.သိမ္းထားသင္႔ေသာ ျမန္မာေဆးနည္းတိုမ်ား အပိုင္း( ၂ ) (က်န္းမာေရးအတြက္ေဆးတစ္ခြက္)…

Zawgyi ျဖင့္ဖတ္၇န္

ခါးကိုက္ေပ်ာက္ ေဆးနည္း
၀ါးရြက္ကို ဟင္းခ်က္၍ ေသာက္ပါ။ (တစ္နည္း)
ခါးကို ဆပ္ျပာရည္ႏွင့္ ႏွိပ္နယ္ေပးပါ။ (တစ္နည္း)

ခူနာေပ်ာက္ ေဆးနည္း
ဘူးရြက္ႏွင့္ ထံုးျဖဴကို အညီအမွ်ၾကိတ္၍ ခူနာေပၚမွာ အံုေပးပါ။ (တစ္နည္း)
ျမင္းေခ်း၊ ငရုတ္ေကာင္း၊ ၎ေဆးႏွစ္ပါးအား ညက္ေအာင္ၾကိတ္ျပီး အုန္းဆီစစ္စစ္ျဖင့္ ေဖ်ာ္၍ လိမ္းေပးပါ။ (တစ္နည္း)

အုတ္ခဲအမူန္႕ကို ဆီႏွင့္နယ္ျပီး လံုး၍ ခူနာေပၚမွာ လိမ္းေပးပါ။ (တစ္နည္း)
သရက္ေခါက္ လတ္လတ္ဆတ္ဆတ္ကို ထုေထာင္းျပီး က်င္ငယ္ရည္ထည့္၍ အနာကို လိမ္းထားေပးပါ၊ တစ္ေန႕လွ်င္ အသစ္ ႏွစ္ခါေလာက္ ေျပာင္း၍ စိမ္ေပးပါ။ အေပ်ာက္ျမန္၏။ (တစ္နည္း)

ေညာင္ေခါက္ကို ေရႏွင့္ညက္ေအာင္ၾကိတ္ျပီး အနာကို အံုေပးပါ။ မွည့္ေစလုိလွ်င္ ငါးပိထည့္၍ အံုေပးပါ။ မွည့္လြယ္ျပီး ခူနာ အေပ်ာက္ျမန္၏။ (တစ္နည္း)
ေခါင္းကိုက္ခဲေပ်ာက္ ေဆးနည္း
မန္က်ည္းမွည့္ကို ဆားႏွင့္နယ္၍ ရူေပးပါ။ (တစ္နည္း)

အညာကုကၠိဳပြင့္ကို ေရႏွင့္ၾကိတ္ျပီး ဦးေခါင္းႏွင့္ နားထင္ကို လိမ္းေပးပါ။
ေခ်ာင္းဆုိး ရင္ၾကပ္ေပ်ာက္ ေဆးနည္း
ေက်ာက္ဖရုံျမစ္ကို အမူန္႕ျပဳလုပ္၍ ေရေႏြးႏွင့္ေသာက္ပါ။

ခံတြင္းပ်က္ေပ်ာက္ ေဆးနည္း
ငွက္ေပ်ာသီးမွည့္ကို ထန္းလ်က္ႏွင့္ စားပါ။
ေခြးရူးကိုက္နာေပ်ာက္ ေဆးနည္း

ၾကာစြယ္ကို လက္ဖက္ရည္ႏွင့္ ေသြး၍ ေသာက္ပါ။ (တစ္နည္း)
ပဒုိင္းရြက္ ငါးက်ပ္သး၊ ဒုတၳာ တစ္က်ပ္သား၊ ၎ေဆးႏွစ္ပါးကို ညက္စြာၾကိတ္ျပီး ပဲၾကီးေစ့့ခန္႕ လံုးထားပါ။ လူၾကီးကိုက္ခံရေသာ္ တစ္လံုး၊ ကေလးကိုက္ခံရေသာ္ တစ္၀က္တုိက္ပါ။ အန္လွ်င္ ထန္းလ်က္ေကြ်းပါ။ (တစ္နည္း)

ငရုတ္ေကာင္း၊ မုရုိးျမစ္၊ ဘူးျမစ္၊ ေခြးေတာက္ျမစ္၊ ထင္းရူးသား ၎တုိ႔ကို ဆတူၾကိတ္-ၾကိတ္၍ တုိက္ပါ။

ေခြ်းငုပ္ေပ်ာက္ ေဆးနည္း
ဧကရာဇ္ျမစ္ကို ငါးေပါင္းေၾကာ္လုပ္၍ စားပါ။ (တစ္နည္း)
ကသစ္ပြင့္ႏွင့္ တရုတ္စံကားပြင့္ကို လက္သုပ္လုပ္၍ စားပါ။ (တစ္နည္း)

ငါးခူငါးက်ည္းစူးေပ်ာက္ ေဆးနည္း
ငါးခူငါးက်ည္းစူးပါက ဆီးျဖဴသီးကို စားေပးပါ။
စိန္အဆိပ္ေပ်ာက္ေျဖ ေဆးနည္း

ကန္စြန္းရြက္ကို ၾကက္ျပဳတ္ရည္ျဖင့္ ခ်က္၍စားပါ။ (တစ္နည္း)
ရွားရြက္ႏွင့္ ကန္စြန္းရြက္ ခ်က္စားပါ။ (တစ္နည္း)
ရွားေစးတစ္က်ပ္သားကို ေရႏွင့္ေသြး၍ ေသာက္ပါ။ (တစ္နည္း)

