.လက္ေတြ႕အသံုးခ် အသံုးက်ေနသာ ေဆးနည္းတို (ေဆးၿမီးတို)မ်ား

Zawgyi ျဖင့္ဖတ္၇န္
ေမး။ ။ မဂၤလာပါဆရာ။ ဦးပဥၨင္း ေရခ်ိဳးရင္း နားထဲေရဝင္လို႔ ေရထပ္ထည့္ၿပီး ျပန္ထုတ္တာ မထြက္ဘဲ ေရက်န္ေနပါတယ္။ ႏွစ္ရက္ရွိပါၿပီ။ ေရျပန္ထြက္ေအာင္ ဘယ္လုိလုပ္ရမလဲ ဆရာ။ ေက်းဇူးျပဳၿပီး လမ္းညႊန္ ေပးပါအံုး။

ေျဖ။ ။ မုန္ညင္းဆီ (သို႔မဟုတ္) ႏွမ္းဆီ ဟင္းစားဇြန္း တစ္ဇြန္းကို မီးအပူေပးၿပီး ခပ္ေႏြးေႏြး နားထဲ ေလာင္းထည့္ပါ။ ေဘး ေစာင္း ျပန္သြန္ထုတ္ သံုးႀကိမ္၊ ေလးႀကိမ္ ျပဳလုပ္ပါ။ (ႏွမ္းဆီသံုးလဲ ရပါတယ္။)

(အေၾကာင္းျပန္) ႏွမ္းဆီ တစ္ခါပဲထည့္ၿပီး ၾကက္ေတာင္ေမြးေလးနဲ႔ ကေလာ္ေပးပါတယ္။ သက္သာသြားပါၿပီ ဆရာ။ ေက်းဇူးတင္ပါတယ္။
ေမး။ ။ ဆရာ မ်က္ႏွာေခၽြးေပါက္က်ယ္ၿပီး ဝက္ၿခံ၊ ခ်ိဳင့္ခြက္၊ အမည္းစက္၊ ညွစ္လို႔မရတဲ့ အဆီဖု အမာေတြ ကို ဘယ္လိုလုပ္ရမလဲရွင့္။ ၾကည့္လို႔ အဆင္မေျပပါဘူး။ မွဲ႕ေျခာက္ေတြလဲ ရွိပါတယ္။ ေက်းဇူးျပဳၿပီး ေဆး နည္းေလး ေပးပါဆရာ။

ေျဖ။ ။ အဆီအဆိမ့္၊ အငန္ အစားမ်ားသူ၊ အိပ္ေရးပ်က္သူေတြမွာ ဝက္ၿခံထြက္ေလ့ ရွိပါတယ္။ ရွား ေစာင္းလက္ပပ္ အႏွစ္ကို ပ်ားရည္နဲ႔ ေရာစပ္လိမ္းပါ။ ခဏၾကာရင္ မ်က္ႏွာသစ္ပါ။ ဝက္ၿခံေတြ စုၿပံဳၿပီး ျပည္ တည္ရင္ ဂ်ံဳမႈန္႔ကို သံပရာရည္နဲ႔ ေရာနယ္ၿပီး အံုေပးပါ။ ဝက္ၿခံ အမာရြတ္ေတြျဖစ္ရင္ ကြမ္းသီးျခမ္းေသြး လိမ္းပါ။ တစ္နည္း စႏၵကူးနီအေခါက္ကို (ပရေဆးဆိုင္ေမးဝယ္) ေသြးလိမ္းရင္ အမာရြတ္ေပ်ာက္ပါတယ္။

ေမး။ ။ ဆရာ အသည္းအဆီဖံုးတာ ဘာေတြေရွာင္ၿပီး ဘာလုပ္ရမလဲ၊ ဘာေဆးေသာက္ရမလဲ ဆရာ ခင္ဗ်ာ။
ေျဖ။ ။ အဆီအဆိမ့္နဲ႔ သၾကား ေလွ်ာ့စားရပါမယ္။ ေကာ္ဖီေသာက္ရင္ အသည္းအဆီဖံုးတာ သက္သာ ေစပါတယ္။ လက္ဖက္ရည္ခ်ိဳဆိမ့္ မတည့္ပါ။ အိပ္ရာဝင္ အစာစားရင္၊ အခ်ိဳရည္ေသာက္ရင္ အဆီပိုတက္ပါ တယ္။ ညအိပ္ရာဝင္ ေနာက္က်သူေတြ ပိုၿပီး အသည္းအဆီဖံုးပါတယ္။ မနက္ေစာေစာ လမ္းေလွ်ာက္ေပး ရင္ အဆီက်ပါတယ္။ သံပရာသီးသံုးလံုး အရည္ညွစ္၊ ပ်ားရည္တစ္ဇြန္း၊

ႏွမ္းဆီတစ္ဇြန္း စပ္ေသာက္တာ အ ဆီဖံုးတာ ျမန္ျမန္သက္သာပါတယ္။ ဝါးရြက္ (ၾကခတ္ဝါးရရင္ ပိုေကာင္းတယ္) ျပဳတ္ရည္ တစ္ေန႔ မတ္ခြက္ တစ္လံုးေသာက္ရင္ အသည္း အဆီက်ေစတယ္လို႔ သိရတယ္။ ေဘးထြက္ဆိုးက်ိဳး မရွိပါ။ (တိုင္းရင္းေဆး ပညာ ဦးစီးဌာနမွ သုေတသန ျပဳၿပီး ျဖစ္ပါတယ္)။ ဝါးရြက္ကို ႀကိတ္ၿပီး သတၱဳရည္ ဟင္းစားဇြန္းျဖင့္ တစ္ေန႔ ႏွစ္ဇြန္း ေသာက္လွ်င္လည္း ရပါသည္။

ေမး။ ။ မဂၤလာပါဆရာ။ ကၽြန္ေတာ့အေမ ကိုယ္လက္ေတြ ေရာင္ေနပါတယ္။ ေက်းဇူးျပဳၿပီး ေဆးနည္းေလး လမ္းညႊန္ေပးပါ ဆရာ။
ေျဖ။ ။ ကနေဖာ့ရြက္ကို ျပဳတ္ၿပီး ေရခ်ိဳးေပးရင္ အေရာင္က်ေစႏိုင္ပါတယ္။ ေရထိကရံုးပင္၊ ေရကန္စြန္း ပင္ ျပဳတ္ၿပီး အသုပ္ျပဳလုပ္စားပါ။ ေက်ာက္ကပ္ေဖာ ျဖစ္လွ်င္ ေက်ာက္ဖရံုသီး ဟင္းခ်ိဳခ်က္ေသာက္ပါ။ သို႔မ ဟုတ္ ႀကိတ္ၿပီး အရည္ကို ေသာက္လွ်င္ အေဖာအေရာင္ က်ႏိုင္ပါသည္။

