You are here
Home > အနုပညာ > သရုပ်ဆောင်သာဖြစ်နေတာ တက်စီတောင် ငှားမစီးနိုင်ဘူးလို့ ဆိုလာတဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်ခင်အုန်းမြင့်

သရုပ်ဆောင်သာဖြစ်နေတာ တက်စီတောင် ငှားမစီးနိုင်ဘူးလို့ ဆိုလာတဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်ခင်အုန်းမြင့်

ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ ပရိသတ်တွေရင်းနှီးပြီးသား ဇာတ်ပို့ ဇတ်ရံအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒေါ်ခင်အုန်းမြင့်ကတော့ ပရိသတ်တွေ့မြင်နေကျ အမေခန်း၊ အဒေါ်ခန်း တွေမှာ အရမ်းကို ရင်းနှီးနေမှာပါ။ အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ်ကျရာဇာတ်ကောင်ကနေ အကောင်းဆုံးပံပိုးသရုပ်ဆောင်ပေးရသလို သရုပ်ဆောင်ကြေးနည်းနည်းနဲ့ သူမရဲ့ မိသားစုရဲ့ စားဝတ်နေရေးကိုဘယ်လို ရုန်းကန်ခဲ့ရသလိုဆိုတာ ခုလို ဖွင့်ဟလာပါတယ်။

” သရုပ်ဆောင်သာဖြစ်နေတာ တက်စီတောင် ငှားမစီးနိုင်ခဲ့ဘူး။ စိုးမြတ်သူဇာတို့နဲ့ အိမ်နီးချင်းမို့ ဒီလို စတင်ရိုက်ခဲ့ရတာပါ။ လက်ဝတ်လက်စားဆိုလဲ အတုတွေဝတ်ရတာပေါ့ ။ ပိုက်ဆံက အဲ့လောက်မရပါဘူး။ သရုပ်ဆောင်အကြီးတွေနဲ့ သူဌေးသူငယ်ချင်းဆိုလည်း သူငယ်ချင်းမပီသရင် ဘယ်သူမှ ငှားချင်မှာမဟုတ်ဘူးလေ။ တော်တော်ပင်ပန်းပါတယ်။ ”

အိမ်ဝယ်ခင်ကတော့ သမီးဖြစ်သူရဲ့ စစ်တပ်ထဲက ကျောင်းမှာ သွားရောက်အတူနေထိုင်ခဲ့ပြီး အမေနဲ့ သမီး နှစ်ယောက်ပေါင်းကာ ဘ၀ကို အရမ်းရုန်းခဲ့ရသလို ယခုမှာလက်ရှိနေထိုင်တဲ့ အိမ်လေးကတော့ အမေများအဖွဲ့မှ အနုပညာကြေးရရှိခဲ့တဲ့ သိန်း(၂၀) ကို မတည်ပြီး တဖြေးဖြေးစုကာ ၀ယ်ယူထားခဲ့တာဖြစ်ပါတယ်။ အိမ်လေးဝယ်ယူပြီး (၂) နှစ် ၀န်းကျင်လောက်မှ အေးအေးချမ်းချမ်းလေးနဲ့ ခုလို နေထိုင်နိုင်တာဖြစ်သလို သူမဟာလည်း သရုပ်ဆောင်အနုပညာသည်တစ်ယောက်အဖြစ် စားဝတ်နေရေးဖြေရှင်းရတာ အရမ်းခက်ခဲခဲ့တာကို မျက်ရည်မဆည်နိုင်ပဲ ဖွင့်ဟပြောကြားလာတာဖြစ်ပါတယ်။

Source:myanmar Celebrity

Top
//whoursie.com/4/3018672