ဆီးပူ၊ ဆီးေအာင့္ ဆီးေရာဂါေပ်ာက္ ေဆးနည္း
ထန္းလ်က္ႏွင့္ ဇ၀က္သားဆတူၾကိတ္၍ ဆီးျဖဴသီးခန္႕ ေရေအးျဖင့္ ေသာက္ပါ။
ခရုကို ဆားသြပ္ျပီး မီးဖုတ္၍ ေထာင္းစားပါ။ ဆီးပူနာေပ်ာက္၏။ (တစ္နည္း)

ဆီးျဖဴသီးကို တင္လဲႏွင့္စားပါက ဆီးေအာင့္ေပ်ာက္ကင္း၏။ (တစ္နည္း)
ၾကက္သြန္ျဖဴျပဳတ္ရည္ကို ေသာက္ပါက ဆီးတစ္စက္စက္ကေရာဂါ ေပ်ာက္၏။ (တစ္နည္း)

ၾကက္သားႏွင့္ မုန္လာဥၾကီး အခ်ိဳခ်က္၍စားပါက ဆီးေအာင့္ႏွင့္ ေက်ာက္တည္ေရာဂါ ေပ်ာက္ကင္း၏။ (တစ္နည္း)
ေက်ာက္ဖရုံသီးကို သၾကားႏွင့္စားပါ။ ဆီးပူေပ်ာက္ကင္း၏။ (တစ္နည္း)

သခြားသီးကို သၾကားႏွင့္စားပါ။ ဆီးပူေပ်ာက္ကင္း၏။ (တစ္နည္း)
ထိကရုံးျမစ္ကိုၾကိတ္၍ ဆီးခံုတြင္ အံုေပးပါ။ (တစ္နည္း)

ဆီးျဖဴသီးျပဳတ္ရည္ကို ပ်ားရည္ႏွင့္ တုိက္ပါက ဆီးေအာင့္ေရာဂါ ေပ်ာက္၏။ (တစ္နည္း)
ဖီးၾကမ္းငွက္ေပ်ာသီးကို ထန္းလ်က္ႏွင့္ ၀ေအာင္စားပါ။ ဆီးခ်ဳပ္၊ ၀မ္းခ်ဳပ္ ေပ်ာက္ကင္း၏။ (တစ္နည္း)
ျမင္းခြာရြက္ကို လက္သုပ္လုပ္စားပါ။ (တစ္နည္း)

ငုပင္၏ အႏွစ္ကိုေသြး၍ ခ်က္ေအာက္တြင္ မၾကာခဏလိမ္းေပးပါ။ (တစ္နည္း)
ကုလားမ်က္စိရြက္ကို ၾကိတ္၍ အရည္ညွစ္ပါ။ ၎အရည္ကို ေသာက္ပါက ဆီးခ်ဳပ္ေရာဂါ ေပ်ာက္ကင္း၏။ (တစ္နည္း)
ၾကက္သြန္နီကို မ်ားမ်ားစားေပးပါ။ (တစ္နည္း)

ထိကရုံးျမစ္ကို ေသြး၍ ေသြး၍ေသာက္ပါက ဆီးေအာင့္ ေက်ာက္တည္ေရာဂါ ေပ်ာက္ကင္း၏။ (တစ္နည္း)
– ဆီးျဖဴသီးအေစ့ကို စားေပးပါ။ (တစ္နည္း)

– တမာေခါက္ကိုျပဳတ္၍ နံနက္ေစာေစာပုိင္းတြင္ ေသာက္ေပးပါ။ ဆီေးအာင့္ ေက်ာက္တည္ ေပ်ာက္၏။
– ခံတက္ေခါက္ကို ေလးခြက္တစ္ခြက္တင္ ၾကိဳ၍ေသာက္ပါ။ ဆီးေအာင့္ ေက်ာက္တည္ ေပ်ာက္၏။ (တစ္နည္း)
– ဘူးသီးျပဳတ္ကို မ်ားမ်ားစားေပးပါ။ (တစ္နည္း)

– ယမေနရြက္ သတၱဳရည္ကို ေၾကြဇြန္းၾကီး တစ္ဇြန္းသာသာ တစ္ေန႕ ႏွစ္ၾကိမ္ ေသာက္ေပးပါ။ (တစ္နည္း)
ဆံပင္ကြ်တ္ေပ်ာက္ ေဆးနည္း

သလဲရြက္ကို ေရႏွင့္ၾကိတ္၍ သတၱဳရည္ကို တစ္ေန႕ႏွစ္ၾကိမ္လိမ္းေပးပါမူ ဆံပင္ကြ်တ္ျခင္း ေပ်ာက္ကင္း၏။
ဆံပင္ေပါက္ ေဆးနည္း
သံပရာေစ့ကို ေရႏွင့္ၾကိတ္ျပီး ေန႕စဥ္လိမ္ေပးပါ။
ဆံပင္နက္ ေဆးနည္း

တမာဆီကို ေန႕စဥ္ လိမ္းေပးျခင္းအားျဖင့္ ဆံပင္မ်ားျပန္၍ နက္ျပီးေခ်ာမြတ္ေစသည္။ (တစ္နည္း)
မယားၾကီးရြက္၊ ပဲရြက္၊ ေပါက္ပန္းျဖဴရြက္ ၎သံုးမ်ိဳးကိုၾကိတ္၍ ႏွမ္းဆီႏွင့္ ေဖ်ာ္လိမ္ေပးပါ။ (တစ္နည္း)
သူငယ္စာ ငွက္ေပ်ာကို ပ်ားရည္ႏွင့္ တစ္ႏွစ္စိမ္ျပီးစားပါ။ (တစ္နည္း)