ေမး။ ။ ဆရာ မဂၤလာပါ။ ကၽြန္ေတာ္ တစ္ခုေလာက္ ေမးပါရေစ။ ကၽြန္ေတာ့လက္မွာ ႂကြက္ႏို႔ ေပါက္ေနပါ တယ္။ ေက်းဇူးျပဳၿပီး ေဆးနည္းေလး ေျပာျပေပးပါ ဆရာ။

ေျဖ။ ။ ၾကက္သြန္ျဖဴကိုလွီး ထြက္လာတဲ့အေစးနဲ႔ ႂကြက္ႏို႔ကို နာနာပြတ္ၿပီး ပလတ္စတာ ကပ္ထားပါ။ တစ္ေန႔ ေလးႀကိမ္ျပဳလုပ္ပါ။ (တစ္နည္း) ေျမြေရလဲခြံကိုရွာၿပီး ႂကြက္ႏို႔ကို အပ္နဲ႔ဆြပါ။ ေသြးထြက္လာရင္ ေျမြေရလဲခြံကို သုတ္ၿပီး ရႊံ႕ဗြက္ထဲ ျမွဳပ္ပါ။ ေျမြေရလဲခြံေဆြးရင္ ႂကြက္ႏို႔လဲ ေဆြးၿပီး ေႂကြက်သြားပါလိမ့္မယ္။
ေမး။ ။ မဂၤလာပါဆရာ။ ကၽြန္ေတာ့္ မိတ္ေဆြတစ္ေယာက္ ဆီးခ်ိဳတက္ၿပီး အနာလဲျဖစ္ေနပါတယ္။ ဘာ ေဆးေတြ သံုးရမလဲ။ ကူညီေပးပါအုံး ဆရာ။

ေျဖ။ ။ ဆီးခ်ိဳတက္ရင္ ေဆးခါးႀကီး ဒါမွမဟုတ္ ရွမ္းေဆးခါး ျပဳတ္ရည္ကို အၾကမ္းပန္းကန္ တစ္လံုးစာ အ စာစားၿပီးတိုင္း ေသာက္ပါ။ သစ္ႀကံပိုးေခါက္မႈန္႔ ေကာ္ဖီဇြန္း တစ္ဇြန္းကေန ႏွစ္ဇြန္းေသာက္ရင္ ဆီးခ်ိဳထိန္း ႏိုင္ပါတယ္။ အနာေပါက္ရင္ ကုကၠိဳရြက္ကို သန္႔ေအာင္ေဆးၿပီး အရည္ညွစ္ ဖန္ေဆးပါ။ ေထာင္းၿပီး အနာမွာ လဲ အံုေပးပါ။

ေမး။ ။ ဆရာရွင့္ ကၽြန္မအသက္က (၅၁)ႏွစ္ပါ။ သားအိမ္ထုတ္ထားတာ တစ္ႏွစ္ခြဲရွိပါၿပီ။ အခုျပန္စစ္ေတာ့ သားအိမ္မွာ ေရအိတ္ရွိတယ္လို႔ ဆရာဝန္က ေျပာတယ္။ ဘာေဆးေသာက္ရမလဲ ဆရာ။ ေက်းဇူးျပဳၿပီး ညႊန္ ၾကားေပးပါ ဆရာ။
ေျဖ။ ။ နလင္ေက်ာ္ေသြး တစ္ဇြန္းကို ပ်ားရည္တစ္ဇြန္းနဲ႔ စပ္ေသာက္ပါ။ တစ္ေန႔ ႏွစ္ႀကိမ္ေသာက္ပါ။

ေမး။ ။ ဆရာ မဂၤလာပါ။ ကၽြန္ေတာ့္ အမ်ိဳးသမီးက လစဥ္ဓမၼတာ မမွန္လို႔ပါ။ ဘာေဆးေတြ ေသာက္ရမလဲ ဆရာ။ ေက်းဇူးျပဳၿပီး ေျဖၾကားေပးပါ ဆရာ။
ေျဖ။ ။ ခ်င္းပါးပါးလွီး ခုနစ္လႊာ၊ ကြမ္းရြက္သံုးရြက္၊ ထန္းလ်က္ ခုနစ္ခဲ ေရေႏြးမတ္ခြက္ တစ္လံုးနဲ႔ ေရာ က်ိဳ ဆားေလွာ္ အနည္းငယ္ ထည့္ေသာက္ပါ။ ဒါမွမဟုတ္ ႀကိတ္မွန္ရြက္၊ မန္က်ည္းမွည့္၊ ထန္းလ်က္၊ ဆား ေလွာ္တို႔ကို ေရာက်ိဳၿပီး ဟင္းစားဇြန္း ႏွစ္ဇြန္း တစ္ေန႔ႏွစ္ႀကိမ္ ေသာက္ပါ။ (တစ္နည္း) ဒန္႔သလြန္ရြက္ကို ၾကက္သြန္ျဖဴႏိုင္ႏိုင္နဲ႔ ဟင္းခ်ိဳခ်က္ၿပီး ပတဲေကာမႈန္႔ အနည္းငယ္ ထည့္ေသာက္ပါ။ ရက္လြန္ရာသီ ေသြး လြန္တာအတြက္ ေကာင္းပါတယ္။

ေမး။ ။ ဆရာရွင့္ ေနာက္ေက်ာဘက္ရွိ လက္ျပင္ေၾကာ နာေနလို႔ပါ။ ဘယ္ဘက္လက္က အေပၚေျမွာက္မရ လို႔ပါရွင့္။ ေက်းဇူးျပဳၿပီး ေဆးနည္းေလး ေပးပါရွင့္။
ေျဖ။ ။ သေဘၤာရြက္ကို ေရေႏြးေျဖာၿပီး ေပ်ာ့ေအာင္လုပ္ လက္ျပင္မွာ ကပ္ေပးပါ။

