.ဆိုးက်ိဴးမရွိ ေငြကုန္သက္သာ၍ထိေရာက္မႈရွိေသာ ေဆးစြမ္းေကာင္းမ်ား

Zawgyi ျဖင့္ဖတ္၇န္

ဆိုးက်ိဴးမရွိ ေငြကုန္သက္သာ၍ထိေရာက္မႈရွိေသာ ေဆးစြမ္းေကာင္းမ်ား၊ကိုယ္ႏွင့္နီးစပ္သူမ်ား သံုးနိုင္ရန္ ျပန္လည္မ်ွေဝ share လုပ္ျခင္းျဖင့္ ေဆးဒါနကုသိုလ္ယူလိုက္ပါ။

ပံုဏၰရိပ္ပင္ ေဆးဖက္၀င္
ထိုသူကိုၾကည့္ျပီး သနားမိသည္ကအမွန္။ေယာက်္ားၾကီး တစ္ဦးသြားကိုက္ျပီးသြားဖံုးေရာင္ကာ မ်က္ရည္ပင္က်ေနျခင္းျဖစ္ေလသည္။ဘယ္ေလာက္ပင္နာက်င္ကိုက္ခဲေနသနည္း။ေဆးနည္းေပးေတာ့ထိုသူကဆိုေသး သည္ “မင္းဟာဟုတ္ရဲ႕လားကြာတဲ႔˝

ဟုတ္မဟုတ္ခင္ဗ်ား ယံုၾကည္စြာစမ္းၾကည့္ က်ဳပ္သြားနာတုန္းက ဆရာေတာ္ေပးခဲ႔တဲ႔နည္းပဲ˝
ကိုယ္ေတြ႔ၾကံဳဖူးေသာေဆးျမီတိုေလးတစ္ခုေပးလိုက္ သည္-

ပံုဏၰရိပ္ရြက္ အရြက္(၂၀)ကိုခူးျပီး ေရစင္ေအာင္ေဆးကာေရႏွင့္ျပဳတ္ျပီး ထိုရည္ေႏြးေႏြးေလးအား ဆားအနည္းငယ္ျဖင့္ငံု၍ေထြးေစျခင္းသာျဖစ္သည္။
ထိုနည္းျဖင့္ သြားကိုက္ေရာဂါေပ်ာက္ကင္းခဲ႔ပါသည္။ အျခားေဆး၀ါးအကူမပါ၀င္ခဲ႔ပါ။

ပံုဏၰရိပ္ပင္
အလွပန္းပင္အျဖစ္ ျခံစည္းရိုးမ်ား၊ပန္းဥယ်ဥ္မ်ားတြင္ အလွစိုက္ၾကသည္။ငယ္စဥ္ကေလးဘ၀ ပံုဏၰရိပ္ပန္းသီးမ်ားခူး၍ ခ်ိဳဖန္ေသာအရသာကိုခံစားဖူးပါသည္။
အသီးမွည့္ ေလးမ်ားေတြ႔ရင္ ေပ်ာ္ၾကသည္။ ကေလးဘ၀ျဖတ္သန္းၾကဖူးသူအမ်ားစုမွာ ပံုဏၰရိပ္ႏွင့္သူအသီးကို မေမ့နိုင္ၾကပါ။

ေနရာေဒသအလိုက္အမ်ိဳးမ်ိဳးေခၚၾကသည္။ေရႊတ ဆုပ္၊ျခံစည္းရိုးပန္း၊ပံုဏၰရိပ္၊စသည္ျဖင့္ျဖစ္ေလသည္။
အခ်ိဳ႕က အေၾကာ္မွဳန္႔ျဖင့္အပြင့္ကိုေၾကာ္စားသည္ လည္းရွိၾကသည္။
အရွင္နာဂသိန္ပံုျပေဆးက်မ္း