မန္က်ည္းသီး ငါးက်ပ္သား၊ ဆားငါးက်ပ္သား၊ ေပြးကိုင္းရြက္ ငါးက်ပ္သား၊ သၾကားတစ္ဆယ္က်ပ္သား၊ ပ်ားရည္ တစ္ဆယ္က်ပ္သား ၎ေဆးငါးပါးေရာ၍ စားပါ။ (တစ္နည္း)

သံေခ်း၊ မုေယာပြင့္၊ ဆီးျဖဴသီး ၎တုိ႔ကို အညီအမွ်စု၍ ၾကိတ္ျပီး သံုးရက္ခန္႕ လိမ္းေပးပါ။ (တစ္နည္း)
မန္က်ည္းသီးအဆံကိုေသြး၍ ဦးေခါင္းရွိ ဆံပင္အားလံုးကို လိမ္းပါ။ (တစ္နည္း)

ေပြးကိုင္းရြက္၊ ၾကိတ္မွန္ရြက္ ၎ေဆးႏွစ္ပါးကို ၾကိတ္၍ အရည္ကို ေသာက္ေပးပါ။ (တစ္နည္း)
ယမေနသီး အဆီကို ႏွာရူေပးလွ်င္ ဆံပင္ျဖဴေပ်ာက္၏။ (တစ္နည္း)

တမာသီးအဆံကို ၾကိတ္မွန္ရြက္ႏွင့္ၾကိတ္၍ ႏွာရူေပးပါက ဆံပင္ျဖဴေပ်ာက္၏။ (တစ္နည္း)
ဒါန္းၾကီးရြက္ႏွင့္ မဲနယ္ပင္ကို ၾကိတ္၍ သတၱဳရည္ကို ျဖဴေသာဆံပင္အား လိမ္းေပးပါ။ (တစ္နည္း)
ဒႏၱသုခ ပင္လံုးျပဳရည္ျဖင့္ မၾကာခဏ ေခါင္းေလွ်ာ္ေပးပါ။ ဆံပင္ျဖဴေပ်ာက္၍ ေဘာက္ပါေသသည္။ (တစ္နည္း)

ဆံပင္ေကာင္းရန္ ေဆးနည္း
တမာရြက္ႏွင့္ ဆီးရြက္ကို ဆတူၾကိတ္ျပီး အမူန္႕ကို ေခါင္းမွာလိမ္းေပးပါ။ ဆယ့္ႏွစ္နာရီၾကာလွ်င္ ေဆးေၾကာေပးပါ။ ဤနည္းအတုိင္း ရက္အနည္းငယ္ ျပဳလုပ္ေပးပါက ဆံပင္ေကာင္း၍လာ၏။

ဆင္ေျခေထာက္ေရာဂါေပ်ာက္ ေဆးနည္း
ငျဖဴၾကီးျမစ္ကို ဆန္ပုန္းရည္ျဖင့္ ေသြး၍ လူးေပးပါ။
ဆံုဆုိ႔နာေပ်ာက္ ေဆးနည္း

သေဘၤာသီး အစိမ္ကို စားေပးပါ။ (တစ္နည္း)
ငါးရန္႕ပတူျမစ္ကို ေသြး၍ လူးေပးပါ။ (တစ္နည္း)
ကြမ္းသီးကိုၾကိတ္၍ သုတ္လိမ္းေပးပါ။ (တစ္နည္း)
ဇက္ေလးနာေပ်ာက္ ေဆးနည္း

တမာေခါက္ကို သံုးခြက္တစ္ခြက္တင္ က်ိဳ၍ေသာက္ပါ။
ညေသးပါေရာဂါေပ်ာက္ ေဆးနည္း

က်ီးအာသီး သတၱဳရည္ကို လက္ဖက္ရည္ဖြန္း တစ္၀က္ခန္႕ ရက္အနည္းငယ္ ေန႕စဥ္ဆက္၍ ေသာက္ပါ။
ေညာင္းက်ေရာဂါ ေပ်ာက္ေဆးနည္း
ေၾကာင္ပန္းရြက္ကိုျပဳတ္၍ ေႏြးေႏြးထားျပီး မၾကာခဏေသာက္ပါ။

ညွင္းေပ်ာက္ေဆးနည္း
ပဒုမၼာၾကာရုိးကို မီးဖုတ္၍ ျပာကိုလိမ္းက်ံေသာ ညွင္း၊ တင္းတိတ္ ေပ်ာက္ကင္း၏။ (တစ္နည္း)
ကန္႕ကိုေရနံဆီျဖင့္ေသြး၍ ညအိပ္ရာ၀င္တြင္ လိမ္းေပးပါ။ သံုးရက္ဆက္၍ လိမ္းေပးပါ။ ညွင္းမ်ားကြာက်၍ ေပ်ာက္ကင္း၏။ (တစ္နည္း)
ၾကိတ္မွန္ရြက္ သတၱဳရည္ကို လိမ္းေပးပါ။ (တစ္နည္း)

လက္ပံပင္၏ဆူးကို ႏုိ႕ရည္ႏွင့္ေသြး၍ လိမ္းေပးပါက ညွင္း၊ တင္းတိတ္ေပ်ာက္ကင္း၍ မ်က္ႏွာေခ်ာမြတ္ေစသည္။