ေမး။ ။ ဆရာ မဂၤလာပါ။ ကၽြန္မအသက္က (၄၇)ႏွစ္ ရွိပါၿပီ။ ေခ်ာင္းဆိုးတာ တစ္ပတ္ရွိေနၿပီ။ အခုထိ ေခ်ာင္းဆိုး မသက္သာေသးပါ။ ရင္ဘတ္က ခၽြဲေတြ က်ပ္ေနပါတယ္။ ေခ်ာင္းဆိုးတာ ေသြးပါလို႔ ဆရာဝန္ျပ ေတာ့ အဆုတ္ေရာင္တာလို႔ ေျပာပါတယ္။ ညဘက္ဆို မအိပ္ရပါ။ ေခါင္းအံုးနဲ႔ ေခါင္းထိတာနဲ႔ ေခ်ာင္းဆိုးေတာ့ တာပဲ။ ေဆးနည္းတိုေလး ကူညီေပးပါအံုး ဆရာ။

ေျဖ။ ။ ေလာက္ေသရြက္ကို ျပဳတ္ေသာက္ပါ။ တစ္ေန႔ကို မတ္ခြက္တစ္လံုး ေသာက္ပါ။ ခၽြဲေပ်ာ္ေအာင္ ဖီး ၾကမ္း ငွက္ေပ်ာသီး မီးဖုတ္စားပါ။ ကြမ္းရြက္ကို ကေတာ့လုပ္ ဆားထည့္ထုပ္ၿပီး သံျပားေပၚတင္ မီးဖုတ္ ျပာ ခ်ပါ။ အဲဒီျပာဆားကို သံပရာရည္နဲ႔ ေဖ်ာ္လ်က္ပါ။ ခၽြဲေတြ ေပ်ာ္ထြက္လာပါလိမ့္မယ္။
ေမး။ ။ ဆရာခင္ဗ်ာ ေက်းဇူးျပဳၿပီး တစ္ခုေလာက္ ေမးပါရေစ။ ဆီးေအာင့္ရင္ ဘယ္လို လုပ္ရမလဲ၊ ဘာ ေဆးေသာက္ရမလဲ ဆရာ။

ေျဖ။ ။ ေရေႏြးက်ိဳၿပီး အေအးခံ၊ ေရက်က္ေအးလုပ္ၿပီး ေျမေသာက္ေရအိ္ုးမွာထည့္ မ်ားမ်ားေသာက္ပါ။ ဆီးခံုမွာ ၾကက္သြန္ဥနီ ပါးပါးလွီး ကပ္ေပးပါ။ ဆီးသြားရင္ နာတာ သက္သာပါတယ္။ (တစ္နည္း) ဆန္ေဆး ေရ တစ္ဖန္ခြက္မွာ သံပရာသီးတစ္ျခမ္း အရည္ညွစ္ ထည့္ေသာက္ပါ။ ၾကက္သြန္နီ ဥႀကီးတစ္ဥ အကြင္း လိုက္လွီး (မလွီးခင္ အလံုးလိုက္ ေရေဆး၊ လွီးၿပီး ေရထပ္မေဆးနဲ႔) သၾကားျဖဴးၿပီး ကုန္ေအာင္စားပါ။ ေတာ ဆီးျဖဴပင္၊ ကုန္းထိကရံုးပင္၊ ျမင္းခြာပင္ေတြ ျပဳတ္ေသာက္ရင္လဲ ဆီးေအာင့္ သက္သာေစတယ္။

ေမး။ ။ ဆရာ ကၽြန္ေတာ့္ အစ္မအစား ေမးတာပါ။ ကိုယ္ဝန္လြယ္ထားတာ တစ္လျပည့္ခါနီးၿပီ ဆရာ။ သူက အၿမဲေမာတယ္။ စားၿပီးတိုင္းလဲ အန္တယ္။ ေရွာင္ရန္၊ ေအာင္ရန္ နည္းေတြသိခ်င္လို႔ပါ။

ေျဖ။ ။ ကိုယ္ဝန္သံုးလထိ အန္တတ္ပါတယ္။ စိုးရိမ္စရာမရွိပါ။ ဆားတစ္ဇြန္းကို ဒယ္အိုးနဲ႔ နီေအာင္ ေလွာ္ၿပီး သံပရာသီး တစ္လံုး အရည္ညွစ္ခ်ပါ။ အဲဒီအရည္ကို ေသာက္ေပး၊ လ်က္ေပးရင္ အအန္သက္သာ ေစပါတယ္။ ေရစိမ္းမေသာက္ပါနဲ႔။ ေရက်က္ေအးမွာ ပ်ားရည္တစ္ဇြန္း ထည့္ေဖ်ာ္တိုက္ရင္ အအန္သက္သာ ပါတယ္။ ဝမ္းဗိုက္မွာ မုန္ညင္းဆီကို မီးနဲ႔ေႏြးၿပီး ရင္ညြန္႔ကေန ခ်က္တိုင္ထိ ဆြဲခ်လိမ္းေပးရင္ အအန္သက္ သာ ေစပါတယ္။ ေကာက္ရိုး လက္တစ္ဆုပ္ကို မီးရိႈ႕ျပာခ်ၿပီး ေရနဲ႔ေဖ်ာ္ပါ။ ေရၾကည္ခံၿပီးေသာက္ရင္ အအန္ သက္သာ ေပ်ာက္ကင္းပါတယ္။

ေမး။ ။ ဆရာ ကၽြန္ေတာ့္ ေျခေခ်ာင္းေတြ မည္းေနပါတယ္။ ဘာျဖစ္တာလဲ သိခ်င္ပါတယ္။ ေဆးနည္းေလး လဲ လမ္းညႊန္ေပးပါ ဆရာ။
ေျဖ။ ။ တမာရြက္နဲ႔ ဆားျပဳတ္ၿပီး စိမ္ေပးပါ။ ဝမ္းထဲမွာ ေလေရာဂါရွိရင္ ေျခထိပ္၊ လက္ထိပ္ မည္းတတ္ ပါတယ္။ ေလေဆး တစ္မ်ိဳးမ်ိဳး ေသာက္ပါ။ ေရွာက္ရည္နဲ႔ ပ်ားရည္ စပ္ေသာက္ပါ။ (ေလစာ- မွ်စ္၊ မွ်စ္ခ်ဥ္၊ မိႈ၊ တညင္းသီး၊ ေကာက္ညွင္း စတာေတြေရွာင္ပါ။ ေဆးလိပ္ေသာက္တာကို ေရွာင္ပါ။ ေဆးေခ်းက်ပ္ခိုးေၾကာင့္ ေျခေခ်ာင္းေတြ မည္းတတ္ပါတယ္။)

