.25.4.2019 မွ 1.5.2019 အထိ တစ္ပတ္စာ ၇ ရက္သားသမီး ေဟာစာတမ္း

တနဂၤ​ေႏြ

တနဂၤေႏြ

ဒီကာလအတြင္း လုပ္စရာေတြ မ်ားေနတတ္ပါတယ္။ အိမ္နဲ႔ မိသားစုနဲ႔ ပက္သက္တဲ့ အလုပ္ေတြေရာ၊ လုပ္ငန္းခြင္အလုပ္ေတြေရာ အနားယူခ်ိန္ နည္းပါးေန တတ္ပါတယ္။ အလုပ္မ်ားေတာ့ အျခား အေရးမပါတာေတြခဏ ေမ့ထားၿပီး ႀကိဳးစားၾကည့္ပါ။

ဒီကာလမွာ ႀကိဳးစားထားသမွ်ေတြက မိမိကို ယုံၾကည္မႈ တိုးေစပါတယ္။ ဝန္ထမ္းဆို အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြခ်မယ္ ဆိုရင္ေတာ့ အထက္လူႀကီးဆီ approve ယူၿပီးမွ လုပ္ေစခ်င္ပါတယ္။ အိမ္ ေျပာင္းခ်င္သူမ်ား ဒီကာလမွာ ေျပာင္းရေ႐ႊ႕ရ တတ္ပါတယ္။

က်န္းမာေရးကေတာ့ ဒီေန႔မွာ အထူးအားနည္းေနတာကို ေတြ႕ရပါတယ္။ အပူဒဏ္ မခံႏိုင္တဲ့သူေတြကေတာ့ ဒီေန႔မွာ ေခါင္းမူးေခါင္းကိုက္ ျဖစ္ရတတ္ပါတယ္။ ဦးေႏွာက္နဲ႔ ပက္သက္ေသာေရာဂါေတြကို သတိထားလိုက္ပါ။ အထက္လူႀကီးမ်ားက လုပ္ငန္းေဆာင္တာေတြကို မိမိတို႔ကိုလႊဲ ေပးတာမ်ိဳးေတြႀကဳံရတတ္ပါတယ္။

ဒါေၾကာင့္ အလုပ္မွာ တာဝန္ယူမႈေတြ မ်ားေနတတ္ပါတယ္။ အခ်စ္ေရးကေတာ့ စီးပြားေရးေတြနဲ႔ပက္သက္ၿပီး ခ်စ္သူနဲ႔ တိုင္ပင္ေဆြးေႏြးႏိုင္ပါလိမ့္မယ္။ အိမ္ေထာင္ေရးနဲ႔ ပက္သက္ၿပီးေတာ့လဲ အထူးစိတ္ညစ္ရ တတ္ပါတယ္။ ပညာေရးကေတာ့ အေကာင္းမ်ားတယ္။ ႀကိဳးစားေစခ်င္ပါတယ္။

အက်ိဳးေပးဂဏန္း1 /6/ 0
အထူးေဟာ တာဝန္ယူရတာေတြ မ်ားေနမည္။
ယၾတာ သေျပပန္း ဘုရားကပ္လႉ လိုက္ပါ။

တနလၤာ
တနလၤာ

ဒီကာလအတြင္း စိတ္လက္ေပါ့ပါး ၾကည္လင္ေနတတ္ပါတယ္။ ဒါေၾကာင့္ ဒီလိုကာလမ်ိဳးဟာအေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ႏိုင္ပါလိမ့္မယ္။ အေရးႀကီးတဲ့ ေဆြးေႏြးပြဲမ်ား ျပဳလုပ္ျခင္း၊ ဆရာသမားေတြဆီက အႀကံ ဉာဏ္ေတာင္းျခင္းမ်ားအထူးေကာင္းပါတယ္။

လူငယ္ေတြကို တြဲေခၚၿပီးေတာ့ ေနရာေပးသင့္တဲ့ ကာလပါပဲ။ စိတ္ကူး ထားတာေလးေတြက မိမိအတြက္ အသုံးတည့္မဲ့ စိတ္ကူးေကာင္းေလးေတြ ျဖစ္ေနတတ္ပါတယ္။ ေငြေခ်းျခင္း၊ ေႂကြးယူူျခင္း၊ေႂကြးေတာင္းျခင္းမ်ားလဲ အထူးေဆာင္႐ြက္လို႔ ေကာင္းပါတယ္။

အခ်စ္ေရးနဲ႔ ပက္သက္ၿပီး အဆင္မေျပ တာေတြရွိခဲ့ရင္ေတာ့ ေျပလည္ေအာင္ စြမ္းေဆာင္ႏိုင္ပါလိမ့္မယ္။ ၾကားစကားေတြေၾကာင့္ အျမင္မၾကည္တာေတြ ကို ေကာင္းစြာ ေျဖရွင္းႏိုင္ပါလိမ့္မယ္။ ခ်ဳပ္တည္းထားတာေတြ မ်ိဳသိပ္ထားတဲ့ ကိစၥေတြရွိရင္ေတာ့ ဒီေန႔မွာ ဖြင့္ထုတ္သင့္ တဲ့ေန႔မ်ိဳးပါပဲ။

