You are here
Home > Health > .အုန္းမႈတ္ခြက္နင္းျခင္းရဲ႕အက်ိဳးေက်းဇူးမ်ား

.အုန္းမႈတ္ခြက္နင္းျခင္းရဲ႕အက်ိဳးေက်းဇူးမ်ား

Zawgyi ျဖင့္ဖတ္၇န္

ေသြးတိုး၊ ေခါင္းကိုက္၊ ခါးနာမ်ားအတြက္ ေဆးနည္း

သာမန္ေခါင္းကိုက္၊ ေခါင္းမူး၊ ေနာက္ေက်ာတက္၊ ခါးနာ၊ ေျခေထာက္ကိုက္ျဖစ္ရာကေန တစ္စတစ္စနဲ့ ေသြးတိုးေရာဂါ၊ ေလငန္းေရာဂါ၊ မ်က္စိမႈန္ ပါ၀ါတိုး၊ မ်က္႐ိုးကိုက္၊ အေၾကာတက္ စသျဖင့္ ေရာဂါဟာ ၾကီးထြားလာတတ္ၾကပါတယ္။ဒီလို လူတိုင္းအျဖစ္မ်ားေနတဲ့ေရာဂါမ်ားဟာ ပထ၀ီဓါတ္ႏွင့္ ၀ါေယာဓါတ္တို့ မညီမွ်ရာကေနစျပီး ျဖစ္ေပၚလာတဲ့ ေ၀ဒနာေတြပါပဲ။

အထက္ပါေရာဂါမ်ား မျဖစ္ရေလေအာင္၊ ျဖစ္ျပီးသူမ်ားလည္း ေရာဂါ သက္သာေပ်ာက္ကင္းေအာင္ အုန္းမွဳတ္ခြက္နင္းျခင္းျဖင့္ ကာကြယ္ႏိုင္ၾကပါတယ္။ အုန္းမွဳတ္ခြက္နင္းျခင္းဟာ ေရွးျမန္မာေဆးက်မ္းမ်ားႏွင့္ ေရွးအိႏၵယေဆးနည္း၊ တရုတ္ေဆးနည္းမ်ားတြင္လည္း ေဖာ္ျပထားၾကပါတယ္။ လက္ေတြ့ေပ်ာက္ကင္းသူမ်ားလည္း အမ်ားအျပားရွိေနပါတယ္။

(၁) ေျခအသင့္နင္းႏိုင္မည့္ အုန္းမွဳတ္ခြက္ (၂)ခုကို ပရေဆးဆိုင္ သို့မဟုတ္ အုန္းသီးဆိုင္တို့မွာ ေမး၀ယ္ပါ။

(၂) အုန္းမႈတ္ခြက္ (၂)ခုကို ေမွာက္လွ်က္ထားၿပီး ကိုင္စရာ၀ါးတန္း သို့မဟုတ္ ၾကိဳးတန္း လုပ္ထားပါ။

(၃) အုန္းမႈတ္ခြက္ေပၚကို ေျခေထာက္ႏွစ္ေခ်ာင္းက တက္နင္းၿပီး ဘယ္ညာ အၾကိမ္(၁၀၀) တက္နင္းပါ။ ၅ မိနစ္ခန့္သာ ၾကာပါတယ္။

(၄) အထက္ပါနည္းမ်ားကို မနက္ေရခ်ိဳးျပီးတစ္ၾကိမ္၊ ညအိပ္ခါနီး ေျခေထာက္ကို ေရေဆးျပီးတစ္ၾကိမ္ ျပဳလုပ္ျပီးမွ အိပ္ယာ၀င္ပါ။

သတိျပဳရန္–
အုန္းမွဳတ္ခြက္နင္းျပီး တစ္ကိုယ္လံုးရွိ ေသြးေၾကာမ်ား လည္ပတ္၍ အပူရွိန္တက္ေနစဥ္ ေရလံုး၀ မခ်ိဳးရပါ။ နင္းျပီး အနည္းဆံုး ၃ နာရီ သို့မဟုတ္ ၄ နာရီရွိမွသာ ခ်ိဳးပါ။