တင္းတိတ္ေပ်ာက္ ေဆးနည္း

ငရုတ္ေကာင္း၊ ေဂၚရာဇင္ ၎ေဆးႏွစ္ပါးကို ၾကိတ္၍ လိမ္းေပးပါ၊ ေန႕စဥ္ဆက္၍ လိမ္းေပးပါက ရက္အနည္းငယ္ၾကာလွ်င္ ေပ်ာက္ကင္း၏။ (တစ္နည္း)
လက္ပံပင္၏ဆူကို ႏုိ႕ရည္ႏွင့္ေသြး၍ တင္းတိတ္ရွိေသာ ေနရာကို ေန႕စဥ္ရက္ဆက္ လိမ္းေပးပါက ရက္အနည္းငယ္အတြင္း ေပ်ာက္ကင္း၏။ (တစ္နည္း)
ေညာင္ၾကတ္ညြန္႕ ပဲပိစပ္ ၎ေဆးႏွစ္ပါးကို ၾကိတ္၍ လိမ္းေပးပါ။ (တစ္နည္း)

ညအခါတြင္ တင္းတိတ္ရွိေသာေနရာကို မုန္ညင္းဆီသုတ္လိမ္းေပးပါ။ (တစ္နည္း)
နႏြင္းႏွင့္ ငျဖဴၾကီးျမစ္ကို ေသြး၍လိမ္းေပးပါ။ (တစ္နည္း)
ၾကက္ဆူရြက္အရည္၊ ဘူးေစ့ ၎ေဆးႏွစ္ပါးၾကိတ္၍ တင္းတိတ္ရွိေသာေနရာတြင္ လိမ္းေပးပါ။ (တစ္နည္း)

သိေႏၶာဆားခဲကို ေရျဖင့္ေသြး၍ လိမ္းေပးပါ။ (တစ္နည္း)
ဒႏၱသုခ အရြက္စိမ္းရည္ႏွင့္ သနပ္ခါးစပ္၍ လိမ္းေပးပါ။
ထိရွပြန္းပဲ့ျခင္းအနာေပ်ာက္ ေဆးနည္း

ကိုယ္လက္အဂၤါ ထိရွိပြန္းပဲ့ခဲ့ေသာ္ တမာဆီကို လိမ္းေပးပါ။ (တစ္နည္း)
နႏြင္းႏွင့္ ကြမ္းစားထံုးကိုနယ္၍ အနာကိုထည့္ေပးပါ။ (တစ္နည္း)
ေခြးေသးပန္းရြက္အရည္ကို ညွစ္၍ အနာကိုထည့္ေပးျပီး ပတ္တီးစည္းထားပါ။ (တစ္နည္း)

ၾကိတ္မွန္ရြက္အရည္ကိုညွစ္၍ ထည့္ေပးပါ။ (တစ္နည္း)
ကုကၠိဳရြက္ကိုၾကိတ္ညွစ္ျပီး သတၱဳရည္ကိုထည့္ေပး၍ ပတ္တီး စည္းထားေပးပါ။ (တစ္နည္း)
ဒူလာေသြး၀မ္းေပ်ာက္ ေဆးနည္း

ငါးရွဥ္႕ကို ဆီးျဖဴသီးအေျခာက္ႏွင့္ ခ်က္၍စားပါ။
ဒူလာ၀မး္ပိတ္တား ေဆးနည္း
သံပရာရည္၊ ဆီ၊ ဆား ၎ေဆးသံုးပါးအား အညီအမွ် ေရာစပ္၍ ေသာက္ပါ။

ဒူလာေညာင္းညာကိုက္ခဲေပ်ာက္ ေဆးနည္း
ျမင္းခြာရြက္ တစ္ဆယ္က်ပ္သား၊ သေဘၤာဆီးျဖဴျမစ္ ငါးက်ပ္သား၊ ၎ေဆးႏွစ္ပါးအား သံုးခြက္တစ္ခြက္တင္က်ိဳ၊ လက္ဖက္ရည္ ဇြန္းျဖင့္ တစ္ေန႕သံုးၾကိမ္ေသာက္ပါ။ (တစ္နည္း)

ကုကၠိဳရြက္ကို အရည္ညွစ္၍ မီးေႏြးေႏြးျပျပီး နားထဲသို႔ ထည့္ေပးပါ။ (တစ္နည္း)
ရွားေစာင္း ျမင္းနားရြက္အရည္ကို မီးေႏြးေႏြးျပျပီး နားထဲသို႔ က်ပ္ေပးပါ။ (တစ္နည္း)

ရွားေစာင္းလက္ပပ္ သတၱဳရည္ကို မီးေႏြးေႏြးျပျပီး ညာဘက္နားကိုက္မူ ဘယ္ဘက္နားကိုထည့္၊ ဘယ္ဘက္နားကိုက္မူ ညာဘက္နားထဲသို႔ ထည့္ေပးပါ။ လ်င္ျမန္စြာ ေပ်ာက္ကင္းေစသည္။ (တစ္နည္း)
ေၾကာင္ပန္းရြက္အရည္၊ ႏွမ္းဆီ၊ ပ်ားရည္ ၎ေဆးသံုးပါးကို ဆတူေရာ၍ နားထဲသို႔ က်ပ္ေပးပါ။ (တစ္နည္း)

နားျပည္ယိုေပ်ာက္ ေဆးနည္း
ငုရြက္၊ ေၾကာင္ပန္းရြက္ ၎ေဆးႏွစ္ပါးကို အရည္ညွစ္၍ နားကို က်ပ္ေပးပါ။ (တစ္နည္း)
ေၾကာင္လွ်ာျမစ္ကို အမူန္႕ျပဳလုပ္၍ ႏွမ္းဆီႏွင့္ေဖ်ာ္ျပီး မီးေႏြးေႏြးႏွင့္ ခ်က္ပါ။ ၎ကို နားထဲတြင္ က်ပ္ေပးပါ။ (တစ္နည္း)

