သား၊သမီးတွေရဲ့ Birthday surprise လေးကြောင့်ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ ပိုင်ဇေရဲထွန်းရဲ့ဇနီးချောလေး ဇင်သဲနိုင်ရဲ့ Video လေး

တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားများထဲတွင် မင်းသားချောလေးပိုင်ဇေရဲထွန်းလည်း အပါအဝင်ပဲဖြစ်ပါတယ်။ သူဟာ တစ်ခေတ်တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့ကြားမှာ ရေပန်းစားလူကြိုက်များလှတဲ့ မင်းသားတစ်လက်ပါ။ သူဟာ အနုပညာလှုပ်၇ှားမှုတွေမရှိတော့သော်လည်း ပရိသတ်တွေကတော့အားပေးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။

သူဟာ လက်ရှိမှာတော့ ဇနီးချောလေးဇင်သဲနိုင်နှင့်အတူ သား၊သမီးများနဲ့ပျော်ရွှင်သာယာသော မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်ထားတာပါ။ ပရိသတ်တွေကလည်း သူတို့မိသားစုလေးကို အားကျနေကြတာပါ။ သူ့ရဲ့ကလေးတွေဟာလည်း အဖေ၊အမေတူလေးတွေဖြစ်ပြီး ချစ်စရာကောင်းလွန်းနေကြတာပါ။ ဇနီးချောလေးဟာလည်း မိခင်တာဝန်ဝတ္တရားကိုလည်းအပြည့်အဝကျေပွန်တဲ့အပြင် စီးပွားရေးမှာလည်းအောင်မြင်နေသောသူတစ်ယောက်ဖြစ်ပါတယ်။

ဒီနေ့လေးကတော့ ပိုင်ဇေရဲထွန်းရဲ့မဟေသီ ဇင်သဲနိုင်ရဲ့ ၃၂ နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သူမရဲ့မွေးနေ့လေးကို ချစ်ရတဲ့ သား၊သမီးတေက ည ၁၂ နာရီမှာ birthday surprise လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့မထင်မှတ်ထားလောက်အောင် surprise လုပ်ပေးမှုကြောင့်မေမေဇင်သဲနိုင်ကတော့ ကြည်နူးပီတိဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မွေးနေ့ Surprise video လေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်

Source – Zin Thae Naing