ကိုယ်တိုင်ဂီတာတီးပြီး မေမေအူဝဲအတွက် မွေးနေ့ဆုတောင်းသီချင်းဆိုပေးခဲ့တဲ့ သားသားဖိုးဓီရဲ့Video လေး

ပရိသတ်တွေရဲ့ အချစ်တွေကိုအမြဲပိုင်ဆိုင်ထားတဲ့ အူဝဲဟာ အနုပညာလောကမှာလည်းအနုပညာရှင်အချင်းချင်းတောင်အားကျဂုဏ်ယူလောက်တဲ့သူတစ်ဦးဖြစ်ပြီးတစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးမှုကိုအပြည့်ရထားတာဖြစ်ပါတယ်။အနုပညာလောကမှာနှစ်ပေါင်းများစွာကြာအောင်မြင်လာတဲ့သူ့ရဲ့စွမ်းဆောင်မှုတွေကတော့ပရိသတ်တွေလေးစားအားကျဖွယ်ပဲဖြစ်ပါတယ်။

အသက် ၄၀ ကျော်လို့ထင်ရက်စရာမရှိလောက်အောင် နုပျိုလန်းဆန်းနေတာလည်း ဘုရားပေးတဲ့ဆုလာဘ်တစ်ခုပါ။ ခင်ပွန်းသည် ပြေတီဦး၊ သားလေးနှင့်သမီးနဲ့အတူ ပျော်ရွှင်သာယာသော အိမ်ထောင်ရေးကို တည်ဆောက်ထားနိုင်တာလည်း ဖြစ်ပါတယ်။ သူမရဲ့ သားနှင့်သမီးဟာလည်း ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတာလည်း ဖြစ်ပါတယ်။

သူမရဲ့ကလေးတွေဟာလည်း ပရိသတ်တွေရဲ့အချစ်များစွာကို ရရှိထားသူလေးပါ။ မနေ့ညကလည်း အူဝဲရဲ့မွေးနေ့လေးမှာ သူမရဲ့မိသားစုလေးနဲ့အတူရွှေတိဂုံဘုရားမှာ ဆီမီးတစ်ထောင်၊ပန်းတစ်ထောင်၊ရေချမ်းတစ်ထောင် ကပ်လှူပူဇော်ခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့သားငယ်လေး ဖိုးဓီလေးဟာသူမရဲ့မေမေမွေးနေ့လေးကို င်္ဂတလေးတီးကာကိုယ်တိုင်ဆိုပြခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Source- Pyay Ti Oo
Share From swelsonenews