တမာရြက္ကို ေရႏွင့္ျပဳတ္၍ နားကိုသန္႕ရွင္းေအာင္ ေဆးေၾကာေပးပါ။ (တစ္နည္း)
တမာဆီႏွင့္ ပ်ားရည္ေရာျပီး နားထဲသို႔ က်ပ္ေပးပါ။ (တစ္နည္း)
ရွားေစးမူန္႕ကို နားတြင္းသို႔ အနည္းငယ္ ျဖဴးျဖဴးထည့္ေပးပါ။ (တစ္နည္း)

နားေလထြက္ ေဆးနည္း
ေၾကာင္လွ်ာသီးႏုႏုကို သံပရာရည္လက္သုပ္ လုပ္စားပါ။ (တစ္နည္း)
ေထာပတ္ကို မီးေႏြးေႏြးျပျပီး နားက်ပ္ေပးပါ။ (တစ္နည္း)

သစ္ၾကံပိုးအဆီကို နားအတြင္းသို႔ က်ပ္ေပးပါက နားအူ နားေလထြက္ ေပ်ာက္ကင္း၏။ (တစ္နည္း)
ဆက္ရန္…(၃)

SarYarWin

Unicodeဖြင့်ဖတ်ရန်
ခါးကိုက်ပျောက် ဆေးနည်း
ဝါးရွက်ကို ဟင်းချက်၍ သောက်ပါ။ (တစ်နည်း)

ခါးကို ဆပ်ပြာရည်နှင့် နှိပ်နယ်ပေးပါ။ (တစ်နည်း)
ခူနာပျောက် ဆေးနည်း
ဘူးရွက်နှင့် ထုံးဖြူကို အညီအမျှကြိတ်၍ ခူနာပေါ်မှာ အုံပေးပါ။ (တစ်နည်း)

မြင်းချေး၊ ငရုတ်ကောင်း၊ ၎င်းဆေးနှစ်ပါးအား ညက်အောင်ကြိတ်ပြီး အုန်းဆီစစ်စစ်ဖြင့် ဖျော်၍ လိမ်းပေးပါ။ (တစ်နည်း)
အုတ်ခဲအမူန့်ကို ဆီနှင့်နယ်ပြီး လုံး၍ ခူနာပေါ်မှာ လိမ်းပေးပါ။ (တစ်နည်း)

သရက်ခေါက် လတ်လတ်ဆတ်ဆတ်ကို ထုထောင်းပြီး ကျင်ငယ်ရည်ထည့်၍ အနာကို လိမ်းထားပေးပါ၊ တစ်နေ့လျှင် အသစ် နှစ်ခါလောက် ပြောင်း၍ စိမ်ပေးပါ။ အပျောက်မြန်၏။ (တစ်နည်း)
ညောင်ခေါက်ကို ရေနှင့်ညက်အောင်ကြိတ်ပြီး အနာကို အုံပေးပါ။ မှည့်စေလိုလျှင် ငါးပိထည့်၍ အုံပေးပါ။ မှည့်လွယ်ပြီး ခူနာ အပျောက်မြန်၏။ (တစ်နည်း)
ခေါင်းကိုက်ခဲပျောက် ဆေးနည်း

မန်ကျည်းမှည့်ကို ဆားနှင့်နယ်၍ ရူပေးပါ။ (တစ်နည်း)
အညာကုက္ကိုပွင့်ကို ရေနှင့်ကြိတ်ပြီး ဦးခေါင်းနှင့် နားထင်ကို လိမ်းပေးပါ။

ချောင်းဆိုး ရင်ကြပ်ပျောက် ဆေးနည်း
ကျောက်ဖရုံမြစ်ကို အမူန့်ပြုလုပ်၍ ရေနွေးနှင့်သောက်ပါ။
ခံတွင်းပျက်ပျောက် ဆေးနည်း

ငှက်ပျောသီးမှည့်ကို ထန်းလျက်နှင့် စားပါ။
ခွေးရူးကိုက်နာပျောက် ဆေးနည်း
ကြာစွယ်ကို လက်ဖက်ရည်နှင့် သွေး၍ သောက်ပါ။ (တစ်နည်း)

ပဒိုင်းရွက် ငါးကျပ်သး၊ ဒုတ္ထာ တစ်ကျပ်သား၊ ၎င်းဆေးနှစ်ပါးကို ညက်စွာကြိတ်ပြီး ပဲကြီးစေ့ခန့် လုံးထားပါ။ လူကြီးကိုက်ခံရသော် တစ်လုံး၊ ကလေးကိုက်ခံရသော် တစ်ဝက်တိုက်ပါ။ အန်လျှင် ထန်းလျက်ကျွေးပါ။ (တစ်နည်း)
ငရုတ်ကောင်း၊ မုရိုးမြစ်၊ ဘူးမြစ်၊ ခွေးတောက်မြစ်၊ ထင်းရူးသား ၎င်းတို့ကို ဆတူကြိတ်-ကြိတ်၍ တိုက်ပါ။

ချွေးငုပ်ပျောက် ဆေးနည်း
ဧကရာဇ်မြစ်ကို ငါးပေါင်းကြော်လုပ်၍ စားပါ။ (တစ်နည်း)
ကသစ်ပွင့်နှင့် တရုတ်စံကားပွင့်ကို လက်သုပ်လုပ်၍ စားပါ။ (တစ်နည်း)
ငါးခူငါးကျည်းစူးပျောက် ဆေးနည်း