(၁)အပြင့္၀ါ၊နီရွိေလသည္။
(၂)ခါးသည္။ဖန္သည္။နူးညံ႔စြာ၀မ္းသက္သည္။
(၃)အူမ်ားကိုပိတ္ဆို႕ျခင္း၊ေရဖ်ဥ္းေရာဂါ၊ဥတုေသြး လာစဥ္ကိုက္ခဲျခင္းကိုေျပေပ်ာက္သည္။

(၄)သြားကိုက္၊သြားဖံုးေရာင္၊အာေခါင္တြင္အပူ အိတ္မ်ားရွိပါ၍ သြားဖံုးအတြင္းနာက်င္ကိုက္ခဲပါမူ အရြက္အား ဆားအနည္းငယ္ထည့္ျပီး ေရေႏြး ဆူဆူတြင္ခ်၍ ခပ္ေႏြးေႏြးေလးနုတ္ငံု ေဆးပါ ကသြား ကိုက္၊သြားနာေပ်ာက္္ကင္းသည္ ဆိုထားသည္။

ေဆးဆရာၾကီးအဘသိန္းနည္း
ပုံဏၰရိပ္ရြက္မ်ားကို အရိပ္တြင္အေျခာက္လွန္းျပီးျပာ ခ်၍ဆားႏွင့္ေရာသြားတိုက္ေပးပါက သြားကိုက္၊ သြားနာေရာဂါမ်ား ေပ်ာက္သည္ဟုဆိုပါသည္။
ပံုဏၰရိပ္သည္ေဆးဖက္၀င္ပါသည္။အျခားေသာ ေဆးအသံုး၊ ေနရာေဒသလို္ကအေခၚေလးမ်ား ႏွင့္စားဖူးခဲ႔ပါသလားကြန္႔မင့္ေရးေပးၾကပါရန္။
(သြားေရာဂါအတြက္ လိုသူတို႔အသံုးခ်နိုင္ၾကပါေစ)

ေဆးပညာရွင္ၾကီးမ်ားအားအစဥ္ေလးစားလွ်က္

ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

အံ႔ဖြယ္စိန္ပန္း စမ္းၾကည္႔စမ္း

(ေသြးတအားတိုး၍ေဆးရံု၊ေဆးခန္း၊ေသြးက်ေဆးအခက္ေတြ႔ေနပါလွ်င္)

̏”တပည့္ေတာ္တရုတ္ျပည္နယ္စပ္မွာေနတုန္းက ျမန္မာျပည္က စိန္ပန္းပင္ေတြကို တရုတ္ကရသ ေလာက္ေစ်းေပး၀ယ္ေနတယ္ဘုရား˝
ဥာဏ္ၾကီးသူ ရေသ့ရွင္အားေလွ်ာက္မိ၏
̏တကာေလးရယ္ ဘာစမ္းလဲ..။ အျခားသံုးတာမဟုတ္ဘူး..။စိန္ပန္းပင္ကိုေဆးအျဖစ္သံုးဖို႔၀ယ္တာ။ ရေသ့တစ္ခုလက္ေတြ႔စမ္းျပမယ္ ˝
(၁)စိန္ပန္းပင္အား ဓားရာေပးျပီးအေစးကိုရယူပါ။

(၂)ဖန္ခြက္ေလးထဲ ေရအျပည့္ထည္႔ဆားကြမ္းသီးလံုး ခန္႔ထည့္ေစကာ ငံေသာအရသာကိုျဖစ္ေစပါ။

(၃) ထိုဆားရည္ဖန္ခြက္ထဲသို႔ စိန္ပန္းေစးေလး
လက္သန္းလံုးမွ်ထည့္ကာ (၁၅)မိနစ္မွ် စိမ္ထား လိုက္ပါ။

အေျဖ
ဆား၏အငံဓာတ္မ်ား အလိုလိုေလ်ာ့က် သြားပါေၾကာင္းလက္ေတြ႔ျမင္ရပါလိမ္႔မည္။
ရေသ႔ရွင္သည္ လက္ေတြ႔ျပကာ ေသြးတိုးက် ေစေၾကာင္းညြန္ျပဖူးပါသည္။