ေမး။ ။ မဂၤလာပါဆရာ။ ကၽြန္မအသံေတြဝင္ၿပီး လည္ေခ်ာင္းေတြ နာေနပါတယ္။ ေက်းဇူးျပဳၿပီး ေဆးနည္း ေလး ေျပာျပေပးပါ ဆရာ။
ေျဖ။ ။ ျပည္ပန္းညိဳရြက္ေထာင္း အရည္ညွစ္ၿပီး အၾကမ္းပန္းကန္တစ္လံုးစာ ဆားေလွာ္အနည္းငယ္ထည့္ ေသာက္ပါ။ မန္က်ည္းမွည့္ ေဖ်ာ္ရည္ ညအိပ္ရာဝင္ ေသာက္ေပးပါ။ မက္လင္ခ်ဥ္ သို႔မဟုတ္ ခ်ဥ္ေစာ္ကား သီး ေထာင္းစားပါ။ ခ်ဥ္ရည္ဟင္း ခ်က္ေသာက္ပါ။ နလင္ေက်ာ္ျမစ္ေသြး လည္ပင္းတြင္ လိမ္းပါ။

ေမး။ ။ ဆရာရွင့္ ကၽြန္မအသက္က (၄၃)ႏွစ္ပါ။ ေပါင္ခ်ိန္ ၁၈၀ ရွိပါတယ္။ ဆံပင္ေတြ ေတာ္ေတာ္ကၽြတ္ပါ တယ္။ ဘာေတြလုပ္ရမလဲ ဆရာရွင့္။ ေက်းဇူးျပဳၿပီး ေျဖၾကားေပးပါ။

ေျဖ။ ။ ေထာလပတ္ရြက္ အေျခာက္လွန္းၿပီး သံျပားေပၚ အပူေပးျပာခ်ပါ။ ျပာကို အုန္းဆီစစ္စစ္နဲ႔ စိမ္ ထားၿပီး မွန္မွန္လိမ္းပါ။ က်ိတ္မွန္ရြက္ အရည္ကို ဦးေရျပားတြင္ လိမ္းေပးပါ။ ရွားေစာင္းလက္ပပ္ အႏွစ္ကို ပ်ားရည္ တစ္ဇြန္းျဖင့္ ေခါက္ၿပီး ဦးေရျပားတြင္ စိမ့္ဝင္ေအာင္ လိမ္းပါ။ ခဏၾကာမွ ေခါင္းေလွ်ာ္ပစ္ပါ။ တစ္ ပါတ္လွ်င္ ႏွစ္ႀကိမ္ျပဳလုပ္ပါ။ ဆံပင္အကၽြတ္ သက္သာပါသည္။ ညအိပ္ယာဝင္ ဒူးအထက္မွေအာက္ ေျခ ေဆးအိပ္ပါ။ အပူအခိုး အထက္အတက္ သက္သာၿပီး ဆံပင္ကၽြတ္လည္း သက္သာပါသည္။

ေမး။ ။ ဆရာ မဂၤလာပါ။ ကၽြန္ေတာ္ အစာမေၾကျဖစ္ၿပီး ရင္ျပည့္ရင္ကယ္ ျဖစ္ေနလို႔ပါ။ ေက်းဇူးျပဳၿပီး ေဆး နည္းေလး ေျပာျပေပးပါ ဆရာ။
ေျဖ။ ။ ရင္ျပည့္ရင္ကယ္ ျဖစ္ရင္ ႀကံရည္မွာ သံပရာအရည္ညွစ္ ေသာက္ပါ။ (တစ္နည္း) ခ်င္းပါးပါးလွီး ခု နစ္လႊာ၊ ထန္းလ်က္ ခုနစ္ခဲကို ေရာက်ိဳၿပီး အၾကမ္းပန္းကန္ တစ္လံုးစာမွာ ဆားေလွာ္အနည္းငယ္ ထည့္ ေသာက္ပါ။

ေမး။ ။ မဂၤလာပါဆရာ။ သမီးအေမက အသက္ (၅၀)ရွိပါၿပီ။ ေျခသလံုးမွာ အေၾကာေတြ ထံုးေနပါတယ္ရွင့္။ ဘာေဆးသံုးရမလဲရွင့္။ လမ္းညႊန္ေပးပါ ဆရာ။
ေျဖ။ ။ မုန္ညင္းဆီမွာ ခ်င္းလက္သံုးဆစ္စာ ထုေတာင္း ထည့္ခ်က္ၿပီး ခပ္ေႏြးေႏြး လိမ္းေပးပါ။ ရွားေစာင္း လက္ပပ္ကို မီးဖုတ္ၿပီး အတြင္းမွအႏွစ္ကို လိမ္းေပးလွ်င္ ေသြးေၾကာထံုး သက္သာေစပါသည္။

ေမး။ ။ ဆရာ မဂၤလာပါ။ ကၽြန္ေတာ့္ ညီတစ္ေယာက္ ေန႔လယ္ဆိုရင္ ေျခေတြ၊ လက္ေတြေအးၿပီး အဖ်ား တက္ေနပါတယ္။ ေခၽြးထြက္သြားတဲ့အခါ သက္သာသြားပါတယ္။ ညပိုင္းဆိုလဲ အဖ်ားတက္ တတ္ပါတယ္။ ငါး ရက္ေလာက္ ရွိပါၿပီ။ ေက်းဇူးျပဳၿပီး ေဆးနည္းေလး ေျပာျပေပးပါ ဆရာ။

ေျဖ။ ။ ကြမ္းရြက္၊ ခ်င္း၊ ထန္းလ်က္တို႔ကို ေရာျပဳတ္ပါ။ အဲဒီျပဳတ္ရည္မွာ ဆားေလွာ္အနည္းငယ္ ထည့္ တိုက္ပါ။ ေစာင္ၿခံဳၿပီး ေခၽြးေအာင္းေပးရင္ အဖ်ားက်ေစပါတယ္။ (တစ္နည္း) ေက်ာက္ဖရံုသီးကို ၾကက္သြန္ ျဖဴ၊ ငရုတ္ေကာင္းထည့္ၿပီး ဟင္းခါးခ်က္ ပူပူေႏြးေႏြး တိုက္ေပးရင္ ေခၽြးထြက္ဆီးသြားၿပီး အဖ်ားက်ေစပါ တယ္။