ငါးခူငါးကျည်းစူးပါက ဆီးဖြူသီးကို စားပေးပါ။
စိန်အဆိပ်ပျောက်ဖြေ ဆေးနည်း

ကန်စွန်းရွက်ကို ကြက်ပြုတ်ရည်ဖြင့် ချက်၍စားပါ။ (တစ်နည်း)
ရှားရွက်နှင့် ကန်စွန်းရွက် ချက်စားပါ။ (တစ်နည်း)
ရှားစေးတစ်ကျပ်သားကို ရေနှင့်သွေး၍ သောက်ပါ။ (တစ်နည်း)

ဆီးပူ၊ ဆီးအောင့် ဆီးရောဂါပျောက် ဆေးနည်း
ထန်းလျက်နှင့် ဇဝက်သားဆတူကြိတ်၍ ဆီးဖြူသီးခန့် ရေအေးဖြင့် သောက်ပါ။
ခရုကို ဆားသွပ်ပြီး မီးဖုတ်၍ ထောင်းစားပါ။ ဆီးပူနာပျောက်၏။ (တစ်နည်း)

ဆီးဖြူသီးကို တင်လဲနှင့်စားပါက ဆီးအောင့်ပျောက်ကင်း၏။ (တစ်နည်း)
ကြက်သွန်ဖြူပြုတ်ရည်ကို သောက်ပါက ဆီးတစ်စက်စက်ကရောဂါ ပျောက်၏။ (တစ်နည်း)

ကြက်သားနှင့် မုန်လာဥကြီး အချိုချက်၍စားပါက ဆီးအောင့်နှင့် ကျောက်တည်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)
ကျောက်ဖရုံသီးကို သကြားနှင့်စားပါ။ ဆီးပူပျောက်ကင်း၏။ (တစ်နည်း)
သခွားသီးကို သကြားနှင့်စားပါ။ ဆီးပူပျောက်ကင်း၏။ (တစ်နည်း)

ထိကရုံးမြစ်ကိုကြိတ်၍ ဆီးခုံတွင် အုံပေးပါ။ (တစ်နည်း)
ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် တိုက်ပါက ဆီးအောင့်ရောဂါ ပျောက်၏။ (တစ်နည်း)
ဖီးကြမ်းငှက်ပျောသီးကို ထန်းလျက်နှင့် ဝအောင်စားပါ။ ဆီးချုပ်၊ ဝမ်းချုပ် ပျောက်ကင်း၏။ (တစ်နည်း)

မြင်းခွာရွက်ကို လက်သုပ်လုပ်စားပါ။ (တစ်နည်း)
ငုပင်၏ အနှစ်ကိုသွေး၍ ချက်အောက်တွင် မကြာခဏလိမ်းပေးပါ။ (တစ်နည်း)
ကုလားမျက်စိရွက်ကို ကြိတ်၍ အရည်ညှစ်ပါ။ ၎င်းအရည်ကို သောက်ပါက ဆီးချုပ်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)

ကြက်သွန်နီကို များများစားပေးပါ။ (တစ်နည်း)
ထိကရုံးမြစ်ကို သွေး၍ သွေး၍သောက်ပါက ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်ကင်း၏။ (တစ်နည်း)
– ဆီးဖြူသီးအစေ့ကို စားပေးပါ။ (တစ်နည်း)

– တမာခေါက်ကိုပြုတ်၍ နံနက်စောစောပိုင်းတွင် သောက်ပေးပါ။ ဆီေးအာင့် ကျောက်တည် ပျောက်၏။
– ခံတက်ခေါက်ကို လေးခွက်တစ်ခွက်တင် ကြို၍သောက်ပါ။ ဆီးအောင့် ကျောက်တည် ပျောက်၏။ (တစ်နည်း)

– ဘူးသီးပြုတ်ကို များများစားပေးပါ။ (တစ်နည်း)
– ယမနေရွက် သတ္တုရည်ကို ကြွေဇွန်းကြီး တစ်ဇွန်းသာသာ တစ်နေ့ နှစ်ကြိမ် သောက်ပေးပါ။ (တစ်နည်း)
ဆံပင်ကျွတ်ပျောက် ဆေးနည်း

သလဲရွက်ကို ရေနှင့်ကြိတ်၍ သတ္တုရည်ကို တစ်နေ့နှစ်ကြိမ်လိမ်းပေးပါမူ ဆံပင်ကျွတ်ခြင်း ပျောက်ကင်း၏။
ဆံပင်ပေါက် ဆေးနည်း
သံပရာစေ့ကို ရေနှင့်ကြိတ်ပြီး နေ့စဉ်လိမ်ပေးပါ။
ဆံပင်နက် ဆေးနည်း

တမာဆီကို နေ့စဉ် လိမ်းပေးခြင်းအားဖြင့် ဆံပင်များပြန်၍ နက်ပြီးချောမွတ်စေသည်။ (တစ်နည်း)
မယားကြီးရွက်၊ ပဲရွက်၊ ပေါက်ပန်းဖြူရွက် ၎င်းသုံးမျိုးကိုကြိတ်၍ နှမ်းဆီနှင့် ဖျော်လိမ်ပေးပါ။ (တစ်နည်း)
သူငယ်စာ ငှက်ပျောကို ပျားရည်နှင့် တစ်နှစ်စိမ်ပြီးစားပါ။ (တစ်နည်း)