ေခတ္ေပၚလုပ္ငန္းမ်ား အထူး အဆင္ေျပပါတယ္။ အေပါင္ဆိုင္ လုပ္ငန္းမ်ား၊ ေငြေၾကးေခ်းငွားတဲ့ ဘဏ္လုပ္ငန္းမ်ား တိုးတတ္မႈေတြ မ်ားပါလိမ့္မယ္။ လူအမ်ားက မိမိကို ယုံၾကည္လာေအာင္ စြမ္းေဆာင္ႏိုင္မဲ့ ကာလ ပါပဲ။ အိမ္ေထာင္ေရး သာယာပါလိမ့္မယ္။ ေနေကာင္း က်န္းမာေနပါလိမ့္မယ္။ ပညာေရးမွာေတာ့ ဆရာသင္သမွ် နားထဲစြဲေနမွာပါ။

အက်ိဳးေပးဂဏန္း 1/ 2/ 7
အထူးေဟာ ကံျမင့္မားေနပါလိမ့္မယ္။
ယၾတာ ၾကက္ဥေၾကာ္ၿပီး ရဟန္းေတြကို ေလာင္းလႉပါ။

အဂၤါ
အဂၤါ

ဒီလိုကာလမ်ိဳးဟာ ေပ်ာ္ေပ်ာ္ေနတတ္သူေတြ ပိုမို အဆင္ေျပႏိုင္တာကို ေတြ႕ရသည္။ မိမိကိုယ္တိုင္က ၿပဳံးေပ်ာ္ေနလိုက္ပါ။ စိတ္ထဲမွာ အမွတ္အေတးမထားဘဲ ေပါ့ေပါ့ပါးပါး ေနတတ္ဖို႔လိုပါတယ္။ မိမိ ေတြ႕ရႀကဳံရတာေတြကလဲ စိတ္ၾကည္ႏူးစရာေတြ ျဖစ္ေနတတ္ပါတယ္။

ခ်စ္ရသူေတြနဲ႔ ႐ုပ္ရွင္ၾကည့္တာ၊ ေပ်ာ္ပြဲစားထြက္တာမ်ိဳးေတြ အထူး ေကာင္းပါတယ္။ တပည့္ေမြးတာမ်ိဳး ၊လူယုံေမြးတာမ်ိဳးေတြ အထူးေဆာင္႐ြက္ ႏိုင္ပါတယ္။ ေငြေၾကးနဲ႔ ရွာလို႔ေဖြလို႔ လြယ္ပါလိမ္မယ္။ မိမိက အက်ိဳးအျမတ္မၾကည့္ဘဲ ကူညီလိုက္တဲ့ ကိစၥေတြက မိမိကိုျပန္ၿပီး အက်ိဳးျပဳေနပါလိမ့္မယ္။

စက္ကား၊ ယႏၲရားမ်ား ဝယ္ယူျခင္း၊အလဲအထပ္ လုပ္ျခင္းမ်ား အထူးေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ ကံေကာင္းျခင္းေတြ ကိုခံစားရမဲ့ ကာလပါပဲ။ လူခ်စ္လူခင္ မ်ားပါလိမ့္မယ္။ ဝန္ထမ္းမ်ား မခိုမကပ္ဘဲနဲ႔ ဖင္ေပါ့ေပါ့ လုပ္ကိုင္ျခင္းေၾကာင့္ အမ်ားရဲ႕ ခ်စ္ခင္ျခင္းကိုလဲ ခံစားရပါလိမ့္မယ္။

က်န္းမာေရးကေတာ့ အညံ့နည္းမွာပါ။ မတည့္တဲ့ အစားအေသာက္ ေတြကိုေတာ့ မစားမိပါေစနဲ႔။ ခ်စ္သူသစ္ရလြယ္တဲ့ ကာလမ်ိဳးပါပဲ ။ အိမ္ေထာင္ေရး ေျပလည္မႈေတြ ႀကဳံရပါလိမ့္မယ္။ ပညာေရးနဲ႔ ပက္သက္ရင္ နည္းပညာနဲ႔ ပက္သက္ေသာ ပညာေတြ ရလြယ္ပါတယ္။

အက်ိဳးေပးဂဏန္း 1/ 3/ 9
အထူးေဟာ စိတ္ခ်မ္းသာစရာ မ်ားပါလိမ့္မယ္။
ယၾတာ စိတ္မႏွံသူကို အာဟာရ လႉဒါန္းေပးပါ။

ဗုဒၶဟူး
ဗုဒၶဟူး/ ရာဟု

ဒီကာလအတြင္း သူမ်ားေတြ အေျပာေတြအေပၚမွာ လိုက္ၿပီး မခံစားေနပါနဲ႔။ ခံစားေနရင္သူမ်ားစိတ္နဲ႔မိမိ ကိုယ္ျဖစ္ေနရတတ္ပါတယ္။ အပုပ္ခ်မႈေတြ၊ အတင္းေျပာတာေတြကို လ်စ္လ်ဴရႈထားတာ အေကာင္းဆုံးပါပဲ။ လူမႈေရး ကိစၥေတြမွာေတာ့ မိမိက ဦးစားမလုပ္ပါနဲ႔။

