ရေထဲနှစ်ပြီး ရက်ရက်စက်စက် နှိပ်စက်ခံရတဲ့ ကလေးငယ်အား ကူညီကယ်တင်လိုက်နိုင်ပါပြီ

ရေထဲနှစ်ပြီး ရက်ရက်စက်စက် နှိပ်စက်ခံရတဲ့ ကလေးငယ်အား ကူညီကယ်တင်လိုက်နိုင်ပါပြီ

ရန်ကုန်တိုင်းဒေသကြီးမြောက်ဥက္ကလာပမြို့နယ် (ခ)ရပ်ကွက်မှ ကလေးငယ် မောင်ချစ်မင်းသူအား အသက် (၁)နှစ်နဲ့၉လ အား လူမှု့ဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဖွေးကြည် နှင့် လူကုန်ကူးမှု့တားစီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့ / ဒေါ်နီနီမြင့် (ဦးစီးမှူးအရှေ့ပိုင်းခရိုင်လူမှု့ဝန်ထမ်းဦးစီးဌာန မြောက်ဥက္ကလာပမြို့မရဲစခန်းမှ အမှု့စစ်အရာရှိ ဒုရဲအုပ်အောင်မျိုးလွင် နှင့်(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ ကလေးငယ်အား လူမှု့ဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနသို့လွှဲပြောင်းပေအပ်ကူညီခဲ့ပါသည် ပြစ်မှု့ကျူးလွန်သူများကိုလည်း မြောက်ဥက္ကလာပရဲစခန်းမှ ပ)၇၁၇/၁၉ဖြင့်အရေးယူဆောင်ရွက်ထားပြီး ဖြစ်ပါသည်မကြာခင်တရာရုံးသို့ တရားဆွဲတင် မည်ဖြစ်ပါသည်။

Credit – Htin Lin Aung

က​လေးကို လူကယ်​ပြန်​ဌာနမှ ခေါ်ယူ​စောင့်​​ရှောက်ထာူပြီလို့ လတ်တလောသိရပါတယ်။ က​လေးအမည်​ ​မောင်​ချစ်​မင်းသူ အသက်​က တစ်နှစ်​ နဲ့ ကိုးလ။ က​လေးအား ​ရေ​နွေးပူဖြင့်​ လောင်းထား​တာ ခါးကို ညိုမဲစွဲ​အောင်​ရိုက်​ထား တာတွေလည်း ရှိတယ်ဆိုပြီပုံတွေပါပျံ့နှံ့လာပါတယ်။

မြောက်ဥက္ကလာစည်ပင်ရုံးနောက် ကန်ဘောင်ဘေးကျူးကျော်ရပ်ကွက် ခ ရပ်ကွက် ခ ဈေးဘေး လမ်းတံတား အိမ်ယာ အမြန်ဆုံးအရေးယူပေးပါဆိုပြီလည်း တင်လာကြပါတယ်

အိမ်နီးချင်းမိန်းကလေးတစ်ဦးက အခုလိုတင်ထားပေးပါတယ်

“အိမ်နီးချင်း ကခလေးကိုမတရားနှိပ်ဆတ်ပြီးညှင်းပန်း ရပ်ကွက်လူကြီးတွေကလဲဘာသတင်းမှမကြား သိလ အမှုက မတုန်လှုတ်လို့ ကြည့်မကောင်းလို့ဆက်သွယ်ပေးပြီးကူညီတဲ့သဘောပါပဲရှင်ရှာရှည်ချင်းမဟုတ်သလို အမည်ကြီး လို့ပြောပြချင်းလဲမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ သက်ဆိုင်ရာလူကြီးတွေသာအဲ့ဒိကိစ္စကိုသေချာဖြေရှင်ပါလိမ့်မယ်။ ကြွေနဲ့မဆိုင်ပါဘူး။ မမေးမြန်းပါနဲ့တော့ရှင် ဒါနောက်ဆုံသတင်းပေးချင်းပါပဲရှင် ထက်မပြောပြတော့ပါ

ခလေးရဲ့အခြေနေပါဒါက မန့်မှာVideo တွေတင်ပေးထားပါတယ် စနေနေ့ကဖြစ်တာပါကြည့်ပြီး အိပ်လို့မရပဲ ငိုမိတ်တစ်ကယ်ပါ။ မနက်ကောညရောနှစ်တာပါခလေးကို ဒါကမနက်နှစ်တာနဲ့ရေထဲမထည့်ခင်နှိပ်ဆတ်တဲ့ပုံပါ” လို့ လူမှုကွန်ယက်မှာတင်ထားပါတယ်။

“ညဘက်တောင်ခလေးကို၁ဝနာရီလောက်ထနှစ်သေးတယ်လေ ရိုက်ထားတာတွေခလေးနှုတ်ခမ်းတွေဒဏ်ရာတွေ အိမ်သာရေတွေတိုက်တာတွေအစုံပါပဲ ထက်ပြီူမပြောပြတော့ပါPlz Phမဆတ်ကြပါနဲ့တော့အိမ်ပေါ်ကနေဆင်ရပါလိမ့်မယ် “လို့ လည်းပြောထားပါတယ်

ကလေးငယ်တွေအတွက်ပရဟိတဆောင်ရွက်ပေးနေတဲ့ ကိုဖိုးဇော်လည်းကလေးကိုကယ်တင်နိုင်ဖို့  ကလေးရှိရာကိုသွားရောက်ခဲ့တာလည်းတွေ့ရပါတယ်။

ကိုဖိုးဇော်အွန်လိုင်းမှာတင်ထားတဲ့postအောက်မှာ အိမ်ီးချင်းက အခုလိုမှတ်ချက်ပေးအကူအညီတောင်းတာလည်း တွေ့ရပါတယ်။

အကိုရေတစ်ခုလောက်ပြောပါရစေနော်သူ့အဖေကစစ်ပြေးပါခု ဘုန်ကြီးဝတ်နေပါတယ် သူ့အမေက ထောက်ကျန့်မှော်ဘီ အလည်မှာနေနေပါတယ် စနေနေ့ထဲကဖြစ်တဲ့အမှုပါ ဒါကိုလူကြီူတွေကသွေးအေးလို့ခုလိုfbရောက်မှသာလျှင် ဒီနေ့မှ စစ်ဆေးတာဖြစ်ပါတယ် သွေးပူကြတာဒီနေ့မှပါ မအေကလဲမပြောရဲပါဘူး ခလေးကိုသူတို့အဖွားက ပြန်မပေးတာလေ ခနခနလာတောင်းတယ်အဖွားတွေကခလေးကိုသူ့ဘာသာသူကျောက်ဆည်တဲ့ကြသေတဲ့အကွက်လုပ်တာလူတိုင်းသိနေပါတယ်လေဒါကြောင့်မို့ထိရောက်စွာအရေးယူပေးကြပါ  လို့ လည်းအကူညီတောင်းထားတာတွေ့ရပါတယ်

Video ကြည့်ရန်

နောက်ဆက်တွဲသတင်းများဆက်လက်ဖော်ပြပေးပါမည်

Credit – Kumudra