You are here
Home > Uncategorized > ဆရာလေးဘဝနဲ့ သက်ကြီးရွယ်အိုတွေအတွက် လိုအပ်တဲ့အကူအညီတွေကို ဆောင်ရွက်ပေးခဲ့တဲ့နန်းစန္ဒာလှထွန်း

ဆရာလေးဘဝနဲ့ သက်ကြီးရွယ်အိုတွေအတွက် လိုအပ်တဲ့အကူအညီတွေကို ဆောင်ရွက်ပေးခဲ့တဲ့နန်းစန္ဒာလှထွန်း

သရုပ်ဆောင် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ ချစ်စရာကောင်းပြီး ဖြူစင်ရိုးသားတဲ့ ရှမ်းတိုင်းရင်းသူလေးတစ်ဦး ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ နန်းစန္ဒာလှထွန်းက လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေ အများကြီး ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အခုလည်း နန်းပါဝင်သရုပ်ဆောင်ထားတဲ့ ” ဝင်္ကပါရှင်းတမ်း ” ဇာတ်လမ်းတွဲလေးက MRTV-4 မှာ ထုတ်လွှင့်ပြသနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ နန်းက သူမချစ်ရတဲ့မေမေနဲ့အတူ သီလရှင်ဆရာလေးအဖြစ် အေးချမ်းစွာ တရားအားထုတ်နေတာ ဖြစ်ပါတယ်။ ဆရာလေး စရဏကာမီ အဖြစ် သာသနာ့ဘောင်ကို ခဏတာ ဝင်ရောက်နေတဲ့ နန်းရဲ့ပုံရိပ်လေးတွေက မြင်ရသူတိုင်းရဲ့ရင်ကို ပီတိဖြစ်စေခဲ့ပါတယ်။ အခုလည်း နန်းက ဆရာလေးဝတ်နဲ့ ဘုရားဖူးသွားရင်း ကြုံတိုင်းကြုံခိုက်မှာ မွန်မြတ်တဲ့ကုသိုလ်တစ်ခုကို ပြုလုပ်နိုင်ခဲ့တဲ့အကြောင်း ပြန်လည်ပြောပြထားပါတယ်။

ဆရာလေးက ” လူဝတ်မလဲခင် နောက်ဆုံးနေ့မှာ အဖြစ်ချင်ဆုံး ဆန္ဒတွေထဲက တစ်ခုကို လုပ်ခွင့်ရခဲ့တယ် .. သာသနာပြုရင်းဘုရားဖူး အရမ်းသွားချင်ခဲ့တာ … အဲ့ထဲမှာ လူဝတ်နဲ့တုန်းက ပိုက်ဆံမဟုတ်ပဲ ဆရာလေးဖြစ်မှ ရတဲ့ ဝတ္ထုငွေနဲ့လည်း ရွှေသင်္ကန်းကပ်ခဲ့ရတယ် … ပြန်အဆင်းမှာ သူများကုသိုလ်ပြုလို့ ဘုရားဖူးရောက်လာတဲ့ အရမ်းအသက်ကြီးနေပြီဖြစ်တဲ့ ဘုန်းဘုန်းတစ်ပါးရယ် ဘိုးဘိုးတစ်ယောက်ရယ် လှေကားရင်းမှာ အရမ်းမောပြီး ဆက်မလျှောက်နိုင်တော့တာတွေ့လို့ အသွားပြန်ထမ်းစဉ် ကာလဒါနအနေနဲ့ထပ်ဆင့်ဒါနပြုခဲ့တယ် ..ဆရာလေးတို့ကို သာဓုခေါ်ဆုတောင်းပေးပြီး ထမ်းစဉ်ပေါ်တက်လိုက်သွားတဲ့ မြင်ကွင်းက ရင်ထဲမှာဆို့ပြီး အခုထိစွဲကျန်နေတုန်းပဲ … တစ်ကယ်လိုအပ်နေတဲ့အချိန်မှာ ကူညီပေးနိုင်ခဲ့လို့ အရမ်းလည်းဝမ်းသာမိတယ် … ၇ရက်သားသမီးများအတွက်လည်းဆုတောင်းမေတ္တာ ပို့သခဲ့တယ် ” ဆိုပြီး ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

Source:Nan Sandar Hla Htun;

“Myanmarload

Share From Lovely Myanmar

Top
//sotchoum.com/4/3018672