ေစတနာနဲ႔ လုပ္ေပးေပမဲ့ မ်က္ႏွာေကာင္းရဖို႔ ခဲယဥ္းေနတတ္ပါ တယ္။ ဒီလိုေန႔မ်ိဳးဟာ မိမိလုပ္ခ်င္တဲ့ ကိစၥတစ္ခုကို စိတ္ႏွစ္ၿပီး လုပ္ေနရတာ အေကာင္းဆုံးပါပဲ။ လုပ္ေဖာ္ကိုင္ဖက္ ေတြနဲ႔ အဆင္မေျပတာေလးေတြရွိရင္ သည္းခံလိုက္ပါ။ ကိုယ္ပိုင္ လုပ္ငန္းမ်ား အခက္အခဲၾကားက တိုးတတ္ပါလိမ့္ မယ္။

အလုပ္နဲ႔ ပက္သက္ၿပီး ဆိုင္အျပင္အဆင္ေတြ ေျပာင္းတာ၊ အထားအသို ေျပာင္းတာေလးေတြ လုပ္ေဆာင္သင့္ ပါတယ္။ က်န္းမာေရးနဲ႔ ပက္သက္ၿပီး ရလဒ္ေတြ ေကာင္းေနတတ္ပါတယ္။ က်န္းမာေရးေၾကာင့္ စိတ္ခ်မ္းသာရပါ လိမ့္မယ္။

အခ်စ္ေရး ကိစၥေတြမွာေတာ့ ေျပလည္တာေတြ မ်ားေနတတ္ပါတယ္။ အိမ္ေထာင္ေရးနဲ႔ကေတာ့ အိမ္ခြဲၿပီး သီးသန႔္ေနသူေတြဆို ျပႆနာ မရွိေပမဲ့ မိသားစုေတြနဲ႔ ေရာေထြးေနသူေတြဆို အိမ္ေထာင္ေရးမွာ ျပႆနာ ရွိတတ္ ပါတယ္။ ပညာေရးကေတာ့ အထူးေကာင္းပါတယ္။ ႀကိဳးစားသမွ် အရာထင္မွာပါ။

အက်ိဳးေပးဂဏန္း 2 /8 /3
အထူးေဟာ ကံအားနည္းေနမည္။
ယၾတာ နီးစပ္ရာေစတီရဲ႕ ေမြးနံေထာင့္မွာ အေၾကာ္ ၅ မ်ိဳး ဘုရားကပ္လႉပါ။

ၾကာသပ​ေတး
ၾကာသပေတး

ႀကိဳးတန္းေပၚ လမ္းေလွ်ာက္ရသလိုပါပဲ။ အတိမ္းအေစာင္း မခံတဲ့ ကာလေတြပါပဲ။ ဘာကိစၥပဲလုပ္လုပ္ အဘက္ဘက္က စဥ္းစားသုံးသပ္ၿပီးမွ လုပ္ပါ။ ေတြးထင္ထားတဲ့ ကိစၥေတြကေတာ့ မိမိအတြက္ အက်ိဳးမ်ားတယ္။ သူမ်ား အႀကံကိုေတာ့ ခ်င့္ခ်ိန္လုပ္ပါ။

သာမန္ထက္ ပိုမိုေလာဘႀကီးသူ ဆိုရင္ေတာ့ ဒီလိုကာလမ်ိဳးမွာေတာ့ အလိမ္ခံရ တတ္ပါတယ္။ သူမ်ားေျပာတိုင္း မယုံလိုက္ပါနဲ႔။ ခ်င့္ခ်ိန္တတ္သူ ေတြကေတာ့ ဒီကာလမွာ ေအာင္ျမင္ေအာင္စြမ္း ေဆာင္ႏိုင္ပါလိမ့္မယ္။ ကုန္က်စရိတ္ေတြေတာ့ မ်ားတတ္တယ္။ ေငြေၾကးျမဳပ္ရင္ ခ်က္ခ်င္းေဖာ္ရ ခက္တတ္တယ္။

အလုပ္ေတြက အားေကာင္းေနတတ္ပါတယ္။ အလုပ္ေတြ မ်ားၿပီး လူမႏိုင္တာ၊ ေငြမႏိုင္တာေတြျဖစ္ရတတ္ပါတယ္။ က်န္းမာေရးက အေကာင္းမ်ားပါတယ္။ အစာအိမ္ေရာဂါ ရွိသူမ်ား၊ ဗိုက္ေအာင့္ တတ္သူမ်ားကေတာ့ ဒီကာလမွာ သတိထားသင့္ပါတယ္။

အခ်စ္ေရး ကိစၥေတြမွာေတာ့ ခ်စ္သူခင္သူေတြ ေပါမ်ားေနတတ္ပါတယ္။ စန္းပြင့္ေနတတ္ ပါတယ္။ ဒါေၾကာင့္ ေမတၱာေရးကိစၥေတြ အေလးေပး ေဆာင္႐ြက္ႏိုင္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ စိတ္ခ်မ္းေျမ့ ရတတ္ပါတယ္။ ပညာေရးကေတာ့ အလြန္ေကာင္းတယ္။ ပညာ စတင္ရွာလို႔ ေကာင္းတဲ့ ေန႔ရက္ေတြပါပဲ။

