.၀မ္းပ်က္ ၀မ္းေလွ်ာ လြန္လွ်င္

Zawgyi ျဖင့္ဖတ္၇န္

(၁) ဝမ္းပ်က္၊ ဝမ္းေလွ်ာျခင္းဆိုသည္မွာ

အရည္ဝမ္းသြားျခင္း၊ ဝမ္းသြားအႀကိမ္ႏွင့္ ဝမ္းပမာဏမ်ားျခင္းကို ဝမ္းပ်က္၊ ဝမ္းေလွ်ာျခင္းဟု ေခၚဆိုပါသည္။ ဝမ္း၏ အေရာင္ႏွင့္ အနံ႔လည္းေျပာင္းလဲတတ္ပါသည္။ဝမ္းပ်က္၊ ဝမ္းေလွ်ာျခင္း (၂) မ်ိဳးရွိပါသည္။

႐ုတ္တရက္ခ်က္ခ်င္းႏွင့္ နာတာရွည္တို႔ျဖစ္ပါသည္။ ဝမ္းပ်က္၊ ဝမ္းေလွ်ာျခင္းသည္ ခ်က္ခ်င္းျဖစ္၍ (၃)ရက္၊ (၄)ရက္အတြင္း ေပ်ာက္သြားပါက ႐ုတ္တရက္ခ်က္ခ်င္း ဝမ္းပ်က္၊ ဝမ္းေလွ်ာဟု ေခၚဆိုၿပီး၊ လေပါင္းမ်ားစြာ ႏွစ္ႏွင့္ခ်ီၿပီးျဖစ္လာပါက နာတာရွည္ ဝမ္းပ်က္၊ ဝမ္းေလွ်ာေရာဂါဟုေခၚဆိုပါသည္။

(၂) ဝမ္းပ်က္၊ ဝမ္းေလွ်ာျဖစ္ေစေသာ အေၾကာင္းအရင္း

ဝမ္းပ်က္၊ ဝမ္းေလွ်ာျခင္းသည္ အစာအိမ္အူလမ္းေၾကာင္းအတြင္းရွိ အရည္မ်ား ပုံမွန္အလုပ္မလုပ္ေသာအခါတြင္ အစာအိမ္ အူလမ္းေၾကာင္းသည္ အရည္ဓာတ္မ်ားကို မ်ားစြာထုတ္၍ ကိုယ္ခႏၶာအတြင္းသို႔ ျပန္လည္စုပ္ယူမႈနည္းေသာအခါတြင္ ျဖစ္တတ္ပါသည္။

ဘက္တီးရီးယား ဗိုင္းရပ္(စ္)ပိုးမ်ားႏွင့္ သန္ေကာင္မ်ားေၾကာင့္ အစာအိမ္ အူလမ္းေၾကာင္းတေလ်ာက္တြင္ရွိေသာ အေျမႇးပါးမ်ား ပ်က္စီးၿပီး အစာအိမ္ အူလမ္းေၾကာင္းအတြင္း အရည္ဓာတ္မ်ား ယိုထြက္စုပ္ယူမႈစနစ္ ပ်က္ျပားေစပါသည္။မသန႔္ရွင္းေသာေရႏွင့္ အစားအစာမ်ားေၾကာင့္ ဝမ္းပ်က္၊ ဝမ္းေလွ်ာေရာဂါ ျဖစ္ေစပါသည္။ ပတ္ဝန္းက်င္သန႔္ရွင္းေရးႏွင့္ တစ္ကိုယ္ေရ က်န္းမာေရးစနစ္မ်ား မေကာင္းပါကလည္း ဝမ္းပ်က္၊ ဝမ္းေလွ်ာျခင္းကို ျဖစ္ေစႏိုင္ပါသည္။

