၂၀၁၉ မွာ ဘဝအေျပာင္းအလဲ ႀကံဳမယ့္ ရာသီဖြားေတြ

နကၡတ္ေဗဒင္ ရာသီခြင္စနစ္အရ ရာသီဖြား (၁၂) ခု ရွိတဲ့အနက္မွာ ၂၀၁၉ ခုႏွစ္ထဲ ဘဝနဲ႔ ခ်ီတဲ့ အေျပာင္းအလဲ ႀကီးႀကီးမားမားေတြ ႀကဳံေတြ႕ရႏိုင္တဲ့ ရာသီဖြား (၅) ခု ရွိပါတယ္။ ဒီရာသီဖြား (၅) ခုအေနနဲ႔ ဘဝမွာ ေနာက္ထပ္ ဒီလို အေျပာင္းအလဲေတြ ထပ္ႀကဳံရဖို႔ ဆိုတာ မလြယ္ေတာ့ပါဘူး။ ဘာေတြဘယ္လိုေတြ ေျပာင္းလဲလာမလဲ ဆိုတာကို ဆက္ၿပီး ေလ့လာၾကည့္ရေအာင္ဗ်ာ။

ၿပိႆရာသီဖြား (ဧၿပီ ၂၀ မွ ေမ ၂၀ အထိ)

ကိုယ့္ရဲ႕ အက်င့္စ႐ိုက္၊ အမူအရာနဲ႔ လုပ္နည္းလုပ္ဟန္အားလုံး အသစ္ စတင္ ေျပာင္းလဲလာႏိုင္ပါတယ္။ အလုပ္မွာ ႀကိဳးစားရင္ ႀကိဳးစားသေလာက္ ေအာင္ျမင္မႈေတြ ပိုရလာမွာ ျဖစ္ၿပီး ေမလနဲ႔ စက္တင္ဘာလေတြမွာ ထင္ရွားတဲ့ ေကာင္းက်ိဳးခ်မ္းသာေတြ ျဖစ္ထြန္းလာႏိုင္ပါတယ္။ ေငြေရးေၾကးေရးပိုင္းမွာကေတာ့ ဧၿပီလနဲ႔ ဇြန္လၾကားမွာ အေကာင္းဆုံး အဆင္ေျပလာမွာ ျဖစ္ပါတယ္။ ၂၀၁၉ အတြင္းမွာ ႏွလုံးသားေရးရာသာမက တျခား ေပါင္းသင္းဆက္ဆံေရး၊ ပူးေပါင္းေဆာင္႐ြက္ေရးေတြမွာပါ ေအာင္ျမင္ၿပီး စိတ္ခ်မ္းသာရပါလိမ့္မယ္။

ေသာ့ခ်က္စကားလုံး – အေျပာင္းအလဲဒဏ္ကို အခံရဆုံး ျဖစ္သလို လူသစ္စိတ္သစ္လည္း ျဖစ္လာပါမယ္။

သိဟ္ရာသီဖြား (ဇူလိုင္ ၂၃ မွ ၾသဂုတ္ ၂၂ အထိ)

၂၀၁၉ မွာ အေျပာင္းအလဲမ်ိဳးစုံကို စတင္ ထိေတြ႕ ခံစားရပါလိမ့္မယ္။ အေျပာင္းအလဲတိုင္းက အေကာင္းခ်ည္းပဲ မဟုတ္ေပမယ့္ ကိုယ့္အတြက္ ေကာင္းဖို႔ ျဖစ္လာတယ္လို႔ ခံယူသင့္ပါတယ္။ အေျပာင္းအလဲေတြကို ခံစားရင္းနဲ႔ ကိုယ္ ဘာလုပ္ခ်င္တယ္၊ ျဖစ္ခ်င္တယ္ဆိုတာကို ပိုနားလည္လာၿပီး ေျပာင္းသင့္ေျပာင္းထိုက္တာေတြကို စတင္ လုပ္ကိုင္မိပါလိမ့္မယ္။ ဇြန္လနဲ႔ ေအာက္တိုဘာၾကားမွာ ကံေကာင္းျခင္းတခ်ိဳ႕ ႀကဳံရမယ္။ ဘဝရဲ႕ တိုးတက္မႈကို ျမင္ေတြ႕ရပါမယ္။ ႏွစ္ဆန္ပိုင္းလေတြမွာေတာ့ လူမႈေရး၊ ႏွလုံးသားေရးနဲ႔ ပတ္သက္လို႔ အေလးထားရပါလိမ့္မယ္။

