဗိုလ်တစ်ထောင်ဘုရားမှာ ရွှေပြားသင်္ဃန်းကပ်ပြီး ကပ်လှူပူဇော်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အိမ်ထောင်သက် ၁၇ နှစ်ပြည့်ကို အလှူတွေနဲ့ ဖြတ်သန်းခဲ့ကြောင်းကိုတော့ မခိုင်လေးက ” တယောက်နဲ့ တယောက်ချစ်ချင်းမေတ္တာတွေ, နားလည်မှုတွေ, ဂရုစိုက်မှုတေတွနဲ့ ၁၇နှစ်တိုင်ခဲ့ပါပြီ ❤ 🎈

” Today is our 17th Anniversary “ ရည်းစားသက် ၈နှစ် အိမ်ထောာင်သက် ၁၇နှစ်မှာ ကိုယ့်ကို စိတ်ချမ်းသာအောင်ထား, အမြဲဦးစားပေးတတ်ပြီး, အခုအချိန်ထိ အရင်တုန်းကလို ချစ်နေတုံးဘဲဆိုတာလည်း ယုံပါတယ် အချစ်ရေ😘 နှစ်ပတ်လည်အလှူအဖြစ် “ဗိုလ်တစ်ထောင် စေတီတော်မြတ်ကြီး” မှာ ရွှေပြားသင်္ကန်း ကပ်လှူပူဇော်ပါတယ်ရှင်🙏🙏🙏 ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ဘာလို့ရလဒ်တွေ ဆိုးရွားနေသလဲဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဖွင့်ပြောလာတဲ့ မာတစ်

အိမ်ထောင်သက် ၁၇ နှစ်ပြည့်မှာ အလှူအတန်းတွေနဲ့ ဖြတ်သန်းဖြစ်ခဲ့တဲ့ ဖေဖေ မေမေတို့ကိုကြည့်ရင်း သမီးလေး စံထိပ်ထားဦးကလည်း အမှတ်တရ ဆုတောင်းစကားလေး ပြောပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဖေဖေ မေမေတို့ရဲ့ anniversary နေ့လေးမှာ အမှတ်တရစကားလေးနဲ့ ဆုတောင်းပေးလိုက်တဲ့ သမီးလေး စံထိပ်ထားဦးကတော့ ” Happy 17th anniversary ပါဖေဖေနဲ့ မေမေ❤

“Thank you for raising me so well till now❤ and most importantly, thank you for giving life to me❤ I love you both♥ ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ဆုတောင်းအမှတ်တရစကား ဆိုပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

ဖေဖေ မေမေတို့ရဲ့ 17th anniversary နေ့လေးမှာ အမှတ်တရစကားလေးတွေနဲ့ ဆုမွန်ကောင်း တောင်းပေးထားခဲ့တဲ့ သမီးလေး စံထိပ်ထားဦးကတော့ ဖေဖေ မေမေတို့နဲ့အတူ ရိုက်ထားတဲ့ ငယ်ဘဝမှ ချစ်စရာ မိသားစုပုံရိပ်လေးကိုပါ သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

သွက်သွက်လက်လက် ချက်ချက်ချာချာ ရှိလွန်းလှတဲ့ ခိုင်သင်းကြည်ကတော့ အနုပညာအလုပ်တွေကို ဆက်လက်သရုပ်ဆောင် ရိုက်ကူးနေဆဲ ဖြစ်တာကြောင့် သူမရဲ့ အနုပညာလုပ်ရှားမှုတိုင်းကို ဆက်လက်ပြီး ချစ်ပေး အားပေးကြပါဦးနော်။ ဒီနေ့လေးက ခိုင်သင်းကြည်ရဲ့ ခင်ပွန်း ကိုခန့်နိုင်တို့ရဲ့ 17th anniversary နေ့လေးဖြစ်တာကြောင့် ဆုတောင်းစကားလေးတွေနဲ့ ဆုမွန်ကောင်း တောင်းပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ 17th anniversary မှာ မွန်မြတ်လှတဲ့ အလှူတစ်ခုဖြစ်တဲ့ ရွှေပြားအလှူကပ်လှူမှုကို ပြုလုပ်ခဲ့ကြတဲ့ ခိုင်သင်းကြည်နဲ့ ကိုခန့်နိုင်တို့ မိသားစုလေးကိုကြည့်ရင်း အရမ်းကို ကြည်နူးမိတယ်ဆိုရင် ဒီပို့စ်လေးကို Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

Kay Kay
Ref : Khine Thin Kyi’s Facebook

Share From Lovely Myanmar