.ဒီပံုေလးျမင္ေနတာၾကာၿပီ အဓိပါၸယ္ ကို အခုမွ ေကာင္းေကာင္းသိေတာ့တယ္

ပံုထဲက လင္မယား ႏွစ္ေယာက္ကုိ ၾကည့္ပါ…ခင္ပြန္းျဖစ္သူက သူ႕ဇနီးလက္ကုိ ကုိက္ေနတဲ့ ေျမြကုိ မျမင္ဘူး…ထို႔အတူပဲ ဇနီးကလည္း ေက်ာက္တံုးႀကီးခင္ပြန္းအေပၚ ပိေနတာကို မသိျပန္ဘူး…ဇနီးက ထင္မယ္… “ငါ့မွာ ေျမြကုိက္ခံရလို႔ နာက်င္ေနရတယ္… သူ ဘာလို႔ အားကုန္ အေပၚ ဆြဲမတင္ရတာလဲ…” ၊

ခင္ပြန္းအေပၚ ပိေနတဲ့ ဝန္ထုပ္ဝန္ပုိးကုိ သူမ မေတြးမိဘူးေလ…တဖက္မွာ ခင္ပြန္းျဖစ္သူကလည္း “ငါ ဒီေလာက္ အားတင္းၿပီး ဆြဲေပးေနတာကုိေတာင္ သူက ဘာလို႔ အေပၚ ေရာက္လာဖို႔ သိပ္မႀကိဳးစားရတာလဲ??” လို႔ ေတြးေနမယ္…

ဇနီးျဖစ္သူရဲ့ နာက်င္ေနမႈကို သူ မစဥ္းစားမိဘူး…ဒီပံုေလးက တကယ့္ဘဝေတြကို အမ်ားႀကီး ကုိယ္စားျပဳပါတယ္…ေလာကႀကီးထဲမွာ ဒီပံု ထဲကလို စံုတြဲေတြ အမ်ားႀကီး ရွိေနပါတယ္…

တစ္ဖက္ရဲ့ ေပးဆပ္မႈကုိ မျမင္ဘဲ ကိုယ္ေပးဆပ္ေနရတာကိုပဲ ေတြးေန၊ ျမင္ေနရင္ အဲဒီ လက္တြဲမႈရဲ႕ ခုိင္ျမဲမႈဟာ အားနည္းေနမွာပါ…

ဒါေၾကာင့္ ကၽြန္ေတာ္တို႔ ဘဝမွာ ကုိယ့္ရဲ့ လက္တြဲေဖာ္ကုိ ေတြ႕တဲ့အခါ၊ လွ်ိဳ႕ဝွက္ခ်က္ေတြ၊ မာန္မာနေတြ ေဘးဖယ္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ ပြင့္လင္းဖို႔၊ အျပန္အလွန္ နားလည္မႈ ေပးၾကဖို႔ လိုအပ္ပါတယ္…

ဒါမွသာ ခက္ခဲ ၾကမ္းတမ္းတဲ့ ေလာကဒဏ္ၾကားမွာ လက္တြဲၿမဲၿမံစြာနဲ႔ တူတူ ေလွ်ာက္လွမ္းႏုိင္ၾကမွာ ျဖစ္ပါတယ္…

CRD-Dr KST (3.2.19)

 

UNICODE
ဒီပုံလေးမြင်နေတာကြာပြီ အဓိပါ္ပယ် ကို အခုမှ ကောင်းကောင်းသိတော့တယ်

ပုံထဲက လင်မယား နှစ်ယောက်ကို ကြည့်ပါ…ခင်ပွန်းဖြစ်သူက သူ့ဇနီးလက်ကို ကိုက်နေတဲ့ မြွေကို မမြင်ဘူး…ထို့အတူပဲ ဇနီးကလည်း ကျောက်တုံးကြီးခင်ပွန်းအပေါ် ပိနေတာကို မသိပြန်ဘူး…ဇနီးက ထင်မယ်… “ငါ့မှာ မြွေကိုက်ခံရလို့ နာကျင်နေရတယ်… သူ ဘာလို့ အားကုန် အပေါ် ဆွဲမတင်ရတာလဲ…” ၊

ခင်ပွန်းအပေါ် ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးကို သူမ မတွေးမိဘူးလေ…တဖက်မှာ ခင်ပွန်းဖြစ်သူကလည်း “ငါ ဒီလောက် အားတင်းပြီး ဆွဲပေးနေတာကိုတောင် သူက ဘာလို့ အပေါ် ရောက်လာဖို့ သိပ်မကြိုးစားရတာလဲ??” လို့ တွေးနေမယ်…

ဇနီးဖြစ်သူရဲ့ နာကျင်နေမှုကို သူ မစဉ်းစားမိဘူး…ဒီပုံလေးက တကယ့်ဘဝတွေကို အများကြီး ကိုယ်စားပြုပါတယ်…လောကကြီးထဲမှာ ဒီပုံ ထဲကလို စုံတွဲတွေ အများကြီး ရှိနေပါတယ်…

တစ်ဖက်ရဲ့ ပေးဆပ်မှုကို မမြင်ဘဲ ကိုယ်ပေးဆပ်နေရတာကိုပဲ တွေးနေ၊ မြင်နေရင် အဲဒီ လက်တွဲမှုရဲ့ ခိုင်မြဲမှုဟာ အားနည်းနေမှာပါ…

ဒါကြောင့် ကျွန်တော်တို့ ဘဝမှာ ကိုယ့်ရဲ့ လက်တွဲဖော်ကို တွေ့တဲ့အခါ၊ လျှို့ဝှက်ချက်တွေ၊ မာန်မာနတွေ ဘေးဖယ်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းဖို့၊ အပြန်အလှန် နားလည်မှု ပေးကြဖို့ လိုအပ်ပါတယ်…

ဒါမှသာ ခက်ခဲ ကြမ်းတမ်းတဲ့ လောကဒဏ်ကြားမှာ လက်တွဲမြဲမြံစွာနဲ့ တူတူ လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်…

Dr KST (3.2.19)

Share From Global Myanmar Media