
နိုင်ငံကျော် သရုပ်ဆောင်အဆိုတော်မလေး ချစ်သုဝေဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာအလုပ်တွေထက် လက်ရှိမှာ ချစ်စရာသမီးလေး နှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ကို အချိန်ပေးရင်း မိသားစုလေးနဲ့ အတူဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေက လွန်ခဲ့တဲ့ ရက်ပိုင်းက သမီးလေးနှစ်ယောက်နဲ့အတူတူ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို သွားရောက်လည်ပတ်ခဲ့တာပဲ ဖြစ်ပါတယ်။
ချစ်သုဝေက ကိုရီးယားမှာ လည်ပတ်ရင်း ဝတ်ခဲ့တဲ့ ဖက်ရှင်တွေကလဲ လုံးဝကို Trend နဲ့အမှီ ချစ်စရာကောင်းအောင် ဝတ်စားဆင်ယင်ထားတာကို တွေ့ရပါတယ်။
ချစ်သုဝေက “ကတိ” ဆိုတဲ့ အယ်လ်ဘမ်လေးကို ထွက်ရှိခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြားရရှိထားတာဖြစ်ပါတယ်။
ချင်းရိုးရာ အဆင်ဝတ်စုံလေးနဲ့ လှနေတဲ့ ချစ်သုဝေ
ချစ်သုဝေက “koreaက အိုပါးတို့က coatလေးတွေ လှလို့ ဘယ်ကဝယ်ပါသလဲဟု မေးသောအခါတွင် ကိုယ်တို့ မြန်မာနိုင်ငံက ကိုယ့် designerနှင့် ချုပ်လုပ်ကြောင်း ပျော်ပျော်ကြီးပြောခဲ့ပါသည်လို့…သိပ်သိပ်သိပ်ကို ကြိုက်နေကြ၍ ပုစိလေး koreaမှာ ဆိုင်သွားဖွင့်ပါလားဟုသာ အကြံပေးပြောကြားလိုက်ပါသည်ရှင့်” ဆိုပြီး သူမရဲ့ ဒီဇိုင်နာကို ကျေးဇူုးတင်စကားဆိုထားပါတယ်။
အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ သမီးလေးတွေရဲ့နာမည်နဲ့လည်း ငွေကြေးမတတ်နိုင်တဲ့ ကလးငယ်တွေရဲ့ကျန်းမာရေးအတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားပါသေးတယ်နော်။ ချစ်ပရိသတ်တွေလည်း အရမ်းချစ်ဖို့ကောင်းတဲ့ ခေတ်နဲ့ သစ်လေးတို့ရဲ့ မေမေကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Rowena
Source;Chit Thu Wai’s Facebook
Share From swelsonenews