ကမ္ဘောဒီးယားနိုင်ငံက ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိနေတဲ့ အိချောပို


အနုပညာပျိုးခင်း ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ အိချောပိုကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့အတူ ပရိသတ်ရင်ထဲ အရောက်လှမ်းလာနိုင်ခဲ့သူပါ။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးနေရတဲ့ အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်နေပါတယ်။ မင်းသမီးလေး အိချောပိုဟာ သရုပ်ဆောင်ပညာရပ်မှာလည်း တော်သလို သူမရဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်အလှက ပရိသတ်တွေကြား ရေပန်းစားစရာတစ်ခုဖြစ်လာခဲ့ပါတယ်။

ခန္ဓာကိုယ်အလှကိုပေါ်လွင်စေတဲ့ ဝတ်စားဆင်ယင်မှုတွေကို အမြဲလိုလို ဝတ်ဆင်လေ့ရှိပြီး မြန်မာအင်္ကျီလေးတွေကိုလည်း နှစ်သက်မြတ်နိုးသူတစ်ဦးဖြစ်ပါတယ်။ မကြာမီအချိန်ကာလက ကျင်းပခဲ့တဲ့ နှစ်သစ်ကူး အတာသင်္ကြန်ပွဲမှာလည်း အိချောပိုတစ်ယောက် သူမရဲ့ အမိုက်စားကောက်ကြောင်းတွေကို ပေါ်လွင်စေတဲ့ ဝတ်စားဆင်ယင်မှုနဲ့အတူ ပရိသတ်တွေကို ဖျော်ဖြေခဲ့တာတွေ့ရပါတယ်။

ထိုဖျော်ဖြေပွဲမှာ ဝတ်စားထားတဲ့ ဝတ်ဆင်မှုနဲ့အတူ သူမရဲ့ခန္ဓာကိုယ်လှပမှုဟာ ပရိသတ်တွေကြား ချီးကျူးဖွယ်ရာတစ်ခုဖြစ်လာပြီး သူမပုံတွေကို လူမှုကွန်ယက်ပေါ်မှာလည်း ကြိုက်နှစ်သက်လို့ ရှယ်လုပ်သူတွေ များပြားခဲ့ပါတယ်။ အိချောပိုရဲ့ ဘော်ဒီကောက်ကြောင်းအလှဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပရိသတ်တွေတင်မကဘဲ နိုင်ငံရပ်ခြားက ပရိသတ်တွေထိပါ ရောက်ရှိသွားတာကိုလည်းတွေ့ရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ GAHD ဆိုတဲ့ ပေ့ခ်ျတစ်ခုကနေပြီး အိချောပိုရဲ့နှစ်သစ်ကူးဖျော်ဖြေမှုက ပုံရိပ်တွေကို တင်လိုက်တဲ့နောက်မှာတော့ ကမ္ဘောဒီးယားနိုင်ငံက ပရိသတ်တွေက သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလှပမှုကို စိတ်ဝင်တစားဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အလှကို ကြိုက်နှစ်သက်သူတွေနဲ့ အားကျသူတွေ များစွာကို မှတ်ချက်မှာတွေ့ခဲ့ရပြီး မျှဝေသူ ၃၃၀၀၀ နီးပါးရှိခဲ့တာဖြစ်ပါတယ်။

အိချောပိုတစ်ယောက်ရဲ့ နိုင်ငံရပ်ခြားအထိပါ အောင်မြင်မှုရရှိနေတဲ့ ဘော်ဒီကောက်ကြောင်းအလှတွေကို ပရိသတ်ကြီးအတွက် ထပ်မံဖော်ပြပေးလိုက်ပါတယ်။

Source : We Love Cele