ေမး။ ။ ဆရာ မဂၤလာပါ။ ကၽြန္မမွာ ေလးဖက္နာေရာဂါ ရွိပါတယ္။ ေဆးနည္းေလး ညႊန္ျပေပးပါ ဆရာ။
ေျဖ။ ။ ေလးဖက္နာ ျဖစ္ရင္ ေတာင္မုရိုးေခၚ မုရိုးႀကီးပင္ အေခါက္မႈန္႔ကို (ပရေဆးဆိုင္မွာ ႀကိတ္ခိုင္းပါ) ပ်ားရည္နဲ႔ ေတၿပီး တစ္ေန႔ကို ဟင္းစားဇြန္း တစ္ဇြန္း မနက္၊ ည စားပါ။ စြဲစားရင္ အျမစ္ျပတ္ပါတယ္။ ေလး ဖက္နာ လိမ္းေဆးက ေတာေရွာက္ျမစ္၊ ဝံအူျမစ္ေတြ ေသြးၿပီး ဒီအတိုင္းျဖစ္ျဖစ္၊ အရက္ဦးရည္နဲ႔ ျဖစ္ျဖစ္ ေဖ်ာ္စပ္လိမ္းပါ။ ပူၿပီးကိုက္ရင္ က်ားမႏိုင္ျမစ္ကို ေသြးလိမ္းလို႔ ရပါတယ္။

ၾကည္လြင္ျမင့္ (မုျဒာ)

Unicodeဖြင့်ဖတ်ရန်
မေး။ ။ မင်္ဂလာပါဆရာ။ ဦးပဉ္ဇင်း ရေချိုးရင်း နားထဲရေဝင်လို့ ရေထပ်ထည့်ပြီး ပြန်ထုတ်တာ မထွက်ဘဲ ရေကျန်နေပါတယ်။ နှစ်ရက်ရှိပါပြီ။ ရေပြန်ထွက်အောင် ဘယ်လိုလုပ်ရမလဲ ဆရာ။ ကျေးဇူးပြုပြီး လမ်းညွှန် ပေးပါအုံး။

ဖြေ။ ။ မုန်ညင်းဆီ (သို့မဟုတ်) နှမ်းဆီ ဟင်းစားဇွန်း တစ်ဇွန်းကို မီးအပူပေးပြီး ခပ်နွေးနွေး နားထဲ လောင်းထည့်ပါ။ ဘေး စောင်း ပြန်သွန်ထုတ် သုံးကြိမ်၊ လေးကြိမ် ပြုလုပ်ပါ။ (နှမ်းဆီသုံးလဲ ရပါတယ်။)

(အကြောင်းပြန်) နှမ်းဆီ တစ်ခါပဲထည့်ပြီး ကြက်တောင်မွေးလေးနဲ့ ကလော်ပေးပါတယ်။ သက်သာသွားပါပြီ ဆရာ။ ကျေးဇူးတင်ပါတယ်။
မေး။ ။ ဆရာ မျက်နှာချွေးပေါက်ကျယ်ပြီး ဝက်ခြံ၊ ချိုင့်ခွက်၊ အမည်းစက်၊ ညှစ်လို့မရတဲ့ အဆီဖု အမာတွေ ကို ဘယ်လိုလုပ်ရမလဲရှင့်။ ကြည့်လို့ အဆင်မပြေပါဘူး။ မှဲ့ခြောက်တွေလဲ ရှိပါတယ်။ ကျေးဇူးပြုပြီး ဆေး နည်းလေး ပေးပါဆရာ။

ဖြေ။ ။ အဆီအဆိမ့်၊ အငန် အစားများသူ၊ အိပ်ရေးပျက်သူတွေမှာ ဝက်ခြံထွက်လေ့ ရှိပါတယ်။ ရှား စောင်းလက်ပပ် အနှစ်ကို ပျားရည်နဲ့ ရောစပ်လိမ်းပါ။ ခဏကြာရင် မျက်နှာသစ်ပါ။ ဝက်ခြံတွေ စုပြုံပြီး ပြည် တည်ရင် ဂျုံမှုန့်ကို သံပရာရည်နဲ့ ရောနယ်ပြီး အုံပေးပါ။ ဝက်ခြံ အမာရွတ်တွေဖြစ်ရင် ကွမ်းသီးခြမ်းသွေး လိမ်းပါ။ တစ်နည်း စန္ဒကူးနီအခေါက်ကို (ပရဆေးဆိုင်မေးဝယ်) သွေးလိမ်းရင် အမာရွတ်ပျောက်ပါတယ်။

မေး။ ။ ဆရာ အသည်းအဆီဖုံးတာ ဘာတွေရှောင်ပြီး ဘာလုပ်ရမလဲ၊ ဘာဆေးသောက်ရမလဲ ဆရာ ခင်ဗျာ။
ဖြေ။ ။ အဆီအဆိမ့်နဲ့ သကြား လျှော့စားရပါမယ်။ ကော်ဖီသောက်ရင် အသည်းအဆီဖုံးတာ သက်သာ စေပါတယ်။ လက်ဖက်ရည်ချိုဆိမ့် မတည့်ပါ။ အိပ်ရာဝင် အစာစားရင်၊ အချိုရည်သောက်ရင် အဆီပိုတက်ပါ တယ်။ ညအိပ်ရာဝင် နောက်ကျသူတွေ ပိုပြီး အသည်းအဆီဖုံးပါတယ်။ မနက်စောစော လမ်းလျှောက်ပေး ရင် အဆီကျပါတယ်။ သံပရာသီးသုံးလုံး အရည်ညှစ်၊ ပျားရည်တစ်ဇွန်း၊

နှမ်းဆီတစ်ဇွန်း စပ်သောက်တာ အ ဆီဖုံးတာ မြန်မြန်သက်သာပါတယ်။ ဝါးရွက် (ကြခတ်ဝါးရရင် ပိုကောင်းတယ်) ပြုတ်ရည် တစ်နေ့ မတ်ခွက် တစ်လုံးသောက်ရင် အသည်း အဆီကျစေတယ်လို့ သိရတယ်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ (တိုင်းရင်းဆေး ပညာ ဦးစီးဌာနမှ သုတေသန ပြုပြီး ဖြစ်ပါတယ်)။ ဝါးရွက်ကို ကြိတ်ပြီး သတ္တုရည် ဟင်းစားဇွန်းဖြင့် တစ်နေ့ နှစ်ဇွန်း သောက်လျှင်လည်း ရပါသည်။

