
Zawgyi ဖြင့်ဖတ်၇န်
ဆေးအသုံးပြုပုံမှာ
★★★
★★★★★★★
★★★★★★★★★★
ခါးသောအရသာရှိသည်အထိအသုးံပြုသောက်သုးံနိုင်သည်။
Unicodeဖြင့်ဖတ်ရန်
ကချင်ပြည်နယ်ပူတာအိုရေခဲတောင်ပေါ်ဒေသတွင်ပေါက်တဲ့ အပင် တစ်မျိုးပါ
ကချင် (ဂျိန်းဖော့)လို အခေါ်အားဖြင့် နူးမရင်း(Num Rim) ။
တရုတ်နှိင်ငံ ယူနန်ပြည်နယ်ထဲမှာတော့ (Moang Lien)လို့ခေါ်ပါတယ်။
ရုက္ခဗေဒ အမည်အားဖြင့်ကတော့ (Coptisteeta) ပါ။
ခန်းတောက်မြစ်လိုလည်းခေါ်ကြပါတယ်။
sea levelအရ အမြင့်ပေ (၂၀၀၀)ကျော်မှာ စိုက်ပျိုးနိုင်တယ်လို့သိရှိရပါတယ်။
သဘာဝအားဖြင့်တော့ အမြင့်ပေ(၄၀၀၀)ကျော်မှာ အလေ့ကျပေါက်ပါတယ်။
အဝတ်အထည်များ ဆေးအရောင်ဆိုးရာတွင် ဤခန်းတောက်မြစ်ကို အသုံးပြုပါက ဆေးအရောင် ပိုမိုခိုင်ခံ့ပြီး
လွယ်လွယ်နဲ့ အရောင်ပြယ်လွင့်မှုမရှိပါဘူး။ ရှားရှားပါးပါး ဒီအပင်ဟာ အအေးဓာတ်ရှိပြီး အပူကိုနိုင်တဲ့
အပင်တမျိုးဖြစ်ပြီး လူခန္ဓာကိုယ့်အတွင်းအပူနဲ့အအေးကိုမျှတစေသည်။
မျက်စိနာတို့/ငှက်ဖျားရောဂါတို့လည်း ပျောက်ကင်းနိုင်ပါတယ်။
အပင်မှာ အလွန်မှ ခါးပါသည်။
ခါးသက်သက် အရသာ မှာ လျှာပေါ်မှာ အတော်ကြာအောင် စွဲနေပါသည်။
အပင်မှာ မြက်ပင်လေးများကဲ့သို့ ငယ်ငယ် သေးသေးလေး ဖြစ်ပါသည်။
အပင်လေးများမှာ အဆစ်လေးများနှင့် ဖြစ်ပါသည်။
ဆေးအသုံးပြုပုံမှာ
★★★
★★★★★★★
★★★★★★★★★★
ရေတပုလင်းထဲတွင်ခမ်းတောက်မြစ်(၃)ပင်ထည့်စိမ်ပါ
ရေအဝါရောင်ပြောင်းသွားမှသောက်ပေးပါ
ခါးသောအရသာရှိသည်အထိအသုးံပြုသောက်သုးံနိူင်သည်။
သွေးတိုး-ဆီးချို-သွေးချို အလွန်ဝသောသူများအဆီကျပိန်လိုပါကခမ်းတောက်မြစ်စိမ်ရည်ကိုပုံမှန်ခွက်ဖြင့်တရက်(၂)ကြိမ်သောက်ပါ။
ဝမ်းဖောဝမ်းရောင်အစာအိမ်ရောဂါနဲ့ဌက်ဖျားရောဂါများအတွက်တရက်(၃)ကြိမ်သောက်ပါ။
နွေရာသီမှာဖြစ်တတ်သောအပူဖုမိတ်ဖုထခြင်းမီးလောင်အနာရေနွေးပူလောင်းခြင်းထိခိုက်ဒဏ်ရာရှနာများကို
ခမ်းတောက်မြစ်စိမ်ရည်နဲ့ပုံမှန်ဆေးကြောပြီးသွေးလိမ်းပါ။
နွေရာသီမှာခမ်းတောက်မြစ်စိမ်ရည်ကိုတနေ့(၃)ကြိမ်သောက်ပေးပါကလူခန္ဓာကိုယ်အတွင်းအေးမြပြီးကျန်းမာစေပါသည်-မျက်ခမ်းစပ်-မျက်စိအနာများခမ်းတောက်မြစ်စိမ်ရည်ကိုတနေ့(၃)ကြိမ်ခပ်ထည့်ပေးပါ ။
မျက်စိနာပါက ဆေးမြစ်ကို သွေးပြီး မျက်စိမှာကွင်း၍လိမ်းထားနှိင်ပါသည်။
Credit : original writers
မြန်မာဆေးစွမ်းကောင်းများ