ကမ္ဘာ့အဆင့်မီဖို့ နည်းပြချုပ်အသစ်ခန့်လိုက်တဲ့ မြန်မာ့လက်ရွေးစင်အသင်း

မြန်မာ့ဘောလုံးလောကကတော့ အရင်ကထက် စာရင် လက်ရှိချိန်မှာ တဖြည်းဖြည်းတိုးတက်လာတယ်လို့ပဲ ဆိုရမှာပါ။ ဒါပေမယ့်လည်း မြန်မာ့လက်ရွေးစင်အသင်းကတော့ နိုင်ငံတကာပွဲစဉ်တွေ အာရှပွဲစဉ်တွေမှာတော့ ရလဒ်က ထင်သလောက်ကောင်းမလာတာကြောင့် နည်းပြချုပ်ပြောင်းလဲမှုတွေကိုလည်း လုပ်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ လက်ရွေးစင် နည်းပြချုပ်အဖြစ် မီရိုဒရပ်ရာဂျူလိုဗစ်ကို ထပ်မံပြောင်းလဲခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီလိုခန့်အပ်လိုက်တာကတော့ မြန်မာ့ဘောလုံးအသင်း အောင်မြင်မှုအတွက်ရော ကမ္ဘာ့အဆင့်မှာပါ ပိုပြီးတော့ ကောင်းမွန်ဖို့ကိုပါ ရည်ရွယ်ပြီး ခန့်အပ်လိုက်တာဖြစ်ကြောင်း မြန်မာ့ဘောလုံးအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသွား ခဲ့ပါတယ်။

ဦးကိုကိုသိန်းကတော့ “အဓိကကတော့ မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ Target ဖြစ်တဲ့ International ပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိဖို့ရယ်။ ပြီးတော့ အာဆီယံမှာဖြစ်တဲ့ Suzuki Cup အောင်မြင်မှု ရရှိဖို့ရယ် အဲ့မှာလည်းဆီမီးဖိုင်နယ်တွေ ဖိုင်နယ် အဆင့်တွေထိကို ရောက်အောင် ကျနော်တို့ Target ထားထားပါတယ်။ နောက်တခုကတော့ ဖီဖာပေါနော့်။ တပွဲနဲ့ တပွဲအောင်မြင်မှု တဖြည်းဖြည်း ရရှိလာအောင် ကျနော်တို့ Target ထားထားပါတယ်။ Asian Cup မှာလည်း ဝင်နိုင်ဖို့အတွက် ကျနော်တို့ Target ထားထားပါတယ်။ အခုလိုလုပ်တာက အသင်းအောင်မြင်မှု တခုထဲမဟုတ်ဘူး။ နိုင်ငံတကာမှာ အောင်မြင်မှုရရှိအောင် စွဲပြီးတော့ လုပ်ရမယ့် အနေအထားမှာရှိတယ်” ဆိုပြီးတော့ ပြောကြားသွား ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် အသင်းကတော့ နည်းပြသစ်ဖြစ်တဲ့ မီရိုဒရပ်ရာဂျူလိုဗစ်ကို ခန့်အပ်ခဲ့ပြီး မြန်မာ့ဘောလုံး အဆင့်မြင့်တင်ဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။ မြန်မာဘောလုံးချစ်ပရိသတ်တွေ အနေနဲ့လည်း မြန်မာဘောလုံးအဖွဲ့ချုပ်ရဲ့ ဒီလိုပြောင်းလဲစီစဉ်မှုတွေ အပေါ်မှာတော့ မျှော်လင့်ချက်လေးတွေ ရှိလာပြီ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အသင်းလည်း လက်ရှိနည်းပြချုပ်အသစ်လက်ထက်မှာ တိုးတက်လာဖို့ ရှိလားဆိုတာကိုရော ပြောချင်လွန်းလို့ ပရိသတ်ကြီးကလည်း မှတ်ချက်တွေ ပေးသွားကြပါဦး။

Share From nanmalgyi