ဘုန်းမင်းနေလနဲ့ တွဲနေတယ်ဆိုတဲ့အပေါ် ဖြေရှင်းလိုက်တဲ့ သဇင်ထူးမြင့်

ဟာသအနုပညာရှင်တယောက်ဖြစ်တဲ့ ခင်လှိုင်ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး သဇင်ထူးမြင့်ကိုတော့ ယခုနောက်ပိုင်းမှာ သတိထားမိကြမယ် ထင်ပါတယ်။ သဇင်ထူးမြင့်ကတော့ ပြီးခဲ့တဲ့ အကယ်ဒမီပေးပွဲမှာလည်း ရွှေကြိုအဖြစ်ပါဝင်ခဲ့ပြီး နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားနေတဲ့ ဘုန်းမင်းနေလနဲ့ တွဲပြီးတော့ လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း သူတို့နှစ်ယောက်ကတော့ အတွဲများပြီး အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်လာတာကြောင့် ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကို တွဲနေကြတယ်လို့ မှတ်ချက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သဇင်ထူးမြင့်ကတော့ ဖြေရှင်းထားတာ ဖြစ်ပါတယ်။

ခင်လှိုင်ရဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်ကတော့ Celeyatkwat နဲ့ အင်တာဗျူးမှာတော့ အနုပညာနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်နေလဲဆိုတဲ့ အပေါ်မှာတော့ “အခုတလော သီချင်းတွေ ရိုက်ဖြစ်နေတယ်။ ဓါတ်ပုံတွေ ရိုက်ဖြစ်ပါတယ်”

ရွေကြို မောင်နှမတွေနဲ့ရော တွေ့ဖြစ်သေးလားဆိုတဲ့အပေါ်မှာတော့ “သူတို့နဲ့ တွေ့လည်း ခွီနေရတယ်။ မတွေ့ရလည်း ခွီနေရတယ်။ ဖုန်းနဲ့ဆက်ပြီးတော့လေ။ တွေ့ဖို့လည်း ချိန်းထားကြပါသေးတယ်”

ဘုန်းမင်းနေလနဲ့ဆို ပရိသတ်တွေ သဘောကျကြတဲ့အပေါ်မှာတော့ “ပရိသတ်ကတော့ အားလုံးကို ချစ်ကြပါတယ်။ ဘယ်သူရယ် ဘယ်သူရယ် မဟုတ်ပါဘူး။ ညီမတို့လည်း ဘယ်သူနဲ့ပိုခင်တယ်ဆိုတာ မရှိပါဘူး။ ရွှေကြို ၁၀ ယောက်လုံးက စည်းစည်းလုံးလုံးရှိတယ်ဆိုတာ သိကြပါတယ်။ ညီမတို့ကျတော့ အတွဲအနေနဲ့ လုပ်ထားရတာဆိုတော့ ပရိသတ်တွေကလည်း ပိုသဘောကျတာထင်ပါတယ်”

သူနဲ့လိုက်ဖက်တယ်လို့ ပြောကြတဲ့အပေါ်မှာတော့ “ညီမတို့ကို သဘောကျတယ်ဆိုတော့ ပျော်တာပေါ့နော်။ ဘယ်သူပဲဖြစ်ဖြစ် အောင်မြင်ချင်ကြတဲ့သူတွေပဲလေ။ ညီမဆိုလည်း အရင်ကဘာမှမလုပ်ဘူး။ သူကကျတော့လုပ်နေပြီ။ သူက အသက်ငယ်ပေမယ့် စီနီယာလို့ ပြောလို့ရတယ်။ သူလည်းသူ့အနုပညာနဲ့ ပတ်သက်ပြီး လူတွေရဲ့ အသိအမှတ်ပြုပေးတော့ ပျော်တယ်။ ကောင်းပါတယ်”

ဘုန်းမင်း ရဲ့ ပုံစံနဲ့ ပတ်သက်ပြီး “သူကညီမတို့ကို ဆေးထိုးရရင်ကို ပျော်နေတာ။ သူ့အမတွေ အကိုတွေကို ဆေးထိုးရရင်ကို ပျော်နေတာ။ ချော်လဲလို့ ဒဏ်ရာရရင်တောင် ရီပြီးမှအရင်ထူပေးမယ့်သူမျိုး။ ညီမတို့ကို စနေရရင်ကို သူကပျော်နေတာ”

ဘုန်းမင်းနေလနဲ့တွဲနေတာလားလို့ မေးလာရင် “အဲ့လို Comment တွေ မြင်လာရရင် ညီမတို့ကတော့ ထိုင်ရီတာ။ Group ထဲမှာဆိုရင်လည်း လိုက်စနေကြတာ။ ဒါပေမယ့်လည်း ညီမတို့စိတ်ရင်းကို သိတယ်လေ။ ညီမတို့ကို Support လုပ်ပေးနေတဲ့ Group ကလည်း အမြဲတမ်းလိုလို ဗီဒီယိုလေးတွေ လုပ်ပေးတယ်လေ”

ပရိသတ်တွေကို ဘာပြောချင်လဲဆိုတဲ့ အပေါ်မှာတော့ “အကုန်လုံးဆက်ပြီးတော့ ချစ်ပေးပါ။ ဒီ ၁၀ ယောက်စလုံးကိုပေါ့။ တချို့ပရိသတ်တွေ အထင်လွဲတာတွေရှိပါတယ်။ ဒါတွေကိုလည်း အထင်မလွဲပဲ ဆက်ပြီးတော့ ချစ်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Share From nanmalgyi