.လမ်းမလျှောက်နိုင် ဒူးနာရောဂါအတွက်…

မိဿလင်ဥကြပ်ထုပ်မိနစ်ပိုင်းသက်သာ
ဒူးနာသူများဖတ်ကြည်ပါ တိုက်ဆိုင်မှု့ရှိပါကအကျိုးများပါမည် ။
အခြားသူများကို ကုသခြင်းမဟုတ်ပါ။

ဇနီးအားကုသပေးခြင်းဖြစ်သည်။
ဒူးနာနေသည်မှာကြာပြီဖြစ်သည်။အထူးကုဆေးခန်းပြခဲ့ရာ စားဆေးပေးခြင်းနှင့်အမြင့်မတက်ရ။
အနားယူနေခြင်းသာဖြစ်သည်။
ပျောက်ကင်းသွားသည်မဟုတ် နာလိုက်ကောင်းသွား

သလိုရှိလိုက်နှင့်သာရှိသည်။
ဒူးနာနေသည်ဆိုသော်လည်း ပုံမှန်သွားလာ လှုပ်ရှားနိုင်
သည် အမြင်က နာနေမှန်းမသိကြ။

ဒီ(၂၈)ရက်နေ့နေ့လယ်တွင်သူများငွေကိစ္စနှင့်
ဘဏ်သွားရာ အပေါ်သို့လှေခါး(၂၀)ထစ်နီးပါးတက်ရသဖြင့်
ဒူးတော်တော်နာသွားသည်။
ရုပ်ပျက်စွာနှင့် ပြန်ဆင်းလာရသည်။

အိမ်ရောက်တော့ နားနား နေနေ ပေါ့။
ဒီ(၂၉) နောက်နေ့မနက်ဈေးသွားရာ ပြန်အရောက်တွင်
ဒူးအလွန်နာသည်ဟုဆိုသဖြင့် သက်ရင်းကြီးရွက်
စည်းပေးလိုက်သည်။
အိမ်မှာ သက်ရင်းကြီးပင်အပြင်ဆေးတွေ

တော်တော်များများရှိသည်။
ဒူးကိုအရွက်စည်းသည်ဆိုရာမှာ အညံ့စားဒူးစွပ်နှင့်ညှပ်စည်းခြင်း
ပါ လွယ်ကူပါသည်။

ဒီ(၃၀)ရက် မနက် တွင် မသက်သာသော်လည်း
ဈေးသွားရမည့်ကိစ္စကရှိနေတော့သွားရသည်။
ဈေးကနီးနီးလေးပါ အပြန်မှာတော့ ဒူးနာပြီးလမ်းမလျှောက်နိုင်

တော့လို့ ရုပ်ပျက်စွာတွဲလာရတော့သည်။
မတ်တပ်ပင် မရပ်နိုင်။
ဒူးနာသည့်ပြင် ပေါင် ခြေသလုံးကြွက်သားတွေပါ
တင်းပြီး နာသည်ဟုပြောပါသည်။

ဒီလို ဒူးရောဂါ ပြင်းထန်လာလို့မိဿလင်ဥကြပ်ထုပ်
ထိုးရမည်။
မိဿလင်ဥသည်ဂျင်းနှင့်တူနေသဖြင့်ခွဲခြားပုံလေးကတော့
ထိပ်ကိုလှီးကြည့်လျှင် ဂျင်းကအဝါရောင်အသမ်းနည်းသည်။

နမ်းကြည့်လျှင် ဂျင်းက ဂျင်းနံ့ရပြီး မိဿလင်ဥက စိမ်း
ရွှေရွှေ အနံ့ဖြစ်သည်။
(ပုံတွင်ယှဉ်ပြထား)။

နေ့လယ်တွင်စိုက်ထားသောမိဿလင်တဥ
ယူလာပြီး ပြင်ဆင်ရသည်။
ကလေးမလေးအား အဖွါးကိုကြပ်ထုပ် ထိုးပေးရမည်

ပြောတော့ကြပ်ထုပ်ဆိုတာကိုမသိ ကိုယ့်ဟာကို
လုပ်ရတော့သည်။
ကြပ်ထုပ် ထိုးခြင်းကို ကရိကထ များသည်ဟု
ထင်ကြသည်။

သမရိုးကြ မှာမြေအိုးကိုအသုံးပြု အဝပိတ်အဝတ်ထူထူ
ဆေးထုပ်ကိုလည်းအဝတ်ထူထူ သုံးသည် အကြောင်းက

