သင်ဇာဝင့်ကျော်နဲ့ တူတယ်လို့ ပြောကြတယ်ဆိုတဲ့ နန္ဒာလွင်

အနုပညာလောကထဲကို ၂၀၁၆ လောက်က စတင်လုပ်ဆောင်ခဲ့ပြီ ကြားထဲမှာ နားနေကာ အခုအချိန်မှသာ ပြန်လုပ်လာတဲ့ မော်ဒယ်လ် နန္ဒလွင်ကတော့ သူ့ကိုသင်ဇာဝင့်ကျော်နဲ့တူတယ်လို့ ပြောနေကြပြီး သင်ဇာဝင့်ကျော်ကလည်း သူ့ရဲ့ Idol ဖြစ်တယ်ပါတယ်။ နန္ဒလွင်က သင်ဇာဝင့်ကျော်ရဲ့ Fashion တွေကို ကြိုက်နှစ်သက်ပေမယ့်လည်း လိုက်မဝတ်ရဲသေးဘူးလို့ Sunday Journal ရဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

နန္ဒာလွင်”ညီမကလေသိလား အခုကစကားပြောပုံပြောင်းထားလို့လည်း ပါမယ်။ ညီမကို တွေ့ရင် သူငယ်ချင်းတွေက ဆိုဖီယာနဲ့တူတယ်ပြောလိုက် တစ်ခါတစ်လေ ကျရင် ညီမဝတ်တာ စားတာနဲ့ ပြီးရင် မျက်နှာပြင်တာနဲ့ဆိုရင် မသင်ဇာဝင့်ကျော်နဲ့တူတယ်ပြောလိုက် အစုံပဲပြောနေကြတာပဲ။ ညီမကြိုက်တဲ့ Idol တွေရဲ့ ပုံစံကိုပြင်မိလို့လားမသိဘူး။ မသင်ဇာရဲ့ Fashion ကိုကြိုက်တယ် အခုတောင်သူ့ Fashion ပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

အဝတ်အစားပိုင်းနဲ့ ပတ်သက်ရင် Sexy ဘက်ကို ပိုကြိုက်လားလို့ မေးမြန်းရာ “အဲ့လိုတော့မဟုတ်ဘူး ညီမက သူ့ရဲ့ Fashion ကိုကြိုက်တယ်ဆိုတာ သူကသူရဲ့ Body ကိုအရမ်း Train တယ်လေ။ ညီမလည်း အခုဆိုရင် Gym ဆော့နေတယ်ပေါ့နော်။ သူ့ရဲ့ Body ထိန်းတာရယ် သူရဲ့ Body အချိုးအစားပေါ့နော် အရမ်းကြိုက်တယ် အရင်တုန်းကဆိုရင် မသင်ဇာစစပေါ်ချင်းမှာ အဲ့လို Body မဟုတ်ဘူး။

ပြောင်းလဲလာတာလေ အဲ့တာမျိုးတွေ ညီမအရမ်းကြိုက်တယ် ညီမလည်း အရင်က ဝတယ် အခုကိုယ့်ကိုယ်ကိုယ် ပြန်ပြောင်းလဲနေတယ် သူ့ရဲ့ Body နဲ့ သူဝတ်တဲ့ Fashion တွေက အရမ်းမိုက်တယ် အဲ့တော့ Fashion ကိုကြိုက်တယ်။ ဒါပေမဲ့ မသင်ဇာလိုတော့ မရဲသေးဘူး။ မသင်ဇာရဲ့ ကောက်ကြောင်းကို သဘောကျလို့ တော်တော်ကို ဆော့နေတယ်။ ညီမက ဘယ်လိုပြောရမလဲ နိုင်ငံခြားက မော်ဒယ်လ်တွေကိုလည်း အရမ်းကြိုက်တယ်သိလား အရမ်း Smart ဖြစ်ပြီးတော့လေ

သူ့နေရာနဲ့ သူပေါ့လေ ဒီမြန်မာမှာကျတော့ အစားအသောက်တွေက ကိုယ်တွေရဲ့ အမြဲတမ်းပုံမှန်အစားအစာကိုကလေ ကယ်လိုရီတွေများတယ်သိလား ပြီးရင် အချိုအဆိမ့်တွေ ငပိ အရမ်းကြိုက်တယ် ညီမဆိုလည်း အဲ့တာတွေကလည်း ကိုယ့်ကိုဝစေတယ်လေ။ အဲ့တာတွေက မဖြတ်နိုင်သေးဘူး မဖြတ်နိုင်တဲ့အတွက်ကြောင့်သူဆိုရင် ဒီလောက် Body ရအောင်ဆော့ထားတာ သူကသူများတွေအားလုံးစားနေတဲ့အချိန် တတွေးမြိုချနေရတာလေ အခုညီမလည်း လက်တွေ့ပဲ ညီမလည်း အခုဝိတ်ချနေတဲ့အတွက်ကြောင့် မစားရဘူး။ အခုဒီမှာလေ ပေါင်မုန့်တွေကြွေးနေတာတောင်ညီမမစားရဘူး ညီမကြည့်နေရတယ်။

Share From nanmalgyi