စဥ္းစားၾကည့္ဒကာေလး ဒီစိန္ပန္းပင္ဟာသိပ္ျပီး ေဆးဖက္၀င္တယ္ ။ေပ်ာက္ကင္းနိုင္တဲ႔အျခားေရာဂါ ေတြရွိေသးတယ္˝ ဟုမိန္႔ဖူခဲ႔သည္။
သၾကၤန္ကာလ မိတ္ေဆြ၀န္ထမ္းတစ္ဦး အေပ်ာ္လြန္ျပီး အရက္ေသာက္သျဖင့္ သြးတိုးေတာ့သည္။
ထိုသူ၏ေသြးေပါင္တိုင္းၾကည့္ရာေသြး ၁၆၀ ၁၉၀ ထိ ေသြးတိုးေနေတာ့သည္။ေသာက္ေဆးကမရွိ။

ေဆးခန္းသြားေသာ္လည္း သၾကၤန္ပိတ္ရက္မ်ားျဖစ္၍ ေဆးခန္းပိတ္ေလသည္။ ထိုသူမွာယခင္ကပင္ေသြး တိုးရွိသူျဖစ္သည္။ ကတုန္ကယင္ႏွင့္ ခ်က္ခ်င္းပင္ အသက္ ရာယ္စိုးရိမ္ဖြယ္ျဖစ္ေလသည္။

လက္ေတြ႔ပင္စိန္ပန္းပင္မွ အေစးကိုရယူျပီး လက္ဖက္စားဇြန္း(၂)ဇြန္းမွ်တိုက္ေပးခဲ႔ရာ နာရီ၀က္အတြင္းေသြးက်ျခင္းကို အမွန္ၾကံဳဖူးပါသည္။
စိန္ပန္းပင္သည္ အပင္ၾကီးမ်ိဳးျဖစ္သည္။ အသီးမွာအေတာင့္ျဖစ္သည္။စိန္ပန္းၾကီးအပြင့္မွာ အနီေရာင္ႏွင့္အ၀ါေရာင္ဟူ၍ႏွစ္မ်ိုးရွိသည္။

မ်ား ေသာအားျဖင့္ အနီေရာင္ပြင့္ေသာအပင္ကမ်ားသည္။စိန္ပန္းသည္ပဲပင္ၾကီးမ်ိဳးရင္းျဖစ္သည္။ Caesalpinioideae မ်ိဳးခဲြျဖစ္သည္။
အရွင္နာဂသိန္ပံုျပေဆးအဘိဓာန္တြင္
ပူေသာသတၱိရွိသည္။ေလသလိပ္ကိုနိုင္သည္။ ထိုးေအာင့္၊အစာမေၾက၊ေလျပည့္၊မ်က္စိေရာဂါတို႔ကို သက္သာေပ်ာက္ကင္းေစသည္။
မွတ္သားထားေသာသုတမ်ား

အေစ့တြင္၁၈မွ၂၇.၅%ထိ အဆီဓာတ္ပါ၀င္ျပီး ပိုးသတ္ မွဳိ သတ္ေသာဆပ္ျပာဆီအျဖစ္ ထုတ္လုပ္ သည္။အေစ့ဆီျဖင့္ထုတ္လုပ္ေသာ ကိတ္မုန္႔သည္ သားသမီးကို ရေစနိုင္ေၾကာင္းဆိုသည္။
အေစ႔မွဳန္႔သည္ေသြးတြင္းရွိအညစ္အေၾကးမ်ားကို သန္႔စင္ေပးနိုင္ေသာအာနိသင္ရွိသည္။
နားကိုက္ျခင္းကိုသက္သာေစသည္။

အရြက္သည္ အေရျပားေရာဂါကိုေပ်ာက္ေစသည္။
အရြက္ကို စားေပးပါက သံပိုးကိုက်ေစသည္။
အပြင့္ႏွင့္အေခါက္ကို အစာအိမ္ေပ်ာက္ေဆး အျဖစ္ိသံုးသည္။