မေး။ ။ မင်္ဂလာပါဆရာ။ ကျွန်တော့အမေ ကိုယ်လက်တွေ ရောင်နေပါတယ်။ ကျေးဇူးပြုပြီး ဆေးနည်းလေး လမ်းညွှန်ပေးပါ ဆရာ။
ဖြေ။ ။ ကနဖော့ရွက်ကို ပြုတ်ပြီး ရေချိုးပေးရင် အရောင်ကျစေနိုင်ပါတယ်။ ရေထိကရုံးပင်၊ ရေကန်စွန်း ပင် ပြုတ်ပြီး အသုပ်ပြုလုပ်စားပါ။ ကျောက်ကပ်ဖော ဖြစ်လျှင် ကျောက်ဖရုံသီး ဟင်းချိုချက်သောက်ပါ။ သို့မ ဟုတ် ကြိတ်ပြီး အရည်ကို သောက်လျှင် အဖောအရောင် ကျနိုင်ပါသည်။

မေး။ ။ ဆရာ မင်္ဂလာပါ။ ကျွန်တော် တစ်ခုလောက် မေးပါရစေ။ ကျွန်တော့လက်မှာ ကြွက်နို့ ပေါက်နေပါ တယ်။ ကျေးဇူးပြုပြီး ဆေးနည်းလေး ပြောပြပေးပါ ဆရာ။
ဖြေ။ ။ ကြက်သွန်ဖြူကိုလှီး ထွက်လာတဲ့အစေးနဲ့ ကြွက်နို့ကို နာနာပွတ်ပြီး ပလတ်စတာ ကပ်ထားပါ။ တစ်နေ့ လေးကြိမ်ပြုလုပ်ပါ။ (တစ်နည်း) မြွေရေလဲခွံကိုရှာပြီး ကြွက်နို့ကို အပ်နဲ့ဆွပါ။ သွေးထွက်လာရင် မြွေရေလဲခွံကို သုတ်ပြီး ရွှံ့ဗွက်ထဲ မြှုပ်ပါ။ မြွေရေလဲခွံဆွေးရင် ကြွက်နို့လဲ ဆွေးပြီး ကြွေကျသွားပါလိမ့်မယ်။
မေး။ ။ မင်္ဂလာပါဆရာ။ ကျွန်တော့် မိတ်ဆွေတစ်ယောက် ဆီးချိုတက်ပြီး အနာလဲဖြစ်နေပါတယ်။ ဘာ ဆေးတွေ သုံးရမလဲ။ ကူညီပေးပါအုံး ဆရာ။

ဖြေ။ ။ ဆီးချိုတက်ရင် ဆေးခါးကြီး ဒါမှမဟုတ် ရှမ်းဆေးခါး ပြုတ်ရည်ကို အကြမ်းပန်းကန် တစ်လုံးစာ အ စာစားပြီးတိုင်း သောက်ပါ။ သစ်ကြံပိုးခေါက်မှုန့် ကော်ဖီဇွန်း တစ်ဇွန်းကနေ နှစ်ဇွန်းသောက်ရင် ဆီးချိုထိန်း နိုင်ပါတယ်။ အနာပေါက်ရင် ကုက္ကိုရွက်ကို သန့်အောင်ဆေးပြီး အရည်ညှစ် ဖန်ဆေးပါ။ ထောင်းပြီး အနာမှာ လဲ အုံပေးပါ။

မေး။ ။ ဆရာရှင့် ကျွန်မအသက်က (၅၁)နှစ်ပါ။ သားအိမ်ထုတ်ထားတာ တစ်နှစ်ခွဲရှိပါပြီ။ အခုပြန်စစ်တော့ သားအိမ်မှာ ရေအိတ်ရှိတယ်လို့ ဆရာဝန်က ပြောတယ်။ ဘာဆေးသောက်ရမလဲ ဆရာ။ ကျေးဇူးပြုပြီး ညွှန် ကြားပေးပါ ဆရာ။
ဖြေ။ ။ နလင်ကျော်သွေး တစ်ဇွန်းကို ပျားရည်တစ်ဇွန်းနဲ့ စပ်သောက်ပါ။ တစ်နေ့ နှစ်ကြိမ်သောက်ပါ။

မေး။ ။ ဆရာ မင်္ဂလာပါ။ ကျွန်တော့် အမျိုးသမီးက လစဉ်ဓမ္မတာ မမှန်လို့ပါ။ ဘာဆေးတွေ သောက်ရမလဲ ဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ ဆရာ။
ဖြေ။ ။ ချင်းပါးပါးလှီး ခုနစ်လွှာ၊ ကွမ်းရွက်သုံးရွက်၊ ထန်းလျက် ခုနစ်ခဲ ရေနွေးမတ်ခွက် တစ်လုံးနဲ့ ရော ကျို ဆားလှော် အနည်းငယ် ထည့်သောက်ပါ။ ဒါမှမဟုတ် ကြိတ်မှန်ရွက်၊ မန်ကျည်းမှည့်၊ ထန်းလျက်၊ ဆား လှော်တို့ကို ရောကျိုပြီး ဟင်းစားဇွန်း နှစ်ဇွန်း တစ်နေ့နှစ်ကြိမ် သောက်ပါ။ (တစ်နည်း)

ဒန့်သလွန်ရွက်ကို ကြက်သွန်ဖြူနိုင်နိုင်နဲ့ ဟင်းချိုချက်ပြီး ပတဲကောမှုန့် အနည်းငယ် ထည့်သောက်ပါ။ ရက်လွန်ရာသီ သွေး လွန်တာအတွက် ကောင်းပါတယ်။
မေး။ ။ ဆရာရှင့် နောက်ကျောဘက်ရှိ လက်ပြင်ကြော နာနေလို့ပါ။ ဘယ်ဘက်လက်က အပေါ်မြှောက်မရ လို့ပါရှင့်။ ကျေးဇူးပြုပြီး ဆေးနည်းလေး ပေးပါရှင့်။