ေသာ့ခ်က္စကားလုံး – အေျပာင္းအလဲတိုင္းက ေကာင္းဖို႔ပဲ ဆိုတဲ့ စိတ္ကို ႏွလုံးသြင္း လက္ခံလိုက္ပါ။

ကန္ရာသီဖြား (ၾသဂုတ္ ၂၃ မွ စက္တင္ဘာ ၂၂ အထိ)

ကိုယ့္ရဲ႕ ဥခြံေဟာင္းေလးထဲကေန ေဖာက္ထြက္ၿပီး ေလာကသစ္၊ အေတြ႕အႀကဳံသစ္ေတြကို ထိေတြ႕ ခံစားရမယ့္ ႏွစ္ ျဖစ္ပါတယ္။ လုပ္ခ်င္တာ ရဲရဲလုပ္ၿပီး ျဖစ္ခ်င္တာေတြ အားရပါးရ ျဖစ္ၾကည့္လိုက္ပါ။ အေဟာင္းေတြ စြန႔္ၿပီးမွ အသစ္ဆိုတာ ေရာက္လာတာမ်ိဳးပါ။ အခ်စ္ေရးမွာေရာ အလုပ္အကိုင္ စီးပြားေရးေတြမွာပါ တန္ဖိုးရွိတဲ့ မိတ္ဖက္ ပါတနာစစ္ေတြနဲ႔ ေတြ႕ရပါလိမ့္မယ္။ စိတ္ကူးအိပ္မက္ေတြကို ယုံယုံၾကည္ၾကည္နဲ႔ ဖြင့္ထုတ္ လုပ္ကိုင္ၾကည့္မယ္ ဆိုရင္ ဒီႏွစ္က အေကာင္းဆုံးပါပဲ။ ႏွစ္စကေန စက္တင္ဘာအထိ ေအာင္ျမင္ႀကီးပြားမႈကို ေမွ်ာ္လင့္ႏိုင္ပါတယ္။

ေသာ့ခ်က္စကားလုံး – ဒီႏွစ္မွာ သိသာျမင္သာ ေတြ႕ရမွာက ဧရာမ အေျပာင္းအလဲႀကီးေတြပဲ ျဖစ္ပါတယ္။

မကာရရာသီဖြား (ဒီဇင္ဘာ ၂၂ မွ ဇန္နဝါရီ ၁၉ အထိ)

ႏွစ္ဆန္းပိုင္းကာလေတြမွာ ကိုယ့္အနာဂတ္နဲ႔ ပတ္သက္လို႔ စိုးရိမ္မကင္းေတြ ျဖစ္တတ္ေပမယ့္ တကယ္တမ္းမွာ ထင္သေလာက္ မဆိုးဘူးဆိုတာ ေတြ႕ရပါမယ္။ ေမလနဲ႔ ၾသဂုတ္လၾကားမွာ အခက္အခဲေလးေတြ ႀကဳံရပါမယ္။ ဒါေပမယ့္ ဒီႏွစ္မွာ အဆက္အသြယ္ေကာင္းေတြ အမ်ားႀကီးနဲ႔ ခ်ိတ္မိတတ္ၿပီး အခြင့္အလမ္းေတြ အမ်ားႀကီးကို ဖန္တီးႏိုင္ပါလိမ့္မယ္။ ခရီးသြားေနက် လူမ်ိဳးဆိုရင္ သြားရင္းလာရင္း အခြင့္ေကာင္းေတြ ရွာေတြ႕တတ္ပါတယ္။ ဇူလိုင္နဲ႔ စက္တင္ဘာၾကားမွာ ကံအေကာင္းဆုံး ျဖစ္လာႏိုင္ၿပီး အလုပ္ေရာအခ်စ္ေရးမွာပါ ေပ်ာ္႐ႊင္ရပါလိမ့္မယ္။

ေသာ့ခ်က္စကားလုံး – အရင္က ျဖစ္ေနက် မဟုတ္တဲ့ ရဲရင့္သတၱိေတြ ေပၚလာရင္ အဲဒါကို အသုံးခ်လိုက္ပါ။

မိန္ရာသီဖြား (ေဖေဖာ္ဝါရီ ၁၉ မွ မတ္ ၂၀ အထိ)