အက်ိဳးေပးဂဏန္း 3 /4/ 5
အထူးေဟာ ေတြေဝဒြိဟျဖစ္စရာေတြ မ်ားပါလိမ့္မယ္။
ယၾတာ ေဆးအလႉေတြ မ်ားမ်ားလုပ္ေပးပါ။

​ေသာၾကာ
ေသာၾကာ

ဒီကာလအတြင္း အ႐ြယ္ေရာက္ေနၿပီ ျဖစ္တဲ့ မိမိ သားသမီးေတြကို လုပ္ငန္းခြင္နဲ႔ ပက္သက္ၿပီး သင္ေပးပါ။ လက္ဆင့္ကမ္းေပးပါ။ ဒီကာလမ်ိဳးမွာ လူငယ္ေတြကို တြဲေခၚလို႔ အေကာင္းဆုံးေန႔ရက္ပါပဲ။ မိမိတို႔အတြက္ လိုအပ္ ေသာအိမ္ေထာင္ ပရိေဘာဂေတြ ဝယ္ယူမယ္ဆို ဒီကာလမွာဝယ္ယူလို႔ ေကာင္းပါတယ္။

ကုန္ေရာင္း ကုန္ဝယ္ လုပ္ငန္းမ်ား၊ ကုန္သြယ္မႈ လုပ္ငန္းမ်ား အထူးတိုးတတ္ ပါလိမ့္မယ္။ အႏုပညာ လုပ္ငန္းမ်ား၊ ေဖ်ာ္ေျဖေရးနဲ႔ ပက္သက္ေသာ အလုပ္မ်ား အလုပ္အကိုင္ေတြ ေပါမ်ားပါလိမ့္မယ္။ ကတိတည္ေအာင္ ေနပါ။ ကတိမတည္သူေတြ အထူးပဲစိတ္ညစ္ရ တတ္ပါတယ္။

မိမိကို ယုံၾကည္မႈရေအာင္ တည္ေဆာက္သင့္တဲ့ကာလပါ။ အေျပာနဲ႔အလုပ္ညီေလ တိုးတတ္ေလ ပါပဲ။ ကားလုပ္ငန္း ၊ခရီးသြား လုပ္ငန္းမ်ား အလုပ္ေအာ္ဒါေတြ မ်ားေနရတတ္ပါတယ္။ က်န္းမာေရးကေတာ့ ကိုယ္ခံအား ေကာင္းေနမဲ့ ကာလျဖစ္တာေၾကာင့္ က်န္းမာေရး အားနည္းသူေတာင္ ထူထူေထာင္ ျဖစ္လာပါလိမ့္မယ္။

အခ်စ္ေရးအတြက္ စိတ္ညစ္ရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ ေသာက ကင္းပါလိမ့္မယ္။ မိသားစု ျပႆနာေတြ ရွိရင္ေျပလည္ေအာင္ ေျဖရွင္းႏိုင္ပါလိမ့္မယ္။ ပညာေရး ကံေကာင္းေနခ်ိန္ ပါပဲ။

အက်ိဳးေပးဂဏန္း 2/ 6 /5
အထူးေဟာ အလုပ္ေတြ ခ်ဲ႕ထြင္ တိုးတတ္ပါလိမ့္မယ္။
ယၾတာ သရက္သီးေဖ်ာ္ရည္ ဘုရားကပ္လႉလိုက္ပါ။

စ​ေန
စေန

စိတ္ခ်မ္းသာ ရပါလိမ့္မယ္။ လူအမ်ားနဲ႔ လုပ္ကိုင္ျခင္းထက္ မိမိ တစ္ဦးတစ္ေယာက္ထဲ ႀကံစည္လုပ္ကိုင္ျခင္းက ပိုမို တိုးတတ္ပါလိမ့္မယ္။ေငြကံေကာင္း ပါလိမ့္မယ္။ ရွာလို႔ေဖြလို႔ ေကာင္းတဲ့ကာလပါပဲ။ ကုန္ေတာ့ မေလွာင္ပါနဲ႔။ ရင္းႏွီးျမဳပ္ႏွံမႈေတြကိုလဲ ေရွာင္လိုက္ပါ။

အလုပ္ေတြ အကိုင္ေတြက အဆင္ေျပမဲ့ ေန႔ရက္ေတြပါပဲ။ ဒါေပမဲ့ မိသားစု လုပ္ငန္းမ်ား၊ အိမ္တြင္းစီးပြားေရးမ်ား အခက္အခဲေတြ မ်ားေနတတ္ပါတယ္။ ေဝးကြာေနတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြ နဲ႔ျပန္လည္ဆုံဆည္းရတတ္ပါတယ္။ ခရီးသြားရဖို႔ အေၾကာင္းဖန္ လာတတ္ပါတယ္။ ေကာင္းေသာ ခရီးေတြလဲ ျဖစ္ပါလိမ့္မယ္။

