တစ်နေ့တစ်ခြားပိုပြီးချစ်ဖို့ကောင်းလာတဲ့ နန်းမြတ်ဖြိုးသင်းရဲ့သားလေး

နန်းမြတ်ဖြိုးသင်းဟာဆိုရင် အိမ်ထောင်ပြုပြီးနောက် ကိုယ်ဝန်စဆောင်ကတည်းက အရမ်းကိုချစ်ဖို့ကောင်းနေခဲ့ပြီး စတိုင်ကျလှပတဲ့ မေမေလောင်းလျာလေးဖြစ်ခဲ့တာပါ။ နိုင်ငံရပ်ခြားမှာ Pre-wedding ဓာတ်ပုံတွေသွားရိုက်ပြီး အားကျချင်စရာမင်္ဂလာဆောင်ခဲ့တဲ့ နန်းမြတ်တို့ရဲ့သာယာကြည်နူးဖွယ် မိသားစုဘဝလေးထဲကို သားသားလေးဝင်ရောက်လာတော့မယ်လို့စသိကတည်းက ပရိသတ်တွေကလည်း နန်းမြတ်နဲ့ အတူတူပျော်ရွှင်ကြည်နူးနေခဲ့ရတာဖြစ်ပါတယ်။ အခုတော့ နန်းမြတ်က မကြာခင်ရက်ပိုင်းကပဲ သားဦးလေးကို အောင်မြင်စွာဖွားမြင်လိုက်ပါပြီ။

သားသားလေးကို ဧပြီလ ၁၂ ရက်နေ့ သင်္ကြန်မတိုင်ခင်တစ်ရက်အလိုမှာ ဂရန်းဟံသာဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပြီး နန်းမြတ်တို့မိသားစုလေးထဲကို နှစ်သစ်လက်ဆောင်လေးအနေနဲ့ဝင်ရောက်လာခဲ့တာဆိုရင်လည်းမှားမယ်မထင်ပါဘူး။ သားသားလေးကို နန်းမြတ်တို့မောင်နှံက တုန်နေအောင်ချစ်ကြပြီး မွေးကတည်းက ချစ်ဖို့ကောင်းလွန်းတဲ့ သားလေးက မျက်လုံးမပွင့်တဲ့ဓာတ်ပုံလေးတွေနဲ့တောင် ပရိသတ်တွေရဲ့အသည်းကိုခြွေနိုင်ခဲ့တဲ့ ချစ်မွှေးပါတဲ့ သားလေးဖြစ်ပါတယ်။

သားသားလေးကို နန်းမြတ်က ချစ်စနိုးလေးနဲ့ Jack Jack လို့အိမ်ခေါ်နာမည်လေးပေးထားပြီး တကယ့်နာမည်ကတော့ ရွေးချယ်စဉ်းစားနေတုန်းလို့သိရပါတယ်။ Jack Jack လေးကို မွေးစဉ်က ငါးပေါင်နဲ့ ဆယ့်တစ်အောင်စရှိတယ်လို့သိရပြီး ကျန်းမာရေးကောင်းတဲ့ချစ်စရာသားချောကြီးပါပဲ။ မွေးကင်းစအရွယ် Jack Jack လေးဟာ မိဘနှစ်ပါးအနက်မှာ အဖေနဲ့ပိုတူတာမို့ အဖေတူကလေးဆိုပြီး ပရိသတ်တွေက အသည်းယားနေကြသလို ဖေဖေ့အသည်းကျော်ဖြစ်တော့မယ့်သားလေးလို့မှတ်ချက်ပေးထားကြပါတယ်။ အခုဆိုရင် Jack Jack က ဆယ့်လေးရက်သားလေးရှိပြီဖြစ်ပြီး မွေးကင်းစဖို့ သိပ်ပြီးလှုပ်လှုပ်ရှားရှားမရှိသေးပေမယ့် အနှီးထဲမှာ ဇိမ်ကျကျအိပ်မောကျနေတဲ့ပုံလေးကိုကြည့်ပြီး ပရိသတ်တွေက ချစ်မဝဖြစ်နေရတာပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက်Jack Jack ရဲ့ချစ်စရာ video လေးကို ဖော်ပြပေးလိုက်ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နန်းမြတ်ကိုချစ်ကြလား။ နန်းမြတ်ရဲ့ Jack Jack လေးကိုရောချစ်ကြလား။ နန်းမြတ်ရဲ့သားလေးက ကြီးလာရင် နန်းမြတ်လိုပဲ အနုပညာလောကထဲကိုဝင်လာမယ်ဆိုရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say

Share From nanmalgyi