မန်ကျည်းသီး ငါးကျပ်သား၊ ဆားငါးကျပ်သား၊ ပွေးကိုင်းရွက် ငါးကျပ်သား၊ သကြားတစ်ဆယ်ကျပ်သား၊ ပျားရည် တစ်ဆယ်ကျပ်သား ၎င်းဆေးငါးပါးရော၍ စားပါ။ (တစ်နည်း)
သံချေး၊ မုယောပွင့်၊ ဆီးဖြူသီး ၎င်းတို့ကို အညီအမျှစု၍ ကြိတ်ပြီး သုံးရက်ခန့် လိမ်းပေးပါ။ (တစ်နည်း)

မန်ကျည်းသီးအဆံကိုသွေး၍ ဦးခေါင်းရှိ ဆံပင်အားလုံးကို လိမ်းပါ။ (တစ်နည်း)
ပွေးကိုင်းရွက်၊ ကြိတ်မှန်ရွက် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ အရည်ကို သောက်ပေးပါ။ (တစ်နည်း)

ယမနေသီး အဆီကို နှာရူပေးလျှင် ဆံပင်ဖြူပျောက်၏။ (တစ်နည်း)
တမာသီးအဆံကို ကြိတ်မှန်ရွက်နှင့်ကြိတ်၍ နှာရူပေးပါက ဆံပင်ဖြူပျောက်၏။ (တစ်နည်း)
ဒါန်းကြီးရွက်နှင့် မဲနယ်ပင်ကို ကြိတ်၍ သတ္တုရည်ကို ဖြူသောဆံပင်အား လိမ်းပေးပါ။ (တစ်နည်း)

ဒန္တသုခ ပင်လုံးပြုရည်ဖြင့် မကြာခဏ ခေါင်းလျှော်ပေးပါ။ ဆံပင်ဖြူပျောက်၍ ဘောက်ပါသေသည်။ (တစ်နည်း)
ဆံပင်ကောင်းရန် ဆေးနည်း

တမာရွက်နှင့် ဆီးရွက်ကို ဆတူကြိတ်ပြီး အမူန့်ကို ခေါင်းမှာလိမ်းပေးပါ။ ဆယ့်နှစ်နာရီကြာလျှင် ဆေးကြောပေးပါ။ ဤနည်းအတိုင်း ရက်အနည်းငယ် ပြုလုပ်ပေးပါက ဆံပင်ကောင်း၍လာ၏။
ဆင်ခြေထောက်ရောဂါပျောက် ဆေးနည်း
ငဖြူကြီးမြစ်ကို ဆန်ပုန်းရည်ဖြင့် သွေး၍ လူးပေးပါ။

ဆုံဆို့နာပျောက် ဆေးနည်း
သင်္ဘောသီး အစိမ်ကို စားပေးပါ။ (တစ်နည်း)
ငါးရန့်ပတူမြစ်ကို သွေး၍ လူးပေးပါ။ (တစ်နည်း)
ကွမ်းသီးကိုကြိတ်၍ သုတ်လိမ်းပေးပါ။ (တစ်နည်း)

ဇက်လေးနာပျောက် ဆေးနည်း
တမာခေါက်ကို သုံးခွက်တစ်ခွက်တင် ကျို၍သောက်ပါ။
ညသေးပါရောဂါပျောက် ဆေးနည်း

ကျီးအာသီး သတ္တုရည်ကို လက်ဖက်ရည်ဖွန်း တစ်ဝက်ခန့် ရက်အနည်းငယ် နေ့စဉ်ဆက်၍ သောက်ပါ။
ညောင်းကျရောဂါ ပျောက်ဆေးနည်း

ကြောင်ပန်းရွက်ကိုပြုတ်၍ နွေးနွေးထားပြီး မကြာခဏသောက်ပါ။
ညှင်းပျောက်ဆေးနည်း
ပဒုမ္မာကြာရိုးကို မီးဖုတ်၍ ပြာကိုလိမ်းကျံသော ညှင်း၊ တင်းတိတ် ပျောက်ကင်း၏။ (တစ်နည်း)

ကန့်ကိုရေနံဆီဖြင့်သွေး၍ ညအိပ်ရာဝင်တွင် လိမ်းပေးပါ။ သုံးရက်ဆက်၍ လိမ်းပေးပါ။ ညှင်းများကွာကျ၍ ပျောက်ကင်း၏။ (တစ်နည်း)
ကြိတ်မှန်ရွက် သတ္တုရည်ကို လိမ်းပေးပါ။ (တစ်နည်း)
လက်ပံပင်၏ဆူးကို နို့ရည်နှင့်သွေး၍ လိမ်းပေးပါက ညှင်း၊ တင်းတိတ်ပျောက်ကင်း၍ မျက်နှာချောမွတ်စေသည်။

တင်းတိတ်ပျောက် ဆေးနည်း
ငရုတ်ကောင်း၊ ဂေါ်ရာဇင် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ၊ နေ့စဉ်ဆက်၍ လိမ်းပေးပါက ရက်အနည်းငယ်ကြာလျှင် ပျောက်ကင်း၏။ (တစ်နည်း)
လက်ပံပင်၏ဆူကို နို့ရည်နှင့်သွေး၍ တင်းတိတ်ရှိသော နေရာကို နေ့စဉ်ရက်ဆက် လိမ်းပေးပါက ရက်အနည်းငယ်အတွင်း ပျောက်ကင်း၏။ (တစ်နည်း)
ညောင်ကြတ်ညွန့် ပဲပိစပ် ၎င်းဆေးနှစ်ပါးကို ကြိတ်၍ လိမ်းပေးပါ။ (တစ်နည်း)

