
သရုပ်ဆောင် မင်းသားချော ဟိန်းဝေယံနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုန်ရတီတို့နှစ်ယောက်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီ ရရှိထားတဲ့ အနုပညာရှင်တွေ ဖြစ်ကြပါတယ်။
ပရိသတ်တွေရဲ့အချစ်တွေကိုလည်း သိမ်းပိုက်ရရှိထားတဲ့ သူတို့အနုပညာမောင်နှမနှစ်ယောက်က မကြာခင်မှာ ဇာတ်ကားသစ်ကြီးနဲ့ ပရိသတ်တွေရဲ့အရှေ့ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ “ဘာညာ ဘာညာ” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားလေးထဲမှာတော့ ဟိန်းဝေယံနဲ့ ရွှေမှုန်တို့နှစ်ယောက်ကို ချစ်စရာကောင်းတဲ့ စုံတွဲလေးအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ရုံမတင်ခင်ကတည်းက သူတို့နှစ်ယောက်ရဲ့ ပုံလေးတွေကိုကြည့်ပြီး အရမ်းကို သဘောကျချစ်ခင်နေကြတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မင်းသား ဟိန်းဝေယံက ဇာတ်လမ်းတွဲလေးတွေ ရိုက်ကူးနေရသလို မင်းသမီးလေး ရွှေမှုန်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။
အခုလည်း မျက်မှန်လေးကိုပင့်ပြီး စူးရှရှ မျက်ဝန်းလေးတွေနဲ့ လှမ်းကြည့်နေတဲ့ ရွှေမှုန်တစ်ယောက် ယပ်တောင်တစ်ချောင်းနဲ့ စတိုင်ထုတ်နေတာလေးကလည်း အရမ်းကို အသည်းယားစရာကောင်းနေတာ တွေ့ရပါတယ်။
ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ ရွှေမှုန်ရဲ့အပြုံးလေးတွေကတော့ မကြွေဘဲမနေနိုင်လောက်အောင်ပါပဲနော်။ ကဲ ချစ်ပရိသတ်တွေအတွက် ဟိန်းဝေယံနဲ့ ရွှေမှုန်ရတီတို့ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:ဘာညာ ဘာညာ;credit-myanmarload
Share From Lucky Myanmar