က်န္းမာေရးကေတာ့ ဒီကာလမွာ တေရွာင္ေရွာင္ ျဖစ္လြယ္ပါတယ္။ ျဖစ္ခဲ့ဖူးတဲ့ ေရာဂါေဟာင္းေတြ ျပန္ေပၚလာတတ္ပါတယ္။ အေရျပားေရာဂါမ်ား သတိထားသင့္ ပါတယ္။ ဒီကာလမွာ ONLINE စီးပြားေရးမ်ား၊ သတင္းႏွင့္ စာေပမီဒီယာ လုပ္ငန္းမ်ား တိုးတတ္ပါလိမ့္မယ္။

အခ်စ္ေရး ကိစၥေတြမွာေတာ့ ထင္ထားသည္ထက္ ပိုမို တိုးတတ္လာ ႏိုင္ပါလိမ့္မယ္။အိမ္ေထာင္ေရးကံ ညံ့ပါတယ္။ တက်က္က်က္ပါပဲ။ ပညာေရး ကိစၥေတြမွာေတာ့ ႀကိဳး စားသမွ်အရာမထင္ ျဖစ္ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 7/ 0/ 5
အထူးေဟာ အိမ္တြင္းေရး အပူေတြ႕မည္။
ယၾတာ ဒိန္ခ်ဥ္ ဘုရားကပ္လႉလိုက္ပါ။

၇ ရက္သားသမီး အေပါင္း ေကာင္းက်ိဳး လိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ။

ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ )

For Unicode

25.4.2019 မှ 1.5.2019 အထိ တစ်ပတ်စာ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်း လုပ်စရာတွေ များနေတတ်ပါတယ်။ အိမ်နဲ့ မိသားစုနဲ့ ပက်သက်တဲ့ အလုပ်တွေရော၊ လုပ်ငန်းခွင်အလုပ်တွေရော အနားယူချိန် နည်းပါးနေ တတ်ပါတယ်။ အလုပ်များတော့ အခြား အရေးမပါတာတွေခဏ မေ့ထားပြီး ကြိုးစားကြည့်ပါ။

ဒီကာလမှာ ကြိုးစားထားသမျှတွေက မိမိကို ယုံကြည်မှု တိုးစေပါတယ်။ ဝန်ထမ်းဆို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချမယ် ဆိုရင်တော့ အထက်လူကြီးဆီ approve ယူပြီးမှ လုပ်စေချင်ပါတယ်။ အိမ် ပြောင်းချင်သူများ ဒီကာလမှာ ပြောင်းရရွှေ့ရ တတ်ပါတယ်။

ကျန်းမာရေးကတော့ ဒီနေ့မှာ အထူးအားနည်းနေတာကို တွေ့ရပါတယ်။ အပူဒဏ် မခံနိုင်တဲ့သူတွေကတော့ ဒီနေ့မှာ ခေါင်းမူးခေါင်းကိုက် ဖြစ်ရတတ်ပါတယ်။ ဦးနှောက်နဲ့ ပက်သက်သောရောဂါတွေကို သတိထားလိုက်ပါ။ အထက်လူကြီးများက လုပ်ငန်းဆောင်တာတွေကို မိမိတို့ကိုလွှဲ ပေးတာမျိုးတွေကြုံရတတ်ပါတယ်။

ဒါကြောင့် အလုပ်မှာ တာဝန်ယူမှုတွေ များနေတတ်ပါတယ်။ အချစ်ရေးကတော့ စီးပွားရေးတွေနဲ့ပက်သက်ပြီး ချစ်သူနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးနဲ့ ပက်သက်ပြီးတော့လဲ အထူးစိတ်ညစ်ရ တတ်ပါတယ်။ ပညာရေးကတော့ အကောင်းများတယ်။ ကြိုးစားစေချင်ပါတယ်။

အကျိုးပေးဂဏန်း1 /6/ 0
အထူးဟော တာဝန်ယူရတာတွေ များနေမည်။
ယတြာ သပြေပန်း ဘုရားကပ်လှူ လိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း စိတ်လက်ပေါ့ပါး ကြည်လင်နေတတ်ပါတယ်။ ဒါကြောင့် ဒီလိုကာလမျိုးဟာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ပါလိမ့်မယ်။ အရေးကြီးတဲ့ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ဆရာသမားတွေဆီက အကြံ ဉာဏ်တောင်းခြင်းများအထူးကောင်းပါတယ်။

လူငယ်တွေကို တွဲခေါ်ပြီးတော့ နေရာပေးသင့်တဲ့ ကာလပါပဲ။ စိတ်ကူး ထားတာလေးတွေက မိမိအတွက် အသုံးတည့်မဲ့ စိတ်ကူးကောင်းလေးတွေ ဖြစ်နေတတ်ပါတယ်။ ငွေချေးခြင်း၊ ကြွေးယူူခြင်း၊ကြွေးတောင်းခြင်းများလဲ အထူးဆောင်ရွက်လို့ ကောင်းပါတယ်။

