အနုပညာနဲ့ဝေးနေလို့ ကင်မရာရှေ့မှာတောင် ကြောက်နေတယ်ဆိုတဲ့ ရတနာခင်

တခေတ်တခါက နာမည်ကြီးခဲ့ပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသမီးတယောက်ဖြစ်တဲ့ ရတနာခင်ကိုတော့ ပရိသတ်တွေလည်း သိကြမယ် ထင်ပါတယ်။ ရတနာခင်ကတော့ လက်ရှိမှာ အနုပညာလောကနဲ့ အဆက်သွယ်ပြတ်နေတာ တော်တော်လေးကို ကြာလှပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့အနေနဲ့ မီဒီယာပေါ်မှာ အင်တာဗျူးတွေကို ပြန်လည်ဖြေကြားလာပြီး သူ့အနေနဲ့ အနုပညာလုပ်ငန်းတွေ ပြန်လုပ်ဖို့တော့ မရှိတော့ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

မင်းသမီးရတနာခင်ကတော့ We နဲ့ အင်တာဗျုးတွင် ပရိသတ်တွေ ရုပ်ရှင်ပြန်ရိုက်ဖို့ မျှော်လင့်နေကြတဲ့ အပေါ်မှာတော့ “ပြန်တော့ မရိုက်ရဲသေးဘူး။ ကင်မရာရှေ့မှာ အိုက်တင်လုပ်ရမှာတောင် ကြောက်နေတယ်။ အနုပညာလုပ်ငန်းတွေ လုပ်ရင်းနားလိုက်တဲ့သူတိုင်းတော့ ဒီလိုမျိုး ဖြစ်ကြမှာပဲလေ။ ပြန်လုပ်ပြီးတော့ နာမည်မကြီးချင်ဘူး။ မင်းသမီးတယောက်အနေနဲ့ ပရိသတ်ရှေ့မှာ နာမည်ကြီးပြီး ပေါ်ပြူလာဖြစ် ပြန်လုပ်ချင်တဲ့စိတ်ကြီး မရှိတော့ဘူး။

အဲ့လိုမလုပ်ပေးမယ့်လည်း အမရဲ့ ပရိသတ်တွေက ချစ်ကြတယ်။ အမရဲ့ ပေ့ခ်ျမှာဆို Follower တွေ ရှိတယ်ပေါ့။ တရက်တရက် တက်လာတယ်။ အမဘာပုံပဲ တင်တင်။ အဲ့လိုအနုပညာပြန်မလုပ်ဘူးဆိုတော့လည်း တချို့ပရိသတ်တွေက ဝမ်းနည်းကြပါတယ်။ အခုက အသစ်သစ်တွေလည်း အများကြီး ရှိတယ်လေ။ သူတို့လေးတွေကိုလည်း နေရာပေးရဦးမယ်။ အမလုပ်ဖြစ်မယ်ဆိုလည်း အမအတွက် အမှတ်တရအနေနဲ့ တကားနှစ်ကားလောက်ပဲ ရိုက်မှာပါ။ နာမည်ကြီးချင်တဲ့ စိတ်နဲ့ အမပြန်လုပ်မှာ မဟုတ်ပါဘူး”

အရင်ခေတ်နဲ့ အခုခေတ်ရုပ်ရှင်လောက ကွာခြားချက်နဲ့ ပတ်သက်ပြီး “အရင်ကတော့ ဗီဒီယိုတွေ VCD တွေ ခေတ်ကောင်းတာပေါ့။ ဒါပေမယ့်လည်း ရုပ်ရှင်ကြီးတွေ ခေတ်မကောင်းပါဘူး။ ရုပ်ရှင်ကြီးရိုက်ဖို့ ရုံရှားတယ်။ ဈေးကကြီးတယ်။ပြီးတော့ နာမည်ကြီးတဲ့ သူတွေပဲ ရိုက်ရတာ များတယ်။ အမတို့ခေတ်မှာတော့ အမတို့က ဂျူနီယာဆိုတော့ ရုပ်ရှင်ရိုက်ဖို့ အခွင့်ရေးနည်းတယ်။ ဒီဖက်ခေတ်မှာတော့ ရုပ်ရှင်ခေတ်ကောင်းတယ်။

ဗီဒီယိုခေတ် မကောင်းတော့ဘူး။ အဲ့လိုတော့ မဖြစ်စေချင်ပါဘူး။ မျှမျှတတလေးတွေ ဖြစ်စေချင်ပါတယ်။ ရုပ်ရှင်လောကသားတွေအနေနဲ့လည်း ချို့ယွင်းတာတွေ ကျန်းမာရေးအခြေနေ မကောင်းတာတွေ မြင်ရတော့ စိတ်မကောင်းဘူး။ အမအနေနဲ့လည်း သူတို့အတွက် ပရဟိတတခုလုပ်ဖို့ စဉ်းစားနေပါတယ်” လို့ ပြောကြားသွား ခဲ့ပါတယ်။

Share From nanmalgyi