အပြင့္ကို ျပဳတ္စားျခင္း၊တို႔စား၊သုပ္စားျခင္းျဖင့္အိပ္ေပ်ာ္မွဳကိုျဖစ္ေစပါသည္။
စိန္ပန္းရြက္သည္ ေသြးတြင္းရွိအခ်ိဳ႕ဓာတ္မ်ားကို က်ဆင္းေစ၍ ေသြးက်ေရာဂါရွိသူတို႔ စားရန္ မသင့္ေပ။
စိန္ပန္းပင္ႏွင့္ပတ္သက္ေသာ ေဆး၀ါးစမ္းသပ္မွဳမ်ား မ်ားစြာရွိေနျပီးဟုသိရပါသည္။
ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

Unicodeဖြင့်ဖတ်ရန်
ဆိုးကျိူးမရှိ ငွေကုန်သက်သာ၍ထိရောက်မှုရှိသော ဆေးစွမ်းကောင်းများ၊ကိုယ်နှင့်နီးစပ်သူများ သုံးနိုင်ရန် ပြန်လည်မျှဝေ share လုပ်ခြင်းဖြင့် ဆေးဒါနကုသိုလ်ယူလိုက်ပါ။
ပုံဏ္ဏရိပ်ပင် ဆေးဖက်ဝင်

ထိုသူကိုကြည့်ပြီး သနားမိသည်ကအမှန်။ယောကျ်ားကြီး တစ်ဦးသွားကိုက်ပြီးသွားဖုံးရောင်ကာ မျက်ရည်ပင်ကျနေခြင်းဖြစ်လေသည်။ဘယ်လောက်ပင်နာကျင်ကိုက်ခဲနေသနည်း။ဆေးနည်းပေးတော့ထိုသူကဆိုသေး သည် “မင်းဟာဟုတ်ရဲ့လားကွာတဲ့˝
ဟုတ်မဟုတ်ခင်ဗျား ယုံကြည်စွာစမ်းကြည့် ကျုပ်သွားနာတုန်းက ဆရာတော်ပေးခဲ့တဲ့နည်းပဲ˝
ကိုယ်တွေ့ကြုံဖူးသောဆေးမြီတိုလေးတစ်ခုပေးလိုက် သည်-

ပုံဏ္ဏရိပ်ရွက် အရွက်(၂၀)ကိုခူးပြီး ရေစင်အောင်ဆေးကာရေနှင့်ပြုတ်ပြီး ထိုရည်နွေးနွေးလေးအား ဆားအနည်းငယ်ဖြင့်ငုံ၍ထွေးစေခြင်းသာဖြစ်သည်။
ထိုနည်းဖြင့် သွားကိုက်ရောဂါပျောက်ကင်းခဲ့ပါသည်။ အခြားဆေးဝါးအကူမပါဝင်ခဲ့ပါ။
ပုံဏ္ဏရိပ်ပင်

အလှပန်းပင်အဖြစ် ခြံစည်းရိုးများ၊ပန်းဥယျဉ်များတွင် အလှစိုက်ကြသည်။ငယ်စဉ်ကလေးဘ၀ ပုံဏ္ဏရိပ်ပန်းသီးများခူး၍ ချိုဖန်သောအရသာကိုခံစားဖူးပါသည်။
အသီးမှည့် လေးများတွေ့ရင် ပျော်ကြသည်။ ကလေးဘဝဖြတ်သန်းကြဖူးသူအများစုမှာ ပုံဏ္ဏရိပ်နှင့်သူအသီးကို မမေ့နိုင်ကြပါ။
နေရာဒေသအလိုက်အမျိုးမျိုးခေါ်ကြသည်။ရွှေတ ဆုပ်၊ခြံစည်းရိုးပန်း၊ပုံဏ္ဏရိပ်၊စသည်ဖြင့်ဖြစ်လေသည်။
အချို့က အကြော်မှုန့်ဖြင့်အပွင့်ကိုကြော်စားသည် လည်းရှိကြသည်။