အချစ်ရေးနဲ့ ပက်သက်ပြီး အဆင်မပြေ တာတွေရှိခဲ့ရင်တော့ ပြေလည်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ကြားစကားတွေကြောင့် အမြင်မကြည်တာတွေ ကို ကောင်းစွာ ဖြေရှင်းနိုင်ပါလိမ့်မယ်။ ချုပ်တည်းထားတာတွေ မျိုသိပ်ထားတဲ့ ကိစ္စတွေရှိရင်တော့ ဒီနေ့မှာ ဖွင့်ထုတ်သင့် တဲ့နေ့မျိုးပါပဲ။

ခေတ်ပေါ်လုပ်ငန်းများ အထူး အဆင်ပြေပါတယ်။ အပေါင်ဆိုင် လုပ်ငန်းများ၊ ငွေကြေးချေးငှားတဲ့ ဘဏ်လုပ်ငန်းများ တိုးတတ်မှုတွေ များပါလိမ့်မယ်။ လူအများက မိမိကို ယုံကြည်လာအောင် စွမ်းဆောင်နိုင်မဲ့ ကာလ ပါပဲ။ အိမ်ထောင်ရေး သာယာပါလိမ့်မယ်။ နေကောင်း ကျန်းမာနေပါလိမ့်မယ်။ ပညာရေးမှာတော့ ဆရာသင်သမျှ နားထဲစွဲနေမှာပါ။

အကျိုးပေးဂဏန်း 1/ 2/ 7
အထူးဟော ကံမြင့်မားနေပါလိမ့်မယ်။
ယတြာ ကြက်ဥကြော်ပြီး ရဟန်းတွေကို လောင်းလှူပါ။

အင်္ဂါ

ဒီလိုကာလမျိုးဟာ ပျော်ပျော်နေတတ်သူတွေ ပိုမို အဆင်ပြေနိုင်တာကို တွေ့ရသည်။ မိမိကိုယ်တိုင်က ပြုံးပျော်နေလိုက်ပါ။ စိတ်ထဲမှာ အမှတ်အတေးမထားဘဲ ပေါ့ပေါ့ပါးပါး နေတတ်ဖို့လိုပါတယ်။ မိမိ တွေ့ရကြုံရတာတွေကလဲ စိတ်ကြည်နူးစရာတွေ ဖြစ်နေတတ်ပါတယ်။

ချစ်ရသူတွေနဲ့ ရုပ်ရှင်ကြည့်တာ၊ ပျော်ပွဲစားထွက်တာမျိုးတွေ အထူး ကောင်းပါတယ်။ တပည့်မွေးတာမျိုး ၊လူယုံမွေးတာမျိုးတွေ အထူးဆောင်ရွက် နိုင်ပါတယ်။ ငွေကြေးနဲ့ ရှာလို့ဖွေလို့ လွယ်ပါလိမ်မယ်။ မိမိက အကျိုးအမြတ်မကြည့်ဘဲ ကူညီလိုက်တဲ့ ကိစ္စတွေက မိမိကိုပြန်ပြီး အကျိုးပြုနေပါလိမ့်မယ်။

စက်ကား၊ ယန္တရားများ ဝယ်ယူခြင်း၊အလဲအထပ် လုပ်ခြင်းများ အထူးဆောင်ရွက်နိုင်ပါလိမ့်မယ်။ ကံကောင်းခြင်းတွေ ကိုခံစားရမဲ့ ကာလပါပဲ။ လူချစ်လူခင် များပါလိမ့်မယ်။ ဝန်ထမ်းများ မခိုမကပ်ဘဲနဲ့ ဖင်ပေါ့ပေါ့ လုပ်ကိုင်ခြင်းကြောင့် အများရဲ့ ချစ်ခင်ခြင်းကိုလဲ ခံစားရပါလိမ့်မယ်။

ကျန်းမာရေးကတော့ အညံ့နည်းမှာပါ။ မတည့်တဲ့ အစားအသောက် တွေကိုတော့ မစားမိပါစေနဲ့။ ချစ်သူသစ်ရလွယ်တဲ့ ကာလမျိုးပါပဲ ။ အိမ်ထောင်ရေး ပြေလည်မှုတွေ ကြုံရပါလိမ့်မယ်။ ပညာရေးနဲ့ ပက်သက်ရင် နည်းပညာနဲ့ ပက်သက်သော ပညာတွေ ရလွယ်ပါတယ်။

အကျိုးပေးဂဏန်း 1/ 3/ 9
အထူးဟော စိတ်ချမ်းသာစရာ များပါလိမ့်မယ်။
ယတြာ စိတ်မနှံသူကို အာဟာရ လှူဒါန်းပေးပါ။

ဗုဒ္ဓဟူး/ ရာဟု

ဒီကာလအတွင်း သူများတွေ အပြောတွေအပေါ်မှာ လိုက်ပြီး မခံစားနေပါနဲ့။ ခံစားနေရင်သူများစိတ်နဲ့မိမိ ကိုယ်ဖြစ်နေရတတ်ပါတယ်။ အပုပ်ချမှုတွေ၊ အတင်းပြောတာတွေကို လျစ်လျူရှုထားတာ အကောင်းဆုံးပါပဲ။ လူမှုရေး ကိစ္စတွေမှာတော့ မိမိက ဦးစားမလုပ်ပါနဲ့။

