သစ်တံခါးဆရာတော်ဘုရားရဲ့မေတ္တာဓာတ်ခံယူရင်း ၇ ကြိမ်မြောက် ညောင် ၁၀ပင်အဓိဌာန်အောင်မြင်ခဲ့ပါတဲ့ ဆုပန်ထွာ

သရုပ်ဆောင်ဆုပန်ထွာကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သရုပ်ချက်အမျိုးမျိုးကို ပိုင်နိုင်ကျွမ်းကျင်တဲ့ အနပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုတည်ဆောက်ထားပြီး သူမရဲ့ ချစ်စရာသားဦးလေးကို ပိုင်ဆိုင်ထားပါတယ်။ သူမရဲ့ သားလေးကြောင့် ချစ်စရာကောင်းတဲ့ အပြုးလေးတွေ ပွင့်လန်းလာနိုင်ခဲ့ပါတယ်။

 
သူမကတော့ ” သစ်တံခါးဆရာတော်ဘုရားရဲ့မေတ္တာဓာတ်ခံယူရင်း . . ၇ ကြိမ်မြောက် ညောင် ၁၀ပင်အဓိဌာန်အောင်မြင်ခဲ့ပါပြီ။ Roar Roar တစ်ဖက်နဲ့မို့ မနက်သွားခါနီးတိုင်း သူနိုးမှာစိုးလို့ အသက်တောင်ပြင်းပြင်းမရှူရဲပဲ ခိုးကြောင်ခိုးဝှက်မရရအောင်ထွက်ရတာလည်း စွန့်စားနည်းတစ်ရပ်လိုပါပဲ။ အဓိဌာန်ဝင်တဲ့ရက်တော်တော်များများ မအေဘေးမရှိလို့ ထွက်ခါနီးတိုင်း အာပြဲနဲ့အော်ဟစ်ငိုလို့ မျက်စိစုံမှိတ်ပြီး ဘုရားတရားအလုပ်လုပ်ရတာလည်း တကယ်တမ်းတော့မလွယ်လှပါဘူး။

ဒယ်ဒယ်ကတော့သူ့သားနိုးသွားတဲ့ရက်ဆို ငိုတဲ့အခါ မာမားပဲ သွားလိုက်တော့ ဒယ်ဒယ် သားသားနဲ့ဖက်အိပ်လိုက်တော့မယ်ဆိုပြီး သူနေခဲ့တာခဏခဏပါ။ ကျေးဇူးပါ ဒယ်ဒယ်

ကုသိုလ်ရေးမို့ဒီအဓိဌာန်ကိုအောင်အောင်ကြိုးစားရပါမယ်။ ၉ မိုင် “စွယ်တော်ဘုရား” မှာ တစ်နေရာတည်းမှာနီးနီးလေး ၉ ပင်၊ ဘုရားရှေ့မှာ ၆ ပင်၊ တော်တော်များများဘုရားမှာ ရှိပါတယ်နော်။

ဒီမနက် ၆:၃၀ ညောင်ပင် ၁၀ပင်အဓိဌာန်စဝင်ပြီး ၁၁:၀၀ မှာ ၁၀ပင်လုံးအဓိဌာန်ပြီးသွားခဲ့ပါတယ်။ဒီနေ့တော့ အစ်ကို Thadtei,ညီမလေး Hsu Paing Win,ညီမလေး May Htut Khaung, Facebook ကနေတွေ့ပြီးအဓိဌာန်တူတူလိုက်လုပ်တဲ့သူငယ်ချင်းအသစ် အစ်မတွေ၊ညီမတွေ နဲ့ပါတူတူအဓိဌာန်လုပ်ဖြစ်ကြပါတယ်။ နာမည်လေးတွေမမှတ်မိတော့ ပုံလေးတွေကွကိုယ် Tag ယူကြပါနော်။ဆိုပြီးရေးသားထားပါတယ်။

source:ဆုပန်ထွာ Credit-myanmarlaod

Share From Lucky Myanmar