.အေလးခ်ိန္ေပါင္ ၆၆၀ ရွိ ေရေပၚေပါေလာ စံျမန္းတဲ့ တန္ခိုးႀကီး ေၾကသြန္း ဗုဒၶဆင္းတုေတာ္ (႐ုပ္သံ)

ထိုင္းနိုင္ငံက ေရွးေဟာင္း ေၾကးသြန္း ဗုဒၶ႐ုပ္ပြားေတာ္ တစ္ဆူဟာ အေလးခ်ိန္ ေပါင္ ၆၆၀ ရွိေပမယ့္ ထူးဆန္းစြာ ေရေပၚမွာ ပက္လက္အေနအထားျဖင့္သာ ေပါေလာေပၚၿပီး စံျမန္းေတာ္မူေနတာေၾကာင့္ တန္းခိုးႀကီး႐ုပ္ပြားေတာ္တစ္ဆူအျဖစ္ လာေရာက္ဖူးေမၽွာ္သူေတြ မ်ားျပားလၽွက္ရွိပါတယ္။

ဒီ႐ုပ္ပြားေတာ္ႀကီးဟာ ထိုင္းနိုင္ငံအလယ္ပိုင္း အန္ေထာင္းအရပ္ရွိ “တန္ခ်တ္ခ်ိဳ” ဘုန္းႀကီးေက်ာင္းမွာ စံျမန္းလၽွက္ရွိပါတယ္။ ႐ုပ္ပြားေတာ္ႀကီးဟာ ဘုန္းႀကီးေက်ာင္းမွာ ရွိေနခဲ့တာ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ခဲ့ၿပီး သမိုင္းေၾကာင္းေတာင္ သိတဲ့သူမရွိဘူးလို႔ အဆိုပါဘုန္းႀကီးေက်ာင္းမွ အသက္ ၅၇ ႏွစ္အရြယ္ ဘုန္းေတာ္ႀကီး “ပီရြန္နင္ပရာဆဒ္” က ဆိုပါတယ္။

ေရွးေဟာင္းေၾကးသြန္း႐ုပ္ပြားေတာ္ျမတ္ႀကီးဟာ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ေနတဲ့ ႐ုပ္တုႀကီးျဖစ္သလို အေလးခ်ိန္ ေပါင္ ၆၆၀ ရွိတဲ့အျပင္ ႐ုပ္တုရဲ့ ေနရာအႏွံ့မွာလည္း အေပါက္ေလးေတြ မ်ားစြာရွိေနတဲ့အတြက္ ပုံမွန္ဆိုရင္ ေရေပၚမွာ ေပါေလာေပါနိုင္စရာအေၾကာင္းကိုမရွိဘူးလို႔ ဘုန္းေတာ္ႀကီးက မိန႔္ပါတယ္။

ထူးဆန္းတာကေတာ့ ဘုန္းႀကီးေက်ာင္းရဲ့ ႏွစ္ပတ္လည္အခမ္းနားတစ္ခုမွာ ေက်ာင္းမွာရွိတဲ့ ႐ုပ္ပြားေတာ္ေတြကို အပူေဇာ္ခံဖို႔ သယ္ယူခဲ့ရာမွာ အဆိုပါ ေၾကးသြန္း႐ုပ္ပြားႀကီးလည္း တစ္ဆူပါဝင္ခဲ့ပါတယ္။ အားေကာင္းေမာင္းသန္ လူ ၄ ဦး ထမ္းထုတ္လာရတဲ့ ႐ုပ္ပြားေတာ္ျမတ္ကို ေရကန္အလယ္မွာ မတ္ရပ္အေနအထား ေနရာခ်ခဲ့ရာမွာ ဘယ္လိုမွ တည္ၿငိမ္ေအာင္ ေထာင္ထားလို႔ မရခဲ့ပါဘူး။

ေနာက္ဆုံးမွာေတာ့ မတ္ရပ္မရလည္း လွဲရက္ပဲထားလိုက္ရာမွာ ႐ုပ္ပြားေတာ္ႀကီးက ေရထဲကို လုံးဝနစ္ျမဳတ္မသြားပဲ ေပါေလာေမ်ာေပၚေနတာကို အံ့ၾသထူးဆန္းစြာ ေတြ႕ခဲ့ရပါတယ္။