ဖြေ။ ။ သင်္ဘောရွက်ကို ရေနွေးဖြောပြီး ပျော့အောင်လုပ် လက်ပြင်မှာ ကပ်ပေးပါ။
မေး။ ။ ဆရာ မင်္ဂလာပါ။ ကျွန်မအသက်က (၄၇)နှစ် ရှိပါပြီ။ ချောင်းဆိုးတာ တစ်ပတ်ရှိနေပြီ။ အခုထိ ချောင်းဆိုး မသက်သာသေးပါ။ ရင်ဘတ်က ချွဲတွေ ကျပ်နေပါတယ်။ ချောင်းဆိုးတာ သွေးပါလို့ ဆရာဝန်ပြ တော့ အဆုတ်ရောင်တာလို့ ပြောပါတယ်။ ညဘက်ဆို မအိပ်ရပါ။ ခေါင်းအုံးနဲ့ ခေါင်းထိတာနဲ့ ချောင်းဆိုးတော့ တာပဲ။ ဆေးနည်းတိုလေး ကူညီပေးပါအုံး ဆရာ။

ဖြေ။ ။ လောက်သေရွက်ကို ပြုတ်သောက်ပါ။ တစ်နေ့ကို မတ်ခွက်တစ်လုံး သောက်ပါ။ ချွဲပျော်အောင် ဖီး ကြမ်း ငှက်ပျောသီး မီးဖုတ်စားပါ။ ကွမ်းရွက်ကို ကတော့လုပ် ဆားထည့်ထုပ်ပြီး သံပြားပေါ်တင် မီးဖုတ် ပြာ ချပါ။ အဲဒီပြာဆားကို သံပရာရည်နဲ့ ဖျော်လျက်ပါ။ ချွဲတွေ ပျော်ထွက်လာပါလိမ့်မယ်။
မေး။ ။ ဆရာခင်ဗျာ ကျေးဇူးပြုပြီး တစ်ခုလောက် မေးပါရစေ။ ဆီးအောင့်ရင် ဘယ်လို လုပ်ရမလဲ၊ ဘာ ဆေးသောက်ရမလဲ ဆရာ။

ဖြေ။ ။ ရေနွေးကျိုပြီး အအေးခံ၊ ရေကျက်အေးလုပ်ပြီး မြေသောက်ရေအိုးမှာထည့် များများသောက်ပါ။ ဆီးခုံမှာ ကြက်သွန်ဥနီ ပါးပါးလှီး ကပ်ပေးပါ။ ဆီးသွားရင် နာတာ သက်သာပါတယ်။ (တစ်နည်း) ဆန်ဆေး ရေ တစ်ဖန်ခွက်မှာ သံပရာသီးတစ်ခြမ်း အရည်ညှစ် ထည့်သောက်ပါ။ ကြက်သွန်နီ ဥကြီးတစ်ဥ အကွင်း လိုက်လှီး (မလှီးခင် အလုံးလိုက် ရေဆေး၊ လှီးပြီး ရေထပ်မဆေးနဲ့) သကြားဖြူးပြီး ကုန်အောင်စားပါ။ တော ဆီးဖြူပင်၊ ကုန်းထိကရုံးပင်၊ မြင်းခွာပင်တွေ ပြုတ်သောက်ရင်လဲ ဆီးအောင့် သက်သာစေတယ်။

မေး။ ။ ဆရာ ကျွန်တော့် အစ်မအစား မေးတာပါ။ ကိုယ်ဝန်လွယ်ထားတာ တစ်လပြည့်ခါနီးပြီ ဆရာ။ သူက အမြဲမောတယ်။ စားပြီးတိုင်းလဲ အန်တယ်။ ရှောင်ရန်၊ အောင်ရန် နည်းတွေသိချင်လို့ပါ။

ဖြေ။ ။ ကိုယ်ဝန်သုံးလထိ အန်တတ်ပါတယ်။ စိုးရိမ်စရာမရှိပါ။ ဆားတစ်ဇွန်းကို ဒယ်အိုးနဲ့ နီအောင် လှော်ပြီး သံပရာသီး တစ်လုံး အရည်ညှစ်ချပါ။ အဲဒီအရည်ကို သောက်ပေး၊ လျက်ပေးရင် အအန်သက်သာ စေပါတယ်။ ရေစိမ်းမသောက်ပါနဲ့။ ရေကျက်အေးမှာ ပျားရည်တစ်ဇွန်း ထည့်ဖျော်တိုက်ရင် အအန်သက်သာ ပါတယ်။ ဝမ်းဗိုက်မှာ မုန်ညင်းဆီကို မီးနဲ့နွေးပြီး ရင်ညွန့်ကနေ ချက်တိုင်ထိ ဆွဲချလိမ်းပေးရင် အအန်သက် သာ စေပါတယ်။ ကောက်ရိုး လက်တစ်ဆုပ်ကို မီးရှို့ပြာချပြီး ရေနဲ့ဖျော်ပါ။ ရေကြည်ခံပြီးသောက်ရင် အအန် သက်သာ ပျောက်ကင်းပါတယ်။

မေး။ ။ ဆရာ ကျွန်တော့် ခြေချောင်းတွေ မည်းနေပါတယ်။ ဘာဖြစ်တာလဲ သိချင်ပါတယ်။ ဆေးနည်းလေး လဲ လမ်းညွှန်ပေးပါ ဆရာ။
ဖြေ။ ။ တမာရွက်နဲ့ ဆားပြုတ်ပြီး စိမ်ပေးပါ။ ဝမ်းထဲမှာ လေရောဂါရှိရင် ခြေထိပ်၊ လက်ထိပ် မည်းတတ် ပါတယ်။ လေဆေး တစ်မျိုးမျိုး သောက်ပါ။ ရှောက်ရည်နဲ့ ပျားရည် စပ်သောက်ပါ။ (လေစာ- မျှစ်၊ မျှစ်ချဉ်၊ မှို၊ တညင်းသီး၊ ကောက်ညှင်း စတာတွေရှောင်ပါ။ ဆေးလိပ်သောက်တာကို ရှောင်ပါ။ ဆေးချေးကျပ်ခိုးကြောင့် ခြေချောင်းတွေ မည်းတတ်ပါတယ်။)

မေး။ ။ မင်္ဂလာပါဆရာ။ ကျွန်မအသံတွေဝင်ပြီး လည်ချောင်းတွေ နာနေပါတယ်။ ကျေးဇူးပြုပြီး ဆေးနည်း လေး ပြောပြပေးပါ ဆရာ။
ဖြေ။ ။ ပြည်ပန်းညိုရွက်ထောင်း အရည်ညှစ်ပြီး အကြမ်းပန်းကန်တစ်လုံးစာ ဆားလှော်အနည်းငယ်ထည့် သောက်ပါ။ မန်ကျည်းမှည့် ဖျော်ရည် ညအိပ်ရာဝင် သောက်ပေးပါ။ မက်လင်ချဉ် သို့မဟုတ် ချဉ်စော်ကား သီး ထောင်းစားပါ။ ချဉ်ရည်ဟင်း ချက်သောက်ပါ။ နလင်ကျော်မြစ်သွေး လည်ပင်းတွင် လိမ်းပါ။