၂၀၁၉ မွာ ႀကဳံေနက် ျဖစ္ေနက် မဟုတ္တဲ့အရာေတြ အမ်ားႀကီးကို ျမင္ေတြ႕ ျဖတ္သန္းရပါလိမ့္မယ္။ အနားက လူေတြနဲ႔ အဆင္မေျပတာ၊ အသိုင္းအဝိုင္းေဟာင္းနဲ႔ ေဝးကြာတာ၊ ကန႔္လန႔္ ျဖစ္တာမ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။ ႏွစ္စကေန မတ္လအထိမွာ ေနရာသစ္၊ အေတြးအျမင္သစ္ေတြ ေျပာင္းလဲရတတ္ပါတယ္။ ကိုယ့္ရဲ႕ အမူအက်င့္ အေတြးအေခၚေတြလည္း တျဖည္းျဖည္း အသြင္ေျပာင္းလာပါလိမ့္မယ္။ ကိုယ္ ျဖစ္ခ်င္တာအေပၚ သံသယေတြ စိုးရိမ္စိတ္ေတြ ျဖစ္တတ္ေပမယ့္ ရည္မွန္းခ်က္အတိုင္း တေသြမတိမ္း ေလွ်ာက္သြားဖို႔ အႀကံျပဳခ်င္ပါတယ္။

ေသာ့ခ်က္စကားလုံး – ေကာင္းေသာ အေျပာင္းအလဲေတြ ျဖစ္တည္လာပါၿပီ။ လက္ခံ က်င့္သုံးၾကည့္ပါ။

ကဲ … ၂၀၁၉ ထဲမွာ အေျပာင္းအလဲေတြ ျဖစ္လာႏိုင္တဲ့ ရာသီဖြား (၅) ခုအေၾကာင္းကို အေသးစိတ္ တင္ျပၿပီးရင္ ၂၀၁၉ ထဲမွာပဲ လူပ်ိဳ၊ အပ်ိဳဘဝေတြကို စြန႔္လႊတ္ရႏိုင္တဲ့ ရာသီဖြား (၃) အေၾကာင္းကိုလည္း နည္းနည္းေလး ထပ္ ေျပာခ်င္ပါတယ္။ လြတ္လပ္ေပါ့ပါးတဲ့ တစ္ကိုယ္ေတာ္ဘဝကို အၿပီးတိုင္ခဝါခ်ၿပီး အိမ္ေထာင္သည္ဘဝကို လိုလိုခ်င္ခ်င္ ေျပာင္းလဲလာႏိုင္တဲ့ ရာသီဖြား (၃) ခုကေတာ့ ၿဗိစာၦရာသီဖြား ၊ ဓႏုရာသီဖြားနဲ႔ မိန္ရာသီဖြားေတြပဲ ျဖစ္ေၾကာင္းပါဗ်ာ။ အားလုံး ကိုယ့္ကံၾကမၼာကို ႀကိဳတင္ ျမင္ႏိုင္၊ ျပင္ဆင္ႏိုင္သူမ်ား ျဖစ္ၾကပါေစလို႔..။

Credit: ဧက

Unicode

၂၀၁၉ မှာ ဘဝအပြောင်းအလဲ ကြုံမယ့် ရာသီဖွားတွေ

နက္ခတ်ဗေဒင် ရာသီခွင်စနစ်အရ ရာသီဖွား (၁၂) ခု ရှိတဲ့အနက်မှာ ၂၀၁၉ ခုနှစ်ထဲ ဘဝနဲ့ ချီတဲ့ အပြောင်းအလဲ ကြီးကြီးမားမားတွေ ကြုံတွေ့ရနိုင်တဲ့ ရာသီဖွား (၅) ခု ရှိပါတယ်။ ဒီရာသီဖွား (၅) ခုအနေနဲ့ ဘဝမှာ နောက်ထပ် ဒီလို အပြောင်းအလဲတွေ ထပ်ကြုံရဖို့ ဆိုတာ မလွယ်တော့ပါဘူး။ ဘာတွေဘယ်လိုတွေ ပြောင်းလဲလာမလဲ ဆိုတာကို ဆက်ပြီး လေ့လာကြည့်ရအောင်ဗျာ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အထိ)