(၃) ဝမ္းပ်က္၊ ဝမ္းေလွ်ာျခင္း၏ ေနာက္ဆက္တြဲ ဆိုးက်ိဳး

ဝမ္းပ်က္၊ ဝမ္းေလွ်ာျခင္းေၾကာင့္ ခႏၶာကိုယ္အတြင္းရွိ ေရႏွင့္ဓာတ္ဆားမ်ား ဆုံးရႈံးၿပီး ကိုယ္ေရခန္းေျခာက္ျခင္း၏ လကၡဏာမ်ားမွာ ေရငတ္ျခင္း၊ ႏွလုံးခုန္ျမန္ျခင္း၊ အာေခါင္ေျခာက္ျခင္း၊ မ်က္စိခ်ိဳင့္ဝင္ျခင္းႏွင့္ အေရျပားရႈံ႕တြျခင္းမ်ား ျဖစ္ပါသည္။ဝမ္းပ်က္၊ ဝမ္းေလွ်ာျခင္း ျပင္းထန္ပါက ကိုယ္ေရခန္းေျခာက္မႈျဖစ္ေစပါသည္။ ကိုယ္ေရခန္းေျခာက္ျခင္းေၾကာင့္ အစားအေသာက္ပ်က္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊ မစားႏိုင္ျခင္းတို႔ေၾကာင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့နည္းျခင္းမ်ားျဖစ္ေစပါသည္။

ဆိုးက်ိဳးအေနျဖင့္ ကိုယ္ခႏၶာခ်ည့္နဲ႔ေစၿပီး ခုခံအားစနစ္ကို က်ဆင္းေစပါသည္။ဝမ္းပ်က္၊ ဝမ္းေလွ်ာေရာဂါ နာတာရွည္ျဖစ္ျခင္း၊ အစာအိမ္ အူလမ္းေၾကာင္းအတြင္းရွိ ေရာဂါပိုးမ်ားပြားမ်ားလာျခင္းေၾကာင့္ အစာအိမ္ အူလမ္းေၾကာင္း ပ်က္စီးေစပါသည္။ ေအအိုင္ဒီအက္စ္ေရာဂါရွိသူမ်ားတြင္ ဝမ္းပ်က္၊ ဝမ္းေလွ်ာျခင္းး၏ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားပို၍ ခံစားရႏိုင္ပါသည္။ ခုခံအားစနစ္ က်ဆင္းလာသည္ႏွင့္အမွ် ေရာဂါေပါင္းစုံလည္း ရရွိေစႏိုင္ၿပီး အသက္ဆုံးရႈံးေစႏိုင္ပါသည္။

Author: ဒေါက်တာမင်းသူရိန်, Healthcare Journal, vol 8,no 37 (29.9.17)

ကေလးျဖစ္ေစ၊လူၾကီးျဖစ္ေစရုတ္တစ္ရက္ ၀မ္းမရပ္မနား သြားပါလွ်င္ ဘာလုပ္ရမည္မသိျဖစ္တတ္ပါသည္။ အထူးသျဖင့္ ေတာရပ္ေနျပည္သူတို႔ၾကံဳတတ္ၾကေလသည္။

ေဆးနည္း

★★★
★★★★★★★
★★★★★★★★★★

ထိုသို႔ျဖစ္ပါလွွ်င္ဆူပြက္ေနေသာေရေႏြးတစ္ခြက္ထဲသို႔ လက္ဖက္ေျခာက္ေလွာ္ျပီးသား လက္တစ္ဆုပ္ကိုထည့္ပါ။ ျပးီလွ်င္ဆားေကာ္ဖီဇြန္း(၁)ဇြန္းစာ
၊သၾကား ေကာ္ဖီဇြန္း(၁)ဇြန္းစာ

သံပုရာသီးတစ္ျခမ္းကို အရည္ညွစ္၍ထည့္ျပီး ေႏြးေႏြးေလးေသာက္လိုက္ေပးလိုက္ပါ။
၀မ္းလည္းရပ္သြားပါလိမ္႔မယ္။အားလည္းမယုတ္ေလ်ာ့ပါဘူး။ ေသာက္နိုင္သမွ်ခဏခဏသာတိုက္ေပးလိုက္ပါ။