အဲဒီအခ်ိန္ကစလို႔ ေဒသခံေတြက ထူးျခားတဲ့ တန္းခိုးရွိတယ္လို႔ ယုံၾကည္ၿပီး ကိုးကြယ္လာၾကရာကေန အျခားေနရာအသီးသီးက ဗုဒၶဘာသာဝင္ေတြလည္း တန္ခိုးႀကီးတဲ့ ေပၚေလာေပၚ႐ုပ္ပြားေတာ္ျမတ္ႀကီးကို လာေရာက္ဖူးေမၽွာ္ပူေဇာ္ၾကေၾကာင္း သိရွိရပါတယ္။

CRD-popolay

 

UNICODE

ထိုင်းနိုင်ငံက ရှေးဟောင်း ကြေးသွန်း ဗုဒ္ဓရုပ်ပွားတော် တစ်ဆူဟာ အလေးချိန် ပေါင် ၆၆၀ ရှိပေမယ့် ထူးဆန်းစွာ ရေပေါ်မှာ ပက်လက်အနေအထားဖြင့်သာ ပေါလောပေါ်ပြီး စံမြန်းတော်မူနေတာကြောင့် တန်းခိုးကြီးရုပ်ပွားတော်တစ်ဆူအဖြစ် လာရောက်ဖူးမျှော်သူတွေ များပြားလျှက်ရှိပါတယ်။

ဒီရုပ်ပွားတော်ကြီးဟာ ထိုင်းနိုင်ငံအလယ်ပိုင်း အန်ထောင်းအရပ်ရှိ “တန်ချတ်ချို” ဘုန်းကြီးကျောင်းမှာ စံမြန်းလျှက်ရှိပါတယ်။ ရုပ်ပွားတော်ကြီးဟာ ဘုန်းကြီးကျောင်းမှာ ရှိနေခဲ့တာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး သမိုင်းကြောင်းတောင် သိတဲ့သူမရှိဘူးလို့ အဆိုပါဘုန်းကြီးကျောင်းမှ အသက် ၅၇ နှစ်အရွယ် ဘုန်းတော်ကြီး “ပီရွန်နင်ပရာဆဒ်” က ဆိုပါတယ်။

ရှေးဟောင်းကြေးသွန်းရုပ်ပွားတော်မြတ်ကြီးဟာ နှစ်ပေါင်းများစွာကြာမြင့်နေတဲ့ ရုပ်တုကြီးဖြစ်သလို အလေးချိန် ပေါင် ၆၆၀ ရှိတဲ့အပြင် ရုပ်တုရဲ့ နေရာအနှံ့မှာလည်း အပေါက်လေးတွေ များစွာရှိနေတဲ့အတွက် ပုံမှန်ဆိုရင် ရေပေါ်မှာ ပေါလောပေါနိုင်စရာအကြောင်းကိုမရှိဘူးလို့ ဘုန်းတော်ကြီးက မိန့်ပါတယ်။

ထူးဆန်းတာကတော့ ဘုန်းကြီးကျောင်းရဲ့ နှစ်ပတ်လည်အခမ်းနားတစ်ခုမှာ ကျောင်းမှာရှိတဲ့ ရုပ်ပွားတော်တွေကို အပူဇော်ခံဖို့ သယ်ယူခဲ့ရာမှာ အဆိုပါ ကြေးသွန်းရုပ်ပွားကြီးလည်း တစ်ဆူပါဝင်ခဲ့ပါတယ်။ အားကောင်းမောင်းသန် လူ ၄ ဦး ထမ်းထုတ်လာရတဲ့ ရုပ်ပွားတော်မြတ်ကို ရေကန်အလယ်မှာ မတ်ရပ်အနေအထား နေရာချခဲ့ရာမှာ ဘယ်လိုမှ တည်ငြိမ်အောင် ထောင်ထားလို့ မရခဲ့ပါဘူး။

နောက်ဆုံးမှာတော့ မတ်ရပ်မရလည်း လှဲရက်ပဲထားလိုက်ရာမှာ ရုပ်ပွားတော်ကြီးက ရေထဲကို လုံးဝနစ်မြုတ်မသွားပဲ ပေါလောမျောပေါ်နေတာကို အံ့သြထူးဆန်းစွာ တွေ့ခဲ့ရပါတယ်။

အဲဒီအချိန်ကစလို့ ဒေသခံတွေက ထူးခြားတဲ့ တန်းခိုးရှိတယ်လို့ ယုံကြည်ပြီး ကိုးကွယ်လာကြရာကနေ အခြားနေရာအသီးသီးက ဗုဒ္ဓဘာသာဝင်တွေလည်း တန်ခိုးကြီးတဲ့ ပေါ်လောပေါ်ရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမျှော်ပူဇော်ကြကြောင်း သိရှိရပါတယ်။