မေး။ ။ ဆရာရှင့် ကျွန်မအသက်က (၄၃)နှစ်ပါ။ ပေါင်ချိန် ၁၈၀ ရှိပါတယ်။ ဆံပင်တွေ တော်တော်ကျွတ်ပါ တယ်။ ဘာတွေလုပ်ရမလဲ ဆရာရှင့်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါ။

ဖြေ။ ။ ထောလပတ်ရွက် အခြောက်လှန်းပြီး သံပြားပေါ် အပူပေးပြာချပါ။ ပြာကို အုန်းဆီစစ်စစ်နဲ့ စိမ် ထားပြီး မှန်မှန်လိမ်းပါ။ ကျိတ်မှန်ရွက် အရည်ကို ဦးရေပြားတွင် လိမ်းပေးပါ။ ရှားစောင်းလက်ပပ် အနှစ်ကို ပျားရည် တစ်ဇွန်းဖြင့် ခေါက်ပြီး ဦးရေပြားတွင် စိမ့်ဝင်အောင် လိမ်းပါ။ ခဏကြာမှ ခေါင်းလျှော်ပစ်ပါ။ တစ် ပါတ်လျှင် နှစ်ကြိမ်ပြုလုပ်ပါ။ ဆံပင်အကျွတ် သက်သာပါသည်။ ညအိပ်ယာဝင် ဒူးအထက်မှအောက် ခြေ ဆေးအိပ်ပါ။ အပူအခိုး အထက်အတက် သက်သာပြီး ဆံပင်ကျွတ်လည်း သက်သာပါသည်။

မေး။ ။ ဆရာ မင်္ဂလာပါ။ ကျွန်တော် အစာမကြေဖြစ်ပြီး ရင်ပြည့်ရင်ကယ် ဖြစ်နေလို့ပါ။ ကျေးဇူးပြုပြီး ဆေး နည်းလေး ပြောပြပေးပါ ဆရာ။

ဖြေ။ ။ ရင်ပြည့်ရင်ကယ် ဖြစ်ရင် ကြံရည်မှာ သံပရာအရည်ညှစ် သောက်ပါ။ (တစ်နည်း) ချင်းပါးပါးလှီး ခု နစ်လွှာ၊ ထန်းလျက် ခုနစ်ခဲကို ရောကျိုပြီး အကြမ်းပန်းကန် တစ်လုံးစာမှာ ဆားလှော်အနည်းငယ် ထည့် သောက်ပါ။
မေး။ ။ မင်္ဂလာပါဆရာ။ သမီးအမေက အသက် (၅၀)ရှိပါပြီ။ ခြေသလုံးမှာ အကြောတွေ ထုံးနေပါတယ်ရှင့်။ ဘာဆေးသုံးရမလဲရှင့်။ လမ်းညွှန်ပေးပါ ဆရာ။
ဖြေ။ ။ မုန်ညင်းဆီမှာ ချင်းလက်သုံးဆစ်စာ ထုတောင်း ထည့်ချက်ပြီး ခပ်နွေးနွေး လိမ်းပေးပါ။ ရှားစောင်း လက်ပပ်ကို မီးဖုတ်ပြီး အတွင်းမှအနှစ်ကို လိမ်းပေးလျှင် သွေးကြောထုံး သက်သာစေပါသည်။

မေး။ ။ ဆရာ မင်္ဂလာပါ။ ကျွန်တော့် ညီတစ်ယောက် နေ့လယ်ဆိုရင် ခြေတွေ၊ လက်တွေအေးပြီး အဖျား တက်နေပါတယ်။ ချွေးထွက်သွားတဲ့အခါ သက်သာသွားပါတယ်။ ညပိုင်းဆိုလဲ အဖျားတက် တတ်ပါတယ်။ ငါး ရက်လောက် ရှိပါပြီ။ ကျေးဇူးပြုပြီး ဆေးနည်းလေး ပြောပြပေးပါ ဆရာ။

ဖြေ။ ။ ကွမ်းရွက်၊ ချင်း၊ ထန်းလျက်တို့ကို ရောပြုတ်ပါ။ အဲဒီပြုတ်ရည်မှာ ဆားလှော်အနည်းငယ် ထည့် တိုက်ပါ။ စောင်ခြုံပြီး ချွေးအောင်းပေးရင် အဖျားကျစေပါတယ်။ (တစ်နည်း) ကျောက်ဖရုံသီးကို ကြက်သွန် ဖြူ၊ ငရုတ်ကောင်းထည့်ပြီး ဟင်းခါးချက် ပူပူနွေးနွေး တိုက်ပေးရင် ချွေးထွက်ဆီးသွားပြီး အဖျားကျစေပါ တယ်။
မေး။ ။ ဆရာ မင်္ဂလာပါ။ ကျွန်မမှာ လေးဖက်နာရောဂါ ရှိပါတယ်။ ဆေးနည်းလေး ညွှန်ပြပေးပါ ဆရာ။

ဖြေ။ ။ လေးဖက်နာ ဖြစ်ရင် တောင်မုရိုးခေါ် မုရိုးကြီးပင် အခေါက်မှုန့်ကို (ပရဆေးဆိုင်မှာ ကြိတ်ခိုင်းပါ) ပျားရည်နဲ့ တေပြီး တစ်နေ့ကို ဟင်းစားဇွန်း တစ်ဇွန်း မနက်၊ ည စားပါ။ စွဲစားရင် အမြစ်ပြတ်ပါတယ်။ လေး ဖက်နာ လိမ်းဆေးက တောရှောက်မြစ်၊ ဝံအူမြစ်တွေ သွေးပြီး ဒီအတိုင်းဖြစ်ဖြစ်၊ အရက်ဦးရည်နဲ့ ဖြစ်ဖြစ် ဖျော်စပ်လိမ်းပါ။ ပူပြီးကိုက်ရင် ကျားမနိုင်မြစ်ကို သွေးလိမ်းလို့ ရပါတယ်။

ကြည်လွင်မြင့် (မုဒြာ)