စမ်းချောင်းလေးမှာ စတိုင်ကိုယ်စီနဲ့ အပြိုင်ပို့စ်ပေးနေကြတဲ့ တီဂွမ်း၊ တီစိုး၊ အိချောပိုတို့ရဲ့ အလန်းစားပုံရိပ်များ

ပရိသတ်ကြီးရေ…. တစ်ခေတ်တစ်ခါမြန်မာဗီဒီယိုလောကရဲ့ နာမည်ကြီးဝါရင့်သရုပ်ဆောင်ဖြစ်ပြီး အခုအချိန်ထိ အောင်မြင်မှုများစွာ ဆက်လက်ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်မင်းသမီးအိချောပိုကို သိကြမယ်ထင်ပါတယ်နော်…။ ပရိသတ်အများက ချစ်စနိုးနဲ့ စူစူလို့ခေါ်ကြတာဖြစ်ပြီး ခန္ဓာကိုယ်အခချိုးအစား ဟာဆိုရင်လည်း အပြစ်ပြောစရာမရှိအောင်ပြေပြစ်လှပတာပဲဖြစ်ပါတယ်…။ ခေတ်ဆန်ဆန် အတိုအပြတ် အင်္ကျီအလန်းလေးတွေနဲ့လည်း ဆွဲဆောင်မှုရှိလှပြီး မြန်မာ့ရိုးရာဝတ်စုံတွေနဲ့လည်း ကျက်သရေရှိလှပနေတာကိုမြင်တွေ့ကြရမှာပါ…။

တက္ကသိုလ်ဂွမ်းပုံ ဟာဆိုရင်လည်း အကယ်ဒမီဆုရှင်တစ်ဦးဖြစ်ပြီး ဇာတ်ကားပေါင်းများစွာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံရိုက်ကူးလာတာဖြစ်ပါတယ်…။ ဟာသသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် ဇာတ်ရုပ်ပေါင်းစုံကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်….။ တီဂွမ်းဟာ စိတ်သဘောထားဖြူစင်ပြီး ပွင့်လင်းရိုးသားသူမလို့ ပရိသတ်အားလုံးက ချစ်ခင်အားပေးကြတာကိုမြင်တွေ့ရမှာပါ..။ ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်တဲ့ စိုးမိုးကြည်ဟာဆိုရင်လည်း အောင်မြင်မှုတွေများစွာရရှိထားကာ တက္ကသိုလ်ဂွမ်းပုံတို့နဲ့ အတူသွားအတူလာ သူငယ်ချင်းတွေပဲဖြစ်ပါတယ်…။

အိချောပို ဟာပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း ရှမ်းပြည်နယ် နောင်ချိုသို့ တီဂွမ်းပုံ၊ စိုးမိုးကြည်တို့နဲ့အတူရောက်ရှိနေပြီး အပန်းဖြေကာ ပျော်ပါးနေကြတာဖြစ်ပြီး သူမရဲ့ official facebook acc တွင် “So happy…with my lovely Aunty Goon Sein & Aunty Soe Moe Kyi… Love you so much…” ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

credit- myanmarload
Share From Lucky Myanmar