ကိုယ့်ရဲ့ အကျင့်စရိုက်၊ အမူအရာနဲ့ လုပ်နည်းလုပ်ဟန်အားလုံး အသစ် စတင် ပြောင်းလဲလာနိုင်ပါတယ်။ အလုပ်မှာ ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှုတွေ ပိုရလာမှာ ဖြစ်ပြီး မေလနဲ့ စက်တင်ဘာလတွေမှာ ထင်ရှားတဲ့ ကောင်းကျိုးချမ်းသာတွေ ဖြစ်ထွန်းလာနိုင်ပါတယ်။ ငွေရေးကြေးရေးပိုင်းမှာကတော့ ဧပြီလနဲ့ ဇွန်လကြားမှာ အကောင်းဆုံး အဆင်ပြေလာမှာ ဖြစ်ပါတယ်။ ၂၀၁၉ အတွင်းမှာ နှလုံးသားရေးရာသာမက တခြား ပေါင်းသင်းဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးတွေမှာပါ အောင်မြင်ပြီး စိတ်ချမ်းသာရပါလိမ့်မယ်။

သော့ချက်စကားလုံး – အပြောင်းအလဲဒဏ်ကို အခံရဆုံး ဖြစ်သလို လူသစ်စိတ်သစ်လည်း ဖြစ်လာပါမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အထိ)

၂၀၁၉ မှာ အပြောင်းအလဲမျိုးစုံကို စတင် ထိတွေ့ ခံစားရပါလိမ့်မယ်။ အပြောင်းအလဲတိုင်းက အကောင်းချည်းပဲ မဟုတ်ပေမယ့် ကိုယ့်အတွက် ကောင်းဖို့ ဖြစ်လာတယ်လို့ ခံယူသင့်ပါတယ်။ အပြောင်းအလဲတွေကို ခံစားရင်းနဲ့ ကိုယ် ဘာလုပ်ချင်တယ်၊ ဖြစ်ချင်တယ်ဆိုတာကို ပိုနားလည်လာပြီး ပြောင်းသင့်ပြောင်းထိုက်တာတွေကို စတင် လုပ်ကိုင်မိပါလိမ့်မယ်။ ဇွန်လနဲ့ အောက်တိုဘာကြားမှာ ကံကောင်းခြင်းတချို့ ကြုံရမယ်။ ဘဝရဲ့ တိုးတက်မှုကို မြင်တွေ့ရပါမယ်။ နှစ်ဆန်ပိုင်းလတွေမှာတော့ လူမှုရေး၊ နှလုံးသားရေးနဲ့ ပတ်သက်လို့ အလေးထားရပါလိမ့်မယ်။

သော့ချက်စကားလုံး – အပြောင်းအလဲတိုင်းက ကောင်းဖို့ပဲ ဆိုတဲ့ စိတ်ကို နှလုံးသွင်း လက်ခံလိုက်ပါ။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အထိ)

ကိုယ့်ရဲ့ ဥခွံဟောင်းလေးထဲကနေ ဖောက်ထွက်ပြီး လောကသစ်၊ အတွေ့အကြုံသစ်တွေကို ထိတွေ့ ခံစားရမယ့် နှစ် ဖြစ်ပါတယ်။ လုပ်ချင်တာ ရဲရဲလုပ်ပြီး ဖြစ်ချင်တာတွေ အားရပါးရ ဖြစ်ကြည့်လိုက်ပါ။ အဟောင်းတွေ စွန့်ပြီးမှ အသစ်ဆိုတာ ရောက်လာတာမျိုးပါ။ အချစ်ရေးမှာရော အလုပ်အကိုင် စီးပွားရေးတွေမှာပါ တန်ဖိုးရှိတဲ့ မိတ်ဖက် ပါတနာစစ်တွေနဲ့ တွေ့ရပါလိမ့်မယ်။ စိတ်ကူးအိပ်မက်တွေကို ယုံယုံကြည်ကြည်နဲ့ ဖွင့်ထုတ် လုပ်ကိုင်ကြည့်မယ် ဆိုရင် ဒီနှစ်က အကောင်းဆုံးပါပဲ။ နှစ်စကနေ စက်တင်ဘာအထိ အောင်မြင်ကြီးပွားမှုကို မျှော်လင့်နိုင်ပါတယ်။

သော့ချက်စကားလုံး – ဒီနှစ်မှာ သိသာမြင်သာ တွေ့ရမှာက ဧရာမ အပြောင်းအလဲကြီးတွေပဲ ဖြစ်ပါတယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အထိ)

နှစ်ဆန်းပိုင်းကာလတွေမှာ ကိုယ့်အနာဂတ်နဲ့ ပတ်သက်လို့ စိုးရိမ်မကင်းတွေ ဖြစ်တတ်ပေမယ့် တကယ်တမ်းမှာ ထင်သလောက် မဆိုးဘူးဆိုတာ တွေ့ရပါမယ်။ မေလနဲ့ သြဂုတ်လကြားမှာ အခက်အခဲလေးတွေ ကြုံရပါမယ်။ ဒါပေမယ့် ဒီနှစ်မှာ အဆက်အသွယ်ကောင်းတွေ အများကြီးနဲ့ ချိတ်မိတတ်ပြီး အခွင့်အလမ်းတွေ အများကြီးကို ဖန်တီးနိုင်ပါလိမ့်မယ်။ ခရီးသွားနေကျ လူမျိုးဆိုရင် သွားရင်းလာရင်း အခွင့်ကောင်းတွေ ရှာတွေ့တတ်ပါတယ်။ ဇူလိုင်နဲ့ စက်တင်ဘာကြားမှာ ကံအကောင်းဆုံး ဖြစ်လာနိုင်ပြီး အလုပ်ရောအချစ်ရေးမှာပါ ပျော်ရွှင်ရပါလိမ့်မယ်။

သော့ချက်စကားလုံး – အရင်က ဖြစ်နေကျ မဟုတ်တဲ့ ရဲရင့်သတ္တိတွေ ပေါ်လာရင် အဲဒါကို အသုံးချလိုက်ပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အထိ)

၂၀၁၉ မှာ ကြုံနေကျ ဖြစ်နေကျ မဟုတ်တဲ့အရာတွေ အများကြီးကို မြင်တွေ့ ဖြတ်သန်းရပါလိမ့်မယ်။ အနားက လူတွေနဲ့ အဆင်မပြေတာ၊ အသိုင်းအဝိုင်းဟောင်းနဲ့ ဝေးကွာတာ၊ ကန့်လန့် ဖြစ်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နှစ်စကနေ မတ်လအထိမှာ နေရာသစ်၊ အတွေးအမြင်သစ်တွေ ပြောင်းလဲရတတ်ပါတယ်။ ကိုယ့်ရဲ့ အမူအကျင့် အတွေးအခေါ်တွေလည်း တဖြည်းဖြည်း အသွင်ပြောင်းလာပါလိမ့်မယ်။ ကိုယ် ဖြစ်ချင်တာအပေါ် သံသယတွေ စိုးရိမ်စိတ်တွေ ဖြစ်တတ်ပေမယ့် ရည်မှန်းချက်အတိုင်း တသွေမတိမ်း လျှောက်သွားဖို့ အကြံပြုချင်ပါတယ်။

သော့ချက်စကားလုံး – ကောင်းသော အပြောင်းအလဲတွေ ဖြစ်တည်လာပါပြီ။ လက်ခံ ကျင့်သုံးကြည့်ပါ။

ကဲ … ၂၀၁၉ ထဲမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တဲ့ ရာသီဖွား (၅) ခုအကြောင်းကို အသေးစိတ် တင်ပြပြီးရင် ၂၀၁၉ ထဲမှာပဲ လူပျို၊ အပျိုဘဝတွေကို စွန့်လွှတ်ရနိုင်တဲ့ ရာသီဖွား (၃) အကြောင်းကိုလည်း နည်းနည်းလေး ထပ် ပြောချင်ပါတယ်။ လွတ်လပ်ပေါ့ပါးတဲ့ တစ်ကိုယ်တော်ဘဝကို အပြီးတိုင်ခဝါချပြီး အိမ်ထောင်သည်ဘဝကို လိုလိုချင်ချင် ပြောင်းလဲလာနိုင်တဲ့ ရာသီဖွား (၃) ခုကတော့ ဗြိစ္ဆာရာသီဖွား ၊ ဓနုရာသီဖွားနဲ့ မိန်ရာသီဖွားတွေပဲ ဖြစ်ကြောင်းပါဗျာ။ အားလုံး ကိုယ့်ကံကြမ္မာကို ကြိုတင် မြင်နိုင်၊ ပြင်ဆင်နိုင်သူများ ဖြစ်ကြပါစေလို့..။

Credit:ဧက