ညအခါတွင် တင်းတိတ်ရှိသောနေရာကို မုန်ညင်းဆီသုတ်လိမ်းပေးပါ။ (တစ်နည်း)
နနွင်းနှင့် ငဖြူကြီးမြစ်ကို သွေး၍လိမ်းပေးပါ။ (တစ်နည်း)
ကြက်ဆူရွက်အရည်၊ ဘူးစေ့ ၎င်းဆေးနှစ်ပါးကြိတ်၍ တင်းတိတ်ရှိသောနေရာတွင် လိမ်းပေးပါ။ (တစ်နည်း)
သိန္ဓောဆားခဲကို ရေဖြင့်သွေး၍ လိမ်းပေးပါ။ (တစ်နည်း)

ဒန္တသုခ အရွက်စိမ်းရည်နှင့် သနပ်ခါးစပ်၍ လိမ်းပေးပါ။
ထိရှပွန်းပဲ့ခြင်းအနာပျောက် ဆေးနည်း
ကိုယ်လက်အင်္ဂါ ထိရှိပွန်းပဲ့ခဲ့သော် တမာဆီကို လိမ်းပေးပါ။ (တစ်နည်း)

နနွင်းနှင့် ကွမ်းစားထုံးကိုနယ်၍ အနာကိုထည့်ပေးပါ။ (တစ်နည်း)
ခွေးသေးပန်းရွက်အရည်ကို ညှစ်၍ အနာကိုထည့်ပေးပြီး ပတ်တီးစည်းထားပါ။ (တစ်နည်း)
ကြိတ်မှန်ရွက်အရည်ကိုညှစ်၍ ထည့်ပေးပါ။ (တစ်နည်း)

ကုက္ကိုရွက်ကိုကြိတ်ညှစ်ပြီး သတ္တုရည်ကိုထည့်ပေး၍ ပတ်တီး စည်းထားပေးပါ။ (တစ်နည်း)
ဒူလာသွေးဝမ်းပျောက် ဆေးနည်း
ငါးရှဉ့်ကို ဆီးဖြူသီးအခြောက်နှင့် ချက်၍စားပါ။

ဒူလာဝမ်းပိတ်တား ဆေးနည်း
သံပရာရည်၊ ဆီ၊ ဆား ၎င်းဆေးသုံးပါးအား အညီအမျှ ရောစပ်၍ သောက်ပါ။
ဒူလာညောင်းညာကိုက်ခဲပျောက် ဆေးနည်း

မြင်းခွာရွက် တစ်ဆယ်ကျပ်သား၊ သင်္ဘောဆီးဖြူမြစ် ငါးကျပ်သား၊ ၎င်းဆေးနှစ်ပါးအား သုံးခွက်တစ်ခွက်တင်ကျို၊ လက်ဖက်ရည် ဇွန်းဖြင့် တစ်နေ့သုံးကြိမ်သောက်ပါ။ (တစ်နည်း)
ကုက္ကိုရွက်ကို အရည်ညှစ်၍ မီးနွေးနွေးပြပြီး နားထဲသို့ ထည့်ပေးပါ။ (တစ်နည်း)

ရှားစောင်း မြင်းနားရွက်အရည်ကို မီးနွေးနွေးပြပြီး နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)
ရှားစောင်းလက်ပပ် သတ္တုရည်ကို မီးနွေးနွေးပြပြီး ညာဘက်နားကိုက်မူ ဘယ်ဘက်နားကိုထည့်၊ ဘယ်ဘက်နားကိုက်မူ ညာဘက်နားထဲသို့ ထည့်ပေးပါ။ လျင်မြန်စွာ ပျောက်ကင်းစေသည်။ (တစ်နည်း)

ကြောင်ပန်းရွက်အရည်၊ နှမ်းဆီ၊ ပျားရည် ၎င်းဆေးသုံးပါးကို ဆတူရော၍ နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)
နားပြည်ယိုပျောက် ဆေးနည်း
ငုရွက်၊ ကြောင်ပန်းရွက် ၎င်းဆေးနှစ်ပါးကို အရည်ညှစ်၍ နားကို ကျပ်ပေးပါ။ (တစ်နည်း)

ကြောင်လျှာမြစ်ကို အမူန့်ပြုလုပ်၍ နှမ်းဆီနှင့်ဖျော်ပြီး မီးနွေးနွေးနှင့် ချက်ပါ။ ၎င်းကို နားထဲတွင် ကျပ်ပေးပါ။ (တစ်နည်း)
တမာရွက်ကို ရေနှင့်ပြုတ်၍ နားကိုသန့်ရှင်းအောင် ဆေးကြောပေးပါ။ (တစ်နည်း)
တမာဆီနှင့် ပျားရည်ရောပြီး နားထဲသို့ ကျပ်ပေးပါ။ (တစ်နည်း)

ရှားစေးမူန့်ကို နားတွင်းသို့ အနည်းငယ် ဖြူးဖြူးထည့်ပေးပါ။ (တစ်နည်း)
နားလေထွက် ဆေးနည်း
ကြောင်လျှာသီးနုနုကို သံပရာရည်လက်သုပ် လုပ်စားပါ။ (တစ်နည်း)

ထောပတ်ကို မီးနွေးနွေးပြပြီး နားကျပ်ပေးပါ။ (တစ်နည်း)
သစ်ကြံပိုးအဆီကို နားအတွင်းသို့ ကျပ်ပေးပါက နားအူ နားလေထွက် ပျောက်ကင်း၏။ (တစ်နည်း)
ဆက်ရန်…(၃)
SarYarWin