အပူ ကြာကြာခံအောင်ပါ။
မြေအိုးမရှိ ဘယ်နားရောင်းမှန်းမသိတော့
ရှိတဲ့ ဒန် အိုးအငယ်ပေါ့ အအုပ်အတွက် အဝတ်စထူထူ
မရှိတော့ စွပ်ကျယ်အဟောင်း ဆေးထုပ်အတွက်လည်း

စွတ်ကျယ်စ ရေနွေးအတွက် လျှပ်စစ် ရေနွေးတည်အိုး။
မိဿလင်ဥကို ငြုတ်ဆုံဖြင့်ကျေအောင်ထောင်း
မညက်စေနဲ့ ညက်သွားက အရည်တွေထွက်မည်

ဥအကျေတွေကို အနည်းဆုံးနှစ်ပုံ ပုံစွတ်ကျယ်စနှင့် အထုပ်လေးလုပ် ကြိုးနဲ့စည်းထား ဆေးနှစ်ထုပ်ပေါ့။
ဒန်အိုးအဝကို စွတ်ကျယ်စဖြင့် ပိတ် ကြိုးနဲ့
ခိုင်အောင်ပတ်ထား လျှပ်စစ်ရေနွေးအိုးတည် ရေဆူလာရင်

ဒန်အိုးထဲ အဝတ်ပေါ်က လောင်းထည့်ဆေးထုပ် တင်ထားလိုက်
ကြပ်ထုပ် ထိုးတော့။
ကြပ်ထုပ် ထိုးရာတွင်ကြောရိုးမဟုတ်ပါက

ကိုယ်တိုင်ထိုးရသည် အပူအအေး ထိန်းနိုင်အောင်ပါ
ရေနွေးအတွက် နောက်တအိုး အသင့်ပြန်လုပ်ထား။
ဇနီးအား ကြပ်ထုပ် ထိုးဘို့အဆင့်ဆင့်လုပ်ခဲ့ပုံပါ
ကြပ်ထုပ် ထိုးတာမိနစ်(၂၀)ခန့်ဆို တကြိမ်အတွက်တော်

ပြီ။နားတော့။
လမ်းလျှောက်ကြည့်ခိုင်းတော့ ဘာမှမနာတော့ဘူး သက်သာ
သွားပြီ ဆိုတော့၏ ညအိပ်ခါနီးတကြိမ် ကြပ်ထုပ်ထိုးဖြစ်သည်။
ဒီ(၃၁) ရက် နောက်နေ့တွင်ကောင်းသွားပြီဆို

ကာဈေးသွားပြီးညနေ နှစ်သစ်ကူးအကြို မိသားစုစားပွဲအတွက်
သားငါး သီးနှံတွေ ဝယ် အပြန်မှာ ဒူးအခြေအနေမေးကြည့်
တော့ ဒူးချောင်သလို ဖြစ်နေသေးတယ်လိုပြောသည်။
ကောင်းနေပြီဆိုပြီး ကြပ်ထုပ် မထိုးဖြစ်။

ညနေမှစပြီး ချက်ပြုတ်။ကျော်ခြင်း ကင်ခြင်း။ပြီးတော့
စားသောက် အကင်ထဲမှရုံးပတီသီးတောင့်မကျက်တကျက်
သုံးတောင့်စားသည်။

ဇန်(၁)ရက်နေ့။ဈေးသွား။ပြန်လာတော့
အခြေအနေမေးရာ ညကရုံးပတီသီး မကျက်တကျက် တွေကို
စားလို့ထင်တယ် ဒူးမချောင်တော့ဘူး။အားလုံးကောင်းသွားပြီ
လို့ပြောတော့သည်။

မိနစ်ပိုင်းနဲ့ လမ်းမလျှောက်နိုင်ဒူးနာခြင်းကို
ကြပ်ထုပ်ထိုးကုသခြင်းဖြင့်ကုပြီးပါပီ။
ဒူးနာခြင်းသည် အကြော ညပ်။အကြောကပ်။အကြော
တင်။လေခို စသည်တို့ကြောင့်လည်း ဖြစ်ပါသည်။

နောင် ဒူးနာသည်ဆိုလျှင် ဆေးနည်းသိပြီ။
မိဿလင်ဥကြပ်ထုပ်ထိုး မကျက်တကျက်ရုံးပတီသီးကင်စားတော့။
Nyunt Aung