အရှင်နာဂသိန်ပုံပြဆေးကျမ်း
(၁)အပွင့်ဝါ၊နီရှိလေသည်။
(၂)ခါးသည်။ဖန်သည်။နူးညံ့စွာဝမ်းသက်သည်။
(၃)အူများကိုပိတ်ဆို့ခြင်း၊ရေဖျဉ်းရောဂါ၊ဥတုသွေး လာစဉ်ကိုက်ခဲခြင်းကိုပြေပျောက်သည်။

(၄)သွားကိုက်၊သွားဖုံးရောင်၊အာခေါင်တွင်အပူ အိတ်များရှိပါ၍ သွားဖုံးအတွင်းနာကျင်ကိုက်ခဲပါမူ အရွက်အား ဆားအနည်းငယ်ထည့်ပြီး ရေနွေး ဆူဆူတွင်ချ၍ ခပ်နွေးနွေးလေးနုတ်ငုံ ဆေးပါ ကသွား ကိုက်၊သွားနာပျောက်ကင်းသည် ဆိုထားသည်။
ဆေးဆရာကြီးအဘသိန်းနည်း

ပုံဏ္ဏရိပ်ရွက်များကို အရိပ်တွင်အခြောက်လှန်းပြီးပြာ ချ၍ဆားနှင့်ရောသွားတိုက်ပေးပါက သွားကိုက်၊ သွားနာရောဂါများ ပျောက်သည်ဟုဆိုပါသည်။
ပုံဏ္ဏရိပ်သည်ဆေးဖက်ဝင်ပါသည်။အခြားသော ဆေးအသုံး၊ နေရာဒေသလိုကအခေါ်လေးများ နှင့်စားဖူးခဲ့ပါသလားကွန့်မင့်ရေးပေးကြပါရန်။
(သွားရောဂါအတွက် လိုသူတို့အသုံးချနိုင်ကြပါစေ)
ဆေးပညာရှင်ကြီးများအားအစဉ်လေးစားလျှက်

ရဲမျိုးသူ(ဗောဓိမြိုင်)
အံ့ဖွယ်စိန်ပန်း စမ်းကြည့်စမ်း
(သွေးတအားတိုး၍ဆေးရုံ၊ဆေးခန်း၊သွေးကျဆေးအခက်တွေ့နေပါလျှင်)

̏”တပည့်တော်တရုတ်ပြည်နယ်စပ်မှာနေတုန်းက မြန်မာပြည်က စိန်ပန်းပင်တွေကို တရုတ်ကရသ လောက်ဈေးပေးဝယ်နေတယ်ဘုရား˝
ဉာဏ်ကြီးသူ ရသေ့ရှင်အားလျှောက်မိ၏
̏တကာလေးရယ် ဘာစမ်းလဲ..။ အခြားသုံးတာမဟုတ်ဘူး..။စိန်ပန်းပင်ကိုဆေးအဖြစ်သုံးဖို့ဝယ်တာ။ ရသေ့တစ်ခုလက်တွေ့စမ်းပြမယ် ˝

(၁)စိန်ပန်းပင်အား ဓားရာပေးပြီးအစေးကိုရယူပါ။
(၂)ဖန်ခွက်လေးထဲ ရေအပြည့်ထည့်ဆားကွမ်းသီးလုံး ခန့်ထည့်စေကာ ငံသောအရသာကိုဖြစ်စေပါ။
(၃) ထိုဆားရည်ဖန်ခွက်ထဲသို့ စိန်ပန်းစေးလေး
လက်သန်းလုံးမျှထည့်ကာ (၁၅)မိနစ်မျှ စိမ်ထား လိုက်ပါ။

အဖြေ
ဆား၏အငံဓာတ်များ အလိုလိုလျော့ကျ သွားပါကြောင်းလက်တွေ့မြင်ရပါလိမ့်မည်။
ရသေ့ရှင်သည် လက်တွေ့ပြကာ သွေးတိုးကျ စေကြောင်းညွန်ပြဖူးပါသည်။

