မွေးနေ့မှာ ရွှေတိဂုံဘုရားဖူးပြီး ဘုရားဖူးလာသူများကို အချိုရည်များနဲ့အလှူဒါနပြုလုပ်ခဲ့တဲ့ အိန္ဒြာကျော်ဇင်

ဒီနေ့ ဧပြီလ (၂၄) ရက်နေ့ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ အသက် (၄၂)နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် ပြေတီဦးရဲ့ ချစ်ဇနီးချောလေးဖြစ်သလို ကလေးနှစ်ယောက်ရဲ့မိခင်လည်းဖြစ်တဲ့ အူဝဲက အသက်တစ်နှစ်ကြီးသွားပေမယ့်လည်း အပျိုစင်လေးတုန်းကအတိုင်း မပြောင်းမလဲဘဲ နုပျိုလှပနေသူ ဖြစ်ပါတယ်။ အရွယ်တင်နုပျိုလှပလွန်းတဲ့ အူဝဲကိုတော့ ပရိသတ်တွေ အားလုံးက အံ့အားသင့်နေရတာ ဖြစ်ပါတယ်။

ဖက်ရှင်အပြင်အဆင်တွေကအစ နေရာဒေသနဲ့အညီ လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်တဲ့ အူဝဲကိုတော့ ပရိသတ်တွေက ဖက်ရှင်ဘုရင်မလို့တောင် တင်စားခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ အသက် (၄၂) ပြည့်မွေးနေ့မှာလည်း အူဝဲက ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေးနဲ့ ကုသိုလ်ပြုနေတာ တွေ့ရပါတယ်။ အူဝဲက မွေးနေ့အလှူအဖြစ် ဒီနေ့မနက်ပိုင်းက အိမ်ရှေ့မှာ ဆွမ်းခံကြွတဲ့ ဘုန်းဘုန်းတွေအတွက် လှူဖွယ်ပစ္စည်းတွေကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ပြီး လှူဒါန်းခဲ့ပါသေးတယ်။

ညပိုင်းမှာတော့ ရွှေတိဂုံဘုရားမှာ မွှေးနေ့အလှူ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ သရုပ်ဆောင် အကယ်ဒမီ အိန္ဒြာကျော်ဇင်က ဒီနေ့ကျရောက်တဲ့ သူမရဲ့မွေးနေ့မှာ မိသားစုနဲ့အတူ ရွှေတိဂုံစေတီတော်ကို သွားရောက်ပြီး ဆီမီးကပ်လှူကာ ဘုရားဖူးလာသူများကို အချိုရည်များနဲ့ ဒါနပြုခဲ့ပါတယ်။ ပရိတ်သတ်များစွာလည်း လာရောက်ခဲ့ကြပါတယ်။ ပရိသတ်ကြီးအတွက် အူဝဲရဲ့ မွေးနေ့အလှူပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Photo Source : Cele Yatkwat & Pannpwint

Share From swelsonenews