အထက္ပါနည္းအတိုင္း ပံုမွန္နင္းသြားပါက ၂ လအတြင္း ခႏၶာကိုယ္မွ အပူမ်ား ေလွ်ာ့က်သြားျပီး အေၾကာမ်ား၊ ၾကြက္သားမ်ား လုပ္ေဆာင္မွဳအားေကာင္းလာကာ မ်က္စိမွဳန္ျခင္း၊ ဇက္ေၾကာတက္ျခင္း၊ ေသြးတိုး၊ ေလငန္းေရာဂါမ်ား သက္သာေပ်ာက္ကင္းသြားပါမည္။

CREDIT – ဆရာ မေကြး၀င္းျမင့္

Unicodeဖြင့်ဖတ်ရန်

သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာများအတွက် ဆေးနည်း

သာမန်ခေါင်းကိုက်၊ ခေါင်းမူး၊ နောက်ကျောတက်၊ ခါးနာ၊ ခြေထောက်ကိုက်ဖြစ်ရာကနေ တစ်စတစ်စနဲ့ သွေးတိုးရောဂါ၊ လေငန်းရောဂါ၊ မျက်စိမှုန် ပါ၀ါတိုး၊ မျက်ရိုးကိုက်၊ အကြောတက် စသဖြင့် ရောဂါဟာ ကြီးထွားလာတတ်ကြပါတယ်။

ဒီလို လူတိုင်းအဖြစ်များနေတဲ့ရောဂါများဟာ ပထဝီဓါတ်နှင့် ၀ါယောဓါတ်တို့ မညီမျှရာကနေစပြီး ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေပါပဲ။
အထက်ပါရောဂါများ မဖြစ်ရလေအောင်၊ ဖြစ်ပြီးသူများလည်း ရောဂါ သက်သာပျောက်ကင်းအောင် အုန်းမှုတ်ခွက်နင်းခြင်းဖြင့် ကာကွယ်နိုင်ကြပါတယ်။ အုန်းမှုတ်ခွက်နင်းခြင်းဟာ ရှေးမြန်မာဆေးကျမ်းများနှင့် ရှေးအိန္ဒယဆေးနည်း၊ တရုတ်ဆေးနည်းများတွင်လည်း ဖော်ပြထားကြပါတယ်။ လက်တွေ့ပျောက်ကင်းသူများလည်း အများအပြားရှိနေပါတယ်။

(၁) ခြေအသင့်နင်းနိုင်မည့် အုန်းမှုတ်ခွက် (၂)ခုကို ပရဆေးဆိုင် သို့မဟုတ် အုန်းသီးဆိုင်တို့မှာ မေးဝယ်ပါ။
(၂) အုန်းမှုတ်ခွက် (၂)ခုကို မှောက်လျှက်ထားပြီး ကိုင်စရာဝါးတန်း သို့မဟုတ် ကြိုးတန်း လုပ်ထားပါ။
(၃) အုန်းမှုတ်ခွက်ပေါ်ကို ခြေထောက်နှစ်ချောင်းက တက်နင်းပြီး ဘယ်ညာ အကြိမ်(၁၀၀) တက်နင်းပါ။ ၅ မိနစ်ခန့်သာ ကြာပါတယ်။

(၄) အထက်ပါနည်းများကို မနက်ရေချိုးပြီးတစ်ကြိမ်၊ ညအိပ်ခါနီး ခြေထောက်ကို ရေဆေးပြီးတစ်ကြိမ် ပြုလုပ်ပြီးမှ အိပ်ယာဝင်ပါ။
သတိပြုရန် –

အုန်းမှုတ်ခွက်နင်းပြီး တစ်ကိုယ်လုံးရှိ သွေးကြောများ လည်ပတ်၍ အပူရှိန်တက်နေစဉ် ရေလုံးဝ မချိုးရပါ။ နင်းပြီး အနည်းဆုံး ၃ နာရီ သို့မဟုတ် ၄ နာရီရှိမှသာ ချိုးပါ။

အထက်ပါနည်းအတိုင်း ပုံမှန်နင်းသွားပါက ၂ လအတွင်း ခန္ဓာကိုယ်မှ အပူများ လျှော့ကျသွားပြီး အကြောများ၊ ကြွက်သားများ လုပ်ဆောင်မှုအားကောင်းလာကာ မျက်စိမှုန်ခြင်း၊ ဇက်ကြောတက်ခြင်း၊ သွေးတိုး၊ လေငန်းရောဂါများ သက်သာပျောက်ကင်းသွားပါမည်။

Top
//nossairt.net/4/3018672