စဉ်းစားကြည့်ဒကာလေး ဒီစိန်ပန်းပင်ဟာသိပ်ပြီး ဆေးဖက်ဝင်တယ် ။ပျောက်ကင်းနိုင်တဲ့အခြားရောဂါ တွေရှိသေးတယ်˝ ဟုမိန့်ဖူခဲ့သည်။
သြင်္ကန်ကာလ မိတ်ဆွေဝန်ထမ်းတစ်ဦး အပျော်လွန်ပြီး အရက်သောက်သဖြင့် သွးတိုးတော့သည်။
ထိုသူ၏သွေးပေါင်တိုင်းကြည့်ရာသွေး ၁၆၀ ၁၉၀ ထိ သွေးတိုးနေတော့သည်။သောက်ဆေးကမရှိ။

ဆေးခန်းသွားသော်လည်း သြင်္ကန်ပိတ်ရက်များဖြစ်၍ ဆေးခန်းပိတ်လေသည်။ ထိုသူမှာယခင်ကပင်သွေး တိုးရှိသူဖြစ်သည်။ ကတုန်ကယင်နှင့် ချက်ချင်းပင် အသက် ရာယ်စိုးရိမ်ဖွယ်ဖြစ်လေသည်။

လက်တွေ့ပင်စိန်ပန်းပင်မှ အစေးကိုရယူပြီး လက်ဖက်စားဇွန်း(၂)ဇွန်းမျှတိုက်ပေးခဲ့ရာ နာရီဝက်အတွင်းသွေးကျခြင်းကို အမှန်ကြုံဖူးပါသည်။
စိန်ပန်းပင်သည် အပင်ကြီးမျိုးဖြစ်သည်။ အသီးမှာအတောင့်ဖြစ်သည်။စိန်ပန်းကြီးအပွင့်မှာ အနီရောင်နှင့်အဝါရောင်ဟူ၍နှစ်မျိုးရှိသည်။
များ သောအားဖြင့် အနီရောင်ပွင့်သောအပင်ကများသည်။စိန်ပန်းသည်ပဲပင်ကြီးမျိုးရင်းဖြစ်သည်။ Caesalpinioideae မျိုးခွဲဖြစ်သည်။

အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်တွင်
ပူသောသတ္တိရှိသည်။လေသလိပ်ကိုနိုင်သည်။ ထိုးအောင့်၊အစာမကြေ၊လေပြည့်၊မျက်စိရောဂါတို့ကို သက်သာပျောက်ကင်းစေသည်။
မှတ်သားထားသောသုတများ

အစေ့တွင်၁၈မှ၂၇.၅%ထိ အဆီဓာတ်ပါဝင်ပြီး ပိုးသတ် မှို သတ်သောဆပ်ပြာဆီအဖြစ် ထုတ်လုပ် သည်။အစေ့ဆီဖြင့်ထုတ်လုပ်သော ကိတ်မုန့်သည် သားသမီးကို ရစေနိုင်ကြောင်းဆိုသည်။
အစေ့မှုန့်သည်သွေးတွင်းရှိအညစ်အကြေးများကို သန့်စင်ပေးနိုင်သောအာနိသင်ရှိသည်။
နားကိုက်ခြင်းကိုသက်သာစေသည်။

အရွက်သည် အရေပြားရောဂါကိုပျောက်စေသည်။
အရွက်ကို စားပေးပါက သံပိုးကိုကျစေသည်။
အပွင့်နှင့်အခေါက်ကို အစာအိမ်ပျောက်ဆေး အဖြစိသုံးသည်။

အပွင့်ကို ပြုတ်စားခြင်း၊တို့စား၊သုပ်စားခြင်းဖြင့်အိပ်ပျော်မှုကိုဖြစ်စေပါသည်။
စိန်ပန်းရွက်သည် သွေးတွင်းရှိအချို့ဓာတ်များကို ကျဆင်းစေ၍ သွေးကျရောဂါရှိသူတို့ စားရန် မသင့်ပေ။
စိန်ပန်းပင်နှင့်ပတ်သက်သော ဆေးဝါးစမ်းသပ်မှုများ များစွာရှိနေပြီးဟုသိရပါသည်။
ရဲမျိုးသူ(ဗောဓိမြိုင်)