ျပည္သူ႔ အကယ္ဒမီ စာရင္းထြက္ေပၚလာျပီ

ျပည္သူေတြက စုေပါင္း ေပးတဲ့ အမွတ္တရ ျပည္သူ႔ အကယ္ဒမီ ဆု ကုိ မၾကာခင္မွာ အပ္ႏွင္း ႏုိင္ေတာ့မယ္လုိ႔ ဆုေပးဖုိ႔ စီစဥ္ ေဆာင္ရြက္ ေနတဲ့ ကုိစုိးသီဟေနာင္ က ဘီဘီစီ ကုိ ေျပာပါတယ္။မုျဒာရဲ႕ ေခၚသံ ကုိ ဖန္တီး ခဲ့တဲ့ ဒါရုိက္တာ ခရစၥတီးနာ ခီ တုိ႔ ဇနီးေမာင္ႏွံ နဲ႔ မီ ရုပ္ရွင္ ဇာတ္လမ္း ကုိ အသက္သြင္း ခဲ့တဲ့ ဒါရုိက္တာ ဏႀကီး နဲ႔ ဇနီး ျဖစ္သူ သရုပ္ေဆာင္ အကယ္ဒမီ ပုိင္ၿဖိဳးသု တုိ႔ကုိ ေပးအပ္ ခ်ီးျမွင့္ သြားမယ္လုိ႔ သိရပါတယ္။

အခု ဆုေပးမယ့္ လူငယ္ေတြဟာ ရုပ္ရွင္ ေလာက ကုိ ေျပာင္းလဲ ႏုိင္စြမ္း ရွိတဲ့ လူေတြ ျဖစ္တာေၾကာင့္ အခုလုိ စုေပါင္း ဂုဏ္ျပဳ ရတာ ျဖစ္တယ္လုိ႔လည္း သူက ေျပာပါတယ္။ေလာေလာဆယ္မွာေတာ့ အခမ္းအနား နဲ႔ ေပးအပ္မလား၊ အိမ္တုိင္ရာေရာက္ ဆုေတြကုိ သြားေရာက္ ေပးအပ္မလား ဆုိတာ ကုိေတာ့ အမ်ားစု ရဲ႕ ဆႏၵ သေဘာအတုိင္း ေဆာင္ရြက္သြားမယ္လုိ႔ ကုိစုိးသီဟေနာင္ က ေျပာပါတယ္။

ၿပီးခဲ့တဲ့ လက ျမန္မာ ႏုိင္ငံ ရုပ္ရွင္ အစည္းအရံုးက လုပ္ခဲ့ တဲ့ အကယ္ဒမီ ဆုေပး ပြဲမွာေတာ့ ဒါရုိက္တာ ခရစၥတီးနား ခီ ေမာင္ႏွံ တုိ႔ ဖန္တီး တဲ့ ‘မုျဒာ ရဲ႕ ေခၚသံ’ နဲ႔ ဒါရုိက္တာ ဏႀကီး ဖန္တီး တဲ့ ‘မီ’ ရုပ္ရွင္ ဇာတ္လမ္းေတြဟာ ဆု ရရွိခဲ့ျခင္း မရွိပါဘူး။ျပည္သူေတြက ဒီလုိ စုပါင္း အကယ္ဒမီ ဆု ေပးတာ ကုိ ဘယ္လုိ သေဘာရပါသလဲ။ ကုိယ့္အေတြး ကုိယ့္အျမင့္ေတြကုိ မွ်ေဝပါဦး။

Source:BBC Burmese

Unicode

ပြည်သူ့ အကယ်ဒမီ စာရင်းထွက်ပေါ်လာပြီ
ပြည်သူတွေက စုပေါင်း ပေးတဲ့ အမှတ်တရ ပြည်သူ့ အကယ်ဒမီ ဆု ကို မကြာခင်မှာ အပ်နှင်း နိုင်တော့မယ်လို့ ဆုပေးဖို့ စီစဉ် ဆောင်ရွက် နေတဲ့ ကိုစိုးသီဟနောင် က ဘီဘီစီ ကို ပြောပါတယ်။မုဒြာရဲ့ ခေါ်သံ ကို ဖန်တီး ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနာ ခီ တို့ ဇနီးမောင်နှံ နဲ့ မီ ရုပ်ရှင် ဇာတ်လမ်း ကို အသက်သွင်း ခဲ့တဲ့ ဒါရိုက်တာ ဏကြီး နဲ့ ဇနီး ဖြစ်သူ သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု တို့ကို ပေးအပ် ချီးမြှင့် သွားမယ်လို့ သိရပါတယ်။

အခု ဆုပေးမယ့် လူငယ်တွေဟာ ရုပ်ရှင် လောက ကို ပြောင်းလဲ နိုင်စွမ်း ရှိတဲ့ လူတွေ ဖြစ်တာကြောင့် အခုလို စုပေါင်း ဂုဏ်ပြု ရတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။လောလောဆယ်မှာတော့ အခမ်းအနား နဲ့ ပေးအပ်မလား၊ အိမ်တိုင်ရာရောက် ဆုတွေကို သွားရောက် ပေးအပ်မလား ဆိုတာ ကိုတော့ အများစု ရဲ့ ဆန္ဒ သဘောအတိုင်း ဆောင်ရွက်သွားမယ်လို့ ကိုစိုးသီဟနောင် က ပြောပါတယ်။

ပြီးခဲ့တဲ့ လက မြန်မာ နိုင်ငံ ရုပ်ရှင် အစည်းအရုံးက လုပ်ခဲ့ တဲ့ အကယ်ဒမီ ဆုပေး ပွဲမှာတော့ ဒါရိုက်တာ ခရစ္စတီးနား ခီ မောင်နှံ တို့ ဖန်တီး တဲ့ ‘မုဒြာ ရဲ့ ခေါ်သံ’ နဲ့ ဒါရိုက်တာ ဏကြီး ဖန်တီး တဲ့ ‘မီ’ ရုပ်ရှင် ဇာတ်လမ်းတွေဟာ ဆု ရရှိခဲ့ခြင်း မရှိပါဘူး။ပြည်သူတွေက ဒီလို စုပါင်း အကယ်ဒမီ ဆု ပေးတာ ကို ဘယ်လို သဘောရပါသလဲ။ ကိုယ့်အတွေး ကိုယ့်အမြင့်တွေကို မျှဝေပါဦး။

Source:BBC Burmese