
အောင်မြင်နေတဲ့ အနပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ပိုပိုကတော့ အချစ်သီချင်းတွေနဲ့ ပရိသတ်ရင်ထဲရောက်ရှိလာသူလေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော်လေးပိုပိုကတော့ ယခုမှာ ပရိသတ်တွေတခဲနက်အားပေးမှုကို ရရှိနေတဲ့အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်တွေအသည်းစွဲအားပေးချစ်ခင်ရတဲ့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။
လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ တေးသံရှင်ပိုပိုနဲ့ သူမရဲ့ချစ်သူကောင်လေး သူရိန်ကျော်တို့ ချစ်သူနှစ်ဦးရဲ့ သတင်းလေးဟာ ပရိသတ်တွေကြားမှာ အရမ်းစိတ်ဝင်စားမှုမြင့်တက်နေတာတွေ့ရပါတယ်။ သူတို့ချစ်သူနှစ်ဦးကတော့ စကားပြောတာလေးတွေကအစ ရိုမန်တစ်ဆန်လှတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းချစ်ကြတာကြောင့် ပရိသတ်တွေလည်း သူတို့ချစ်သူစုံတွဲလေးကို အားကျနေကြတာပဲ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ အနေဝေးနေကြသော်လည်း တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပဲ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ အချစ်ခရီးလမ်းလေးကိုလျှောက်လှမ်းနေကြတာပါ။ အခုတစ်ခေါက်မှာလည်း သူမရဲ့ရည်းစားလေး ကိုဗေဒင်ဆရာက ကျန်းမာရေးချူချာမယ်လို့ဟောထားတာကြောင့် ကျန်းမာရေးကောင်းစေရန်အတွက် ခွေးလေးတွေကိုဆိတ်ကလီစာနဲ့ထမင်းကျွေးခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ချစ်သူဟာလည်း ပိုပိုရဲ့ဒီလိုအပြုအမူလေးတွေကြောင့်ပိုပိုပြီးအချစ်တိုးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သူတို့အတွဲလေးကိုအားကျနေကြပြီမလား………
credit – myanmarload
Share From Lucky Myanmar