စေတနာနဲ့ လုပ်ပေးပေမဲ့ မျက်နှာကောင်းရဖို့ ခဲယဉ်းနေတတ်ပါ တယ်။ ဒီလိုနေ့မျိုးဟာ မိမိလုပ်ချင်တဲ့ ကိစ္စတစ်ခုကို စိတ်နှစ်ပြီး လုပ်နေရတာ အကောင်းဆုံးပါပဲ။ လုပ်ဖော်ကိုင်ဖက် တွေနဲ့ အဆင်မပြေတာလေးတွေရှိရင် သည်းခံလိုက်ပါ။ ကိုယ်ပိုင် လုပ်ငန်းများ အခက်အခဲကြားက တိုးတတ်ပါလိမ့် မယ်။

အလုပ်နဲ့ ပက်သက်ပြီး ဆိုင်အပြင်အဆင်တွေ ပြောင်းတာ၊ အထားအသို ပြောင်းတာလေးတွေ လုပ်ဆောင်သင့် ပါတယ်။ ကျန်းမာရေးနဲ့ ပက်သက်ပြီး ရလဒ်တွေ ကောင်းနေတတ်ပါတယ်။ ကျန်းမာရေးကြောင့် စိတ်ချမ်းသာရပါ လိမ့်မယ်။

အချစ်ရေး ကိစ္စတွေမှာတော့ ပြေလည်တာတွေ များနေတတ်ပါတယ်။ အိမ်ထောင်ရေးနဲ့ကတော့ အိမ်ခွဲပြီး သီးသန့်နေသူတွေဆို ပြဿနာ မရှိပေမဲ့ မိသားစုတွေနဲ့ ရောထွေးနေသူတွေဆို အိမ်ထောင်ရေးမှာ ပြဿနာ ရှိတတ် ပါတယ်။ ပညာရေးကတော့ အထူးကောင်းပါတယ်။ ကြိုးစားသမျှ အရာထင်မှာပါ။

အကျိုးပေးဂဏန်း 2 /8 /3
အထူးဟော ကံအားနည်းနေမည်။
ယတြာ နီးစပ်ရာစေတီရဲ့ မွေးနံထောင့်မှာ အကြော် ၅ မျိုး ဘုရားကပ်လှူပါ။

ကြာသပတေး

ကြိုးတန်းပေါ် လမ်းလျှောက်ရသလိုပါပဲ။ အတိမ်းအစောင်း မခံတဲ့ ကာလတွေပါပဲ။ ဘာကိစ္စပဲလုပ်လုပ် အဘက်ဘက်က စဉ်းစားသုံးသပ်ပြီးမှ လုပ်ပါ။ တွေးထင်ထားတဲ့ ကိစ္စတွေကတော့ မိမိအတွက် အကျိုးများတယ်။ သူများ အကြံကိုတော့ ချင့်ချိန်လုပ်ပါ။

သာမန်ထက် ပိုမိုလောဘကြီးသူ ဆိုရင်တော့ ဒီလိုကာလမျိုးမှာတော့ အလိမ်ခံရ တတ်ပါတယ်။ သူများပြောတိုင်း မယုံလိုက်ပါနဲ့။ ချင့်ချိန်တတ်သူ တွေကတော့ ဒီကာလမှာ အောင်မြင်အောင်စွမ်း ဆောင်နိုင်ပါလိမ့်မယ်။ ကုန်ကျစရိတ်တွေတော့ များတတ်တယ်။ ငွေကြေးမြုပ်ရင် ချက်ချင်းဖော်ရ ခက်တတ်တယ်။

အလုပ်တွေက အားကောင်းနေတတ်ပါတယ်။ အလုပ်တွေ များပြီး လူမနိုင်တာ၊ ငွေမနိုင်တာတွေဖြစ်ရတတ်ပါတယ်။ ကျန်းမာရေးက အကောင်းများပါတယ်။ အစာအိမ်ရောဂါ ရှိသူများ၊ ဗိုက်အောင့် တတ်သူများကတော့ ဒီကာလမှာ သတိထားသင့်ပါတယ်။

အချစ်ရေး ကိစ္စတွေမှာတော့ ချစ်သူခင်သူတွေ ပေါများနေတတ်ပါတယ်။ စန်းပွင့်နေတတ် ပါတယ်။ ဒါကြောင့် မေတ္တာရေးကိစ္စတွေ အလေးပေး ဆောင်ရွက်နိုင်ပါတယ်။ အိမ်ထောင်ရေးကတော့ စိတ်ချမ်းမြေ့ ရတတ်ပါတယ်။ ပညာရေးကတော့ အလွန်ကောင်းတယ်။ ပညာ စတင်ရှာလို့ ကောင်းတဲ့ နေ့ရက်တွေပါပဲ။

အကျိုးပေးဂဏန်း 3 /4/ 5
အထူးဟော တွေဝေဒွိဟဖြစ်စရာတွေ များပါလိမ့်မယ်။
ယတြာ ဆေးအလှူတွေ များများလုပ်ပေးပါ။