အင္ခိုင္ဘြန္ေတာင္တန္းမွာေတာင္ယာလုပ္ကိုင္ေနၾကသူ တိုင္းရင္းသားမ်ားရဲ႕ ပဲြေတြ႔ေဆးနည္းေက်ာ္လို႔ဆိုပါတယ္။
၀မ္းေလ်ာျခင္းျဖစ္ရပ္မ်ားႏွင့္ၾကံဳတိုင္း နကၡတၱေရာင္ျခည္မဂၢဇင္းမွ ရရွိေသာဤေဆးေလးျဖင့္ ကိုယ္တိုင္ေရာ ၊ပတ္သက္ ဆက္ႏြယ္သူမ်ားအား ျပဳလုပ္တိုက္ေကြ်းေပးရာ ၀မ္းေလ်ာျခင္းအတြက္ အလြန္ထိေရာက္ပါေၾကာင္း တင္ျပလိုက္ပါတယ္။

(ဆရာ၀န္၊ေဆးရံု၊ေဆးခန္းျပသကုသရန္ခက္သူတို႔အတြက္သာ)
လိုသူတို႔သံုး စိတ္ႏွလံုးရႊင္ျပံဳးနိုင္ပါေစ..။
ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)

Unicodeဖြင့်ဖတ်ရန်

(၁) ဝမ်းပျက်၊ ဝမ်းလျှောခြင်းဆိုသည်မှာ

အရည်ဝမ်းသွားခြင်း၊ ဝမ်းသွားအကြိမ်နှင့် ဝမ်းပမာဏများခြင်းကို ဝမ်းပျက်၊ ဝမ်းလျှောခြင်းဟု ခေါ်ဆိုပါသည်။ ဝမ်း၏ အရောင်နှင့် အနံ့လည်းပြောင်းလဲတတ်ပါသည်။ဝမ်းပျက်၊ ဝမ်းလျှောခြင်း (၂) မျိုးရှိပါသည်။

ရုတ်တရက်ချက်ချင်းနှင့် နာတာရှည်တို့ဖြစ်ပါသည်။ ဝမ်းပျက်၊ ဝမ်းလျှောခြင်းသည် ချက်ချင်းဖြစ်၍ (၃)ရက်၊ (၄)ရက်အတွင်း ပျောက်သွားပါက ရုတ်တရက်ချက်ချင်း ဝမ်းပျက်၊ ဝမ်းလျှောဟု ခေါ်ဆိုပြီး၊ လပေါင်းများစွာ နှစ်နှင့်ချီပြီးဖြစ်လာပါက နာတာရှည် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဟုခေါ်ဆိုပါသည်။

(၂) ဝမ်းပျက်၊ ဝမ်းလျှောဖြစ်စေသော အကြောင်းအရင်း

ဝမ်းပျက်၊ ဝမ်းလျှောခြင်းသည် အစာအိမ်အူလမ်းကြောင်းအတွင်းရှိ အရည်များ ပုံမှန်အလုပ်မလုပ်သောအခါတွင် အစာအိမ် အူလမ်းကြောင်းသည် အရည်ဓာတ်များကို များစွာထုတ်၍ ကိုယ်ခန္ဓာအတွင်းသို့ ပြန်လည်စုပ်ယူမှုနည်းသောအခါတွင် ဖြစ်တတ်ပါသည်။

ဘက်တီးရီးယား ဗိုင်းရပ်(စ်)ပိုးများနှင့် သန်ကောင်များကြောင့် အစာအိမ် အူလမ်းကြောင်းတလျောက်တွင်ရှိသော အမြှေးပါးများ ပျက်စီးပြီး အစာအိမ် အူလမ်းကြောင်းအတွင်း အရည်ဓာတ်များ ယိုထွက်စုပ်ယူမှုစနစ် ပျက်ပြားစေပါသည်။မသန့်ရှင်းသောရေနှင့် အစားအစာများကြောင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်စေပါသည်။ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေ ကျန်းမာရေးစနစ်များ မကောင်းပါကလည်း ဝမ်းပျက်၊ ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါသည်။
(၃) ဝမ်းပျက်၊ ဝမ်းလျှောခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုး

ဝမ်းပျက်၊ ဝမ်းလျှောခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးပြီး ကိုယ်ရေခန်းခြောက်ခြင်း၏ လက္ခဏာများမှာ ရေငတ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အာခေါင်ခြောက်ခြင်း၊ မျက်စိချိုင့်ဝင်ခြင်းနှင့် အရေပြားရှုံ့တွခြင်းများ ဖြစ်ပါသည်။ဝမ်းပျက်၊ ဝမ်းလျှောခြင်း ပြင်းထန်ပါက ကိုယ်ရေခန်းခြောက်မှုဖြစ်စေပါသည်။ ကိုယ်ရေခန်းခြောက်ခြင်းကြောင့် အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ မစားနိုင်ခြင်းတို့ကြောင့် ကိုယ်အလေးချိန် လျော့နည်းခြင်းများဖြစ်စေပါသည်။

ဆိုးကျိုးအနေဖြင့် ကိုယ်ခန္ဓာချည့်နဲ့စေပြီး ခုခံအားစနစ်ကို ကျဆင်းစေပါသည်။ဝမ်းပျက်၊ ဝမ်းလျှောရောဂါ နာတာရှည်ဖြစ်ခြင်း၊ အစာအိမ် အူလမ်းကြောင်းအတွင်းရှိ ရောဂါပိုးများပွားများလာခြင်းကြောင့် အစာအိမ် အူလမ်းကြောင်း ပျက်စီးစေပါသည်။ အေအိုင်ဒီအက်စ်ရောဂါရှိသူများတွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်းး၏ နောက်ဆက်တွဲဆိုးကျိုးများပို၍ ခံစားရနိုင်ပါသည်။ ခုခံအားစနစ် ကျဆင်းလာသည်နှင့်အမျှ ရောဂါပေါင်းစုံလည်း ရရှိစေနိုင်ပြီး အသက်ဆုံးရှုံးစေနိုင်ပါသည်။

Author: ဒေါကျတာမငျးသူရိနျ, Healthcare Journal, vol 8,no 37 (29.9.17)
ကလေးဖြစ်စေ၊လူကြီးဖြစ်စေရုတ်တစ်ရက် ဝမ်းမရပ်မနား သွားပါလျှင် ဘာလုပ်ရမည်မသိဖြစ်တတ်ပါသည်။ အထူးသဖြင့် တောရပ်နေပြည်သူတို့ကြုံတတ်ကြလေသည်။

ဆေးနည်း
★★★
★★★★★★★
★★★★★★★★★★

ထိုသို့ဖြစ်ပါလျှင်ဆူပွက်နေသောရေနွေးတစ်ခွက်ထဲသို့ လက်ဖက်ခြောက်လှော်ပြီးသား လက်တစ်ဆုပ်ကိုထည့်ပါ။ ပြးီလျှင်ဆားကော်ဖီဇွန်း(၁)ဇွန်းစာ
၊သကြား ကော်ဖီဇွန်း(၁)ဇွန်းစာ

သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်၍ထည့်ပြီး နွေးနွေးလေးသောက်လိုက်ပေးလိုက်ပါ။

ဝမ်းလည်းရပ်သွားပါလိမ့်မယ်။အားလည်းမယုတ်လျော့ပါဘူး။ သောက်နိုင်သမျှခဏခဏသာတိုက်ပေးလိုက်ပါ။
အင်ခိုင်ဘွန်တောင်တန်းမှာတောင်ယာလုပ်ကိုင်နေကြသူ တိုင်းရင်းသားများရဲ့ ပွဲတွေ့ဆေးနည်းကျော်လို့ဆိုပါတယ်။

ဝမ်းလျောခြင်းဖြစ်ရပ်များနှင့်ကြုံတိုင်း နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ရရှိသောဤဆေးလေးဖြင့် ကိုယ်တိုင်ရော ၊ပတ်သက် ဆက်နွယ်သူများအား ပြုလုပ်တိုက်ကျွေးပေးရာ ဝမ်းလျောခြင်းအတွက် အလွန်ထိရောက်ပါကြောင်း တင်ပြလိုက်ပါတယ်။

(ဆရာဝန်၊ဆေးရုံ၊ဆေးခန်းပြသကုသရန်ခက်သူတို့အတွက်သာ)
လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ..။
ရဲမျိုးသူ(ဗောဓိမြိုင်)