သောကြာ

ဒီကာလအတွင်း အရွယ်ရောက်နေပြီ ဖြစ်တဲ့ မိမိ သားသမီးတွေကို လုပ်ငန်းခွင်နဲ့ ပက်သက်ပြီး သင်ပေးပါ။ လက်ဆင့်ကမ်းပေးပါ။ ဒီကာလမျိုးမှာ လူငယ်တွေကို တွဲခေါ်လို့ အကောင်းဆုံးနေ့ရက်ပါပဲ။ မိမိတို့အတွက် လိုအပ် သောအိမ်ထောင် ပရိဘောဂတွေ ဝယ်ယူမယ်ဆို ဒီကာလမှာဝယ်ယူလို့ ကောင်းပါတယ်။

ကုန်ရောင်း ကုန်ဝယ် လုပ်ငန်းများ၊ ကုန်သွယ်မှု လုပ်ငန်းများ အထူးတိုးတတ် ပါလိမ့်မယ်။ အနုပညာ လုပ်ငန်းများ၊ ဖျော်ဖြေရေးနဲ့ ပက်သက်သော အလုပ်များ အလုပ်အကိုင်တွေ ပေါများပါလိမ့်မယ်။ ကတိတည်အောင် နေပါ။ ကတိမတည်သူတွေ အထူးပဲစိတ်ညစ်ရ တတ်ပါတယ်။

မိမိကို ယုံကြည်မှုရအောင် တည်ဆောက်သင့်တဲ့ကာလပါ။ အပြောနဲ့အလုပ်ညီလေ တိုးတတ်လေ ပါပဲ။ ကားလုပ်ငန်း ၊ခရီးသွား လုပ်ငန်းများ အလုပ်အော်ဒါတွေ များနေရတတ်ပါတယ်။ ကျန်းမာရေးကတော့ ကိုယ်ခံအား ကောင်းနေမဲ့ ကာလဖြစ်တာကြောင့် ကျန်းမာရေး အားနည်းသူတောင် ထူထူထောင် ဖြစ်လာပါလိမ့်မယ်။

အချစ်ရေးအတွက် စိတ်ညစ်ရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ သောက ကင်းပါလိမ့်မယ်။ မိသားစု ပြဿနာတွေ ရှိရင်ပြေလည်အောင် ဖြေရှင်းနိုင်ပါလိမ့်မယ်။ ပညာရေး ကံကောင်းနေချိန် ပါပဲ။

အကျိုးပေးဂဏန်း 2/ 6 /5
အထူးဟော အလုပ်တွေ ချဲ့ထွင် တိုးတတ်ပါလိမ့်မယ်။
ယတြာ သရက်သီးဖျော်ရည် ဘုရားကပ်လှူလိုက်ပါ။

စနေ

စိတ်ချမ်းသာ ရပါလိမ့်မယ်။ လူအများနဲ့ လုပ်ကိုင်ခြင်းထက် မိမိ တစ်ဦးတစ်ယောက်ထဲ ကြံစည်လုပ်ကိုင်ခြင်းက ပိုမို တိုးတတ်ပါလိမ့်မယ်။ငွေကံကောင်း ပါလိမ့်မယ်။ ရှာလို့ဖွေလို့ ကောင်းတဲ့ကာလပါပဲ။ ကုန်တော့ မလှောင်ပါနဲ့။ ရင်းနှီးမြုပ်နှံမှုတွေကိုလဲ ရှောင်လိုက်ပါ။

အလုပ်တွေ အကိုင်တွေက အဆင်ပြေမဲ့ နေ့ရက်တွေပါပဲ။ ဒါပေမဲ့ မိသားစု လုပ်ငန်းများ၊ အိမ်တွင်းစီးပွားရေးများ အခက်အခဲတွေ များနေတတ်ပါတယ်။ ဝေးကွာနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေ နဲ့ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ ခရီးသွားရဖို့ အကြောင်းဖန် လာတတ်ပါတယ်။ ကောင်းသော ခရီးတွေလဲ ဖြစ်ပါလိမ့်မယ်။

ကျန်းမာရေးကတော့ ဒီကာလမှာ တရှောင်ရှောင် ဖြစ်လွယ်ပါတယ်။ ဖြစ်ခဲ့ဖူးတဲ့ ရောဂါဟောင်းတွေ ပြန်ပေါ်လာတတ်ပါတယ်။ အရေပြားရောဂါများ သတိထားသင့် ပါတယ်။ ဒီကာလမှာ ONLINE စီးပွားရေးများ၊ သတင်းနှင့် စာပေမီဒီယာ လုပ်ငန်းများ တိုးတတ်ပါလိမ့်မယ်။

အချစ်ရေး ကိစ္စတွေမှာတော့ ထင်ထားသည်ထက် ပိုမို တိုးတတ်လာ နိုင်ပါလိမ့်မယ်။အိမ်ထောင်ရေးကံ ညံ့ပါတယ်။ တကျက်ကျက်ပါပဲ။ ပညာရေး ကိစ္စတွေမှာတော့ ကြိုး စားသမျှအရာမထင် ဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း 7/ 0/ 5
အထူးဟော အိမ်တွင်းရေး အပူတွေ့မည်။
ယတြာ ဒိန်ချဉ် ဘုရားကပ်လှူလိုက်ပါ။

၇ ရက